NEWS

အလုပ်သမားများအခွင့်အရေးများချိုးဖောက်ခံနေရပြီး နားရက်မရှိ အချ်ိန်ပိုဆင်းပေးနေရ

CoverLogo
663 Views

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် တွင်းသွင်းတိုက်ဝန် ဦးထွန်းညို လမ်းအမှတ်(- )မှာ  ဖွင့်လှစ်ထားတဲ့ YUAN HONG GARMNENT စက်ရုံကအလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရပြီး နားရက်မရှိအချိန်ပိုတွေဆင်းပေးနေရတယ်လို့ သိရပါတယ်။ 

အဆိုပါ စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး တရုတ်နိုင်ငံသားတိုက်ရိုက်အုပ်ချုပ်တဲ့စက်ရုံဖြစ်သလို အလုပ်သမား ၁၀၀၀ ကျော်နဲ့ CLOSSHI၊ BLACK NUMBER၊ တံဆိပ်အမည်ရှိ ဘောင်းဘီ ချုပ်လုပ်နေတဲ့ စက်ရုံတစ်ရုံဖြစ်တယ်လို့ သိရပါတယ်။ 

စက်ရုံမှာ အထည်အော်ဒါများလို့ နေ့ရောညပါ အချိန်ပိုအိုတီ ခေါ်နေတဲ့အပြင် တနင်္ဂနွအပတ်တိုင်း နားရက်မရှိ အချိန်ပိုအိုတီအမြဲဆင်းခိုင်းတာ ၊အချိန်ပိုအိုတီကိုမဆင်းပါက အငြိုးအတေးထားဆက်ဆံခံရ တာ ၊ ကျွမ်းကျင်ကြေးလျော့ချခံရတာတွေ ကြောင့် အခက်အခဲဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေကပြောထားပါတယ်။ 

"ကျွမ်းကျင်ကြေး လျှော့ချလို့ ပြန်ပြောရင် အလုပ်သမားကို အငြိုးအတေးထားတယ်။ HRမန်နေဂျာက လုပ်ငန်းခွင်ထဲရောက်ရင် တနေကုန်အလုပ် ထဲပတ်ကြည့်ပြီး အလုပ်သမားအလုပ်စကားပြောရင် အော်ဟစ်ဆဲဆိုပြီး ဝမ်တိမ်ထိုးခိုင်းတယ်။ ပြန်ပြောတဲ့အလုပ်သမားတွေဆို ဥပဒေမဲ့အလုပ်ထုတ်ပယ်လိုက်တယ်။ လုပ်ငန်းခွင်မှာ တရုတ် နိုင်ငံသားတွေကပဲ အလုပ်သမားတွေကို ကိုယ်တိုင်အုပ်ချုပ်တယ်။ မြန်မာမန်နေဂျာတွေကလဲ မတရားဆဲ ဆို ခိုင်းစေနေပြီး မျက်လုံးဒေါက်ထောက်ကြည့် အလုပ်သမားကို အကျဉ်းသားပုံစံမျိုးဆက်ဆံတယ်"လို့ အလုပ်သမားတွေက ဆိုပါတယ်။ 

ဒါ့အပြင် အလုပ်သမား တွေခံစားခွင့်ရှိတဲ့ ဥပဒေပါ ခွင့်ရက်တွေကိုလည်း အလုပ်ရှင်ဘက်မှခွင့်မပေးဘဲ အလုပ်တစ်ရက်ပျက်လျင် ဒေးကြေး+ထောက်ပံ့ကြေး (၈၅၀၀)ကျပ်၊ ရက်မှန်ကြေး (၃၀၀၀၀)ကျပ်တို့ကို အလုပ်သမားများလစာထဲမှ ဖြတ်တောက်ခံရတာတွေကြောင့် အလုပ်သမား တွေနစ်နာနေကြရတယ်လို့ ဆိုပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ  ဆေးခန်းရှိသော်လည်း ဆေးမရှိခြင်း၊ ချွေးအရမ်းထွက်လို့ဓာတ်ဆား ထုတ်တောင်းလျင် လေးယောက်ပြည့်မှပေးခြင်း၊ အလုပ်သမားများ အလုပ်တက်ချိန်မှာ ၇နာရီခှဲမှ  ညနေ ၆ နာရီထိအလုပ်ဆင်းရခြင်း၊ အော်ဒါအရေးကြီးလျင် ညဘက်၉နာရီထိဆင်းပေးရခြင်း၊ အလုပ်သမားထမင်းစားချိန်ကိုလည်း နှစ်ကြိမ်ခွဲထားပေးခြင်း အချိန်ပြောင်းလဲပေးရန်ပြောသော်လည်း အလုပ်ရှင် ဘက်မှလက်မခံခြင်းစတဲ့ အလုပ်သမားအခွင့်အရေး တွေ ချိုးဖောက်ခံနေရတယ်လို့ ဆိုပါတယ်။ 

အထည်စံချိန်များတောင်းခံရာမှာလည်း finishing ပိုင်းရှိ အလုပ်သမားတစ်ယောက်ကို တနာရီကိုအထည်အရေအတွက် ၅၀ ကျော် မှ ၆၀ ထိပေးရ ခြင်း၊ စက်လိုင်း တစ်လိုင်း ၃၅ယောက်ကျော်ရှိ ပြီး တနာရီ ၄၅ ထည် တောင်းခံနေခြင်းကြောင့် မရနိုင်သောအထည်အရေအတွက်ကို အလုပ်ရှင်မှမတရားတောင်းခံနေတဲ့အတွက် အလုပ်သမားတွေဟာ သေအောင်ချုပ်လုပ်ရခြင်း၊ အလုပ်ရှင်တောင်းခံသော အထည်မရလျင်လည်း စူပါ အောစူပါတွေက ဆဲဆိုအော်ဟစ်နေပြီး အထည်တောင်း ခံနေတယ်လို့ ပြောပါတယ်။ 

လုပ်ငန်းခွင်ထဲတွင်လည်း နေ့စားအလုပ်သမားများကို အလုပ်ရှိရင်ခေါ်ယူခိုင်း စေပြီး အလုပ်မရှိပါက အလုပ် ထုတ်လိုက် ပြီး မည်သည့်ခံစားခွင့်မှမရဘဲ ချိုးဖောက်ခံနေရတာလို့ပြောပါတယ်။ 

အခုလို လုပ်ငန်းခွင် ဆိုင်ရာ အခက်ခဲများကိုဖြေရှင်းပေးဖို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှု လက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) သို့ အကူညီတောင်းခံထားတယ်လို့သိရပါတယ်။ 

အလုပ်သမားတွေအနေနဲ့လည်း အခွင့်အရေးချိုးဖောက်ခံရမှုများစွာကြောင့် အလုပ်သမားများတောင်းဆိုချက်ဖြစ်တဲ့ 

၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော အထည်စံချိန်ကိုသာတောင်းခံရန်။ 

၂။ အလုပ်ရှင်ဘက်မှ စူပါ အောစူပါများ ဆဲဆိုအော်ဟစ်နေပြီး အထည်တောင်းခံနေခြင်း မပြုလုပ်ရန်။ 

၃။ အလုပ်ရှင်ဘက်မှ နေ့စားအလုပ်သမားများကို အလုပ်ရှိရင်ခေါ်လိုက် အလုပ်မရှိရင်အလုပ်ထုတ်လိုက် လုပ်နေခြင်းကိုမပြုလုပ်ရန်။ 

၄။ အလုပ်ရှင်ဘက်မှ တင်ထားသော WCCကို အလုပ်သမားများက အလိုမရှိသောကြောင့် အလုပ်သမားများ ရွေးချယ်သော WCCကိုသာထားရန်။ 

၅။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို တနင်္ဂနွအေပတ်တိုင်း နားရက်မရှိ အချိန်ပိုအိုတီအမြဲဆင်းခိုင်း သည့်အပြင် ညဘက်၉နာရီအထိပါဆင်းခိုင်းနေခြင်းကို မပြုလုပ်ရန်ဆိုတဲ့ တောင်းဆိုချက်တွေကိုပါ 
တောင်းဆိုထားတယ်လို့ သိရပါတယ်။ 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026