မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့ရှိ စိုပြေစတား ရေသန့်စက်ရုံမှ အလုပ်သမားတွေ ပေါ်တာဆွဲခံရတာကြောင့် စက်ရုံပိတ်ထားရတယ်လို့ ၎င်းစက်ရုံပိုင်ရှင်ရဲ့ ပြောကြားချက်အရသိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စက်ရုံရှိ အလုပ်သမားတွေ ဟာ မြို့ထဲသို့ ရေသန့် လိုက်ပို့စဉ်နေ့လည် ၃နာရီ ခန့်မှာ ကားပေါ်မှာ ဆွဲချ ခေါ်ယူသွားတာလို့ စက်ရုံပိုင်ရှင်ကပြောပါတယ်။
" နေ့ခင်း ၃နာရီ လောက်မှာ ရေပို့နေရင်း ပေါ်တာဆွဲခံရပါတယ်အခုထိ လည်း ထုတ်လို့ မရပါဘူး အကြောင်းအမျိုးမျိုးနဲ့
ကျန်တဲ့ဝန်ထမ်းတွေလည်း မထွက်ရဲဘူး ဝန်ထမ်းတွေ ခိုင်းလို့လည်းမရ ခေါ်လို့လည်းမရလို့ စက်ရုံ ပိတ်ထားရပါတယ်။အကုန်လုံးအဆွဲခံနေရတော့ ကျွန်မကလေးတွေ ထပ်အပါမခံနိုင်တော့ဘူး ဒါကြောင့်စက်ရုံ ပိတ်ထားလိုက်ပါတယ်""လို့ စက်ရုံပိုင်ရှင်က သူရဲ့လူမှုကွန်ယက် အကောင့်မှတစ်ဆင့် ပြောထားပါတယ်။
လက်ရှိတွင် စက်ရုံတွင် အလုပ်သမားများ လာရောက်လုပ်ကိုင်ရဲခြင်းမရှိတာကြောင့် စက်ရုံကို ယာယီပိတ်ထားရပြီး အမှာအော်ဒါများကို လည်းမပို့နိုင်သဖြင့် တောင်းပန်ကြောင်း စက်ရုံဘက်မှ ပြောဆိုထားပါတယ်။
""ညပိုင်းမို့ဆွဲတယ်ဆိုမပြောသေးပါဘူး အခုကနေ့လည်သုံးနာရီလောက်ရေပို့နေတုန်း ကားပေါ်ကဆွဲချတာ ကျွန်မတို့က ဘုန်းကြီးကျောင်း ဆေးရုံး စာသင်ကျောင်း အကုန်ရေလှူတယ် အခုတော့ နားထားရတယ် အလုပ်သမားမရှိလို့ ဘယ်မှမပို့နိုင်ဘူး" လို့စက်ရုံဘက်ကပြောပါတယ်။
စက်ရုံဘက်မှ ပေါ်တာဆွဲခံရတဲ့ အလုပ်သမားတွေကို ပြန်လည်ကယ်ထုတ်ရန် ကြိုးစားနေပေမယ့် လက်ရှိအချိန်ထိ ထုတ်လို့မရသေးဘူးလို့သိရကာ အလုပ်သမားတွေရဲ့ ကျန်ရစ် ခဲ့တဲ့ မိသားစု တွေကိုတော့ ထောက်ပံကူညီပေးသွားမယ်လို့ စက်ရုံဘက်မှပြောထားပါတယ်။
စစ်မှုထမ်းဥပဒေ ပြဌာန်း ပြီး နောက် နိုင်ငံတဝှမ်းက လူငယ်တွေကို စစ်ကော်မရှင် လက်အောက်ခံ တပ်ဖွဲ့တွေက အတင်းအဓမ္မ စစ်မှုထမ်း ဖို့ ခေါ်ဆောင်တာတွေ ဖမ်းဆီးပေါ်တာဆွဲတာတွေ ရှိသလို ငွေကြေးအမြောက်များဖြင့် ပြန်လည် ရွေးထုတ်ရတာတွေရှိနေတာကြောင့် ပြည်သူတွေမှာ လုံခြုံမှုမရှိတော့ဘဲ စိုးရိမ်စိတ်ဖြင့် သွားလာနေထိုင်နေရပါတယ်။









