ရန်ကုန်တိုင်း၊ ရွှေပေါက်ကံမြို့နယ်က သန္တာ၁၂လမ်းမှာလုပ်ကိုင်နေတဲ့ New Life အကင်နဲ့စားသောက်ကုန်ထုတ်လုပ်တဲ့စက်ရုံမှအလုပ်သမတွေဟာနေ့စဉ်နဲ့အမျှညဉ့် နက်တဲ့အထိအလုပ်ဆင်းပေးနေရတဲ့အတွက်သွားရေးလာရေးအခက်အခဲကြုံနေရတယ်လို့စက်ရုံအလုပ်သမားတွေထံက သိရပါတယ်။
"နေ့တိုင်းမနက် ၆ခွဲကနေ ည ၁၀နာရီကျော်လောက်အထိဆင်းပြီးမှပြန်ရတယ်အဆောင်ရောက်တော့အဲ့အချိန်ကြီးဆိုတော့အဆင်မပြေဘူးပြီးတော့မိန်းကလေးတွေအဲ့အချိန်ကြီးမှပြန်ရတာဆိုတော့ခေတ်ကာလကလဲအခြေအနေမှမကောင်းတာ"
ဒီလိုနေ့စဉ်နဲ့အမျှညနက်မှအလုပ်ဆင်းရတဲ့အတွက်အပြန်လမ်းမှာတခုခုဖြစ်မှာကိုစိုးရိမ်နေရတဲ့အခြေအနေရှိနေတဲ့အပြင်အဆောင်ပိတ်ချိန်မှပြန်ရတဲ့အတွက်လည်းနေရေးအတွက်အခက်အခဲဖြစ်ရတယ် လို့အဆိုပါစက်ရုံအလုပ်သမားတွေကပြောပါတယ်။
"နိုင်ငံရေးအခြေအနေကလဲမကောင်းရတဲ့ကြားထဲဒီလိုကြီးဆင်းခိုင်းနေတာအဆင်မပြေပါဘူးအချိန်ကိုအကန့်အသတ်လေးတော့ထားစေချင်တယ်လို့ အခက်တွေ့နေရတဲ့ အလုပ်သမားကပြောပါတယ်"
အဆိုပါစက်ရုံမှာစက်ရုံဝန်ထမ်းဦးရေ(၇၀)ကျော်နဲ့ လည်ပတ်နေတာဖြစ်တယ်လို့ သိရပါတယ်။