NEWS

အလုပ်သမားတွေအနေနဲ့ အစုအဖွဲ့နဲ့ စည်းစည်းလုံးလုံး နေသင့်တယ်

CoverLogo
1.3K Views

စစ်အာဏာသိမ်းမှုနောက်ပိုင်း အလုပ်သမားအရေး ဖြေရှင်းရမယ့်ကိစ္စတွေမှာ ကမောက်ကမတွေဖြစ်လာတာနဲ့အမျှ အလုပ်သမားတွေအနေနဲ့ အစုအဖွဲ့တွေ ဖွဲ့စည်းပြီး စည်းစည်းလုံးလုံး နေသင့်တယ်လို့ အလုပ်သမားအရေးကူညီနေတဲ့ အဖွဲ့အစည်းတွေက တိုက်တွန်းထားပါတယ်။

အလုပ်သမားရုံးတွေဘက်ကလည်း အလုပ်သမားကိစ္စတွေ၊ အလုပ်သမားရေးရာ ပြဿနာတွေဖြေရှင်းတဲ့နေရာမှာ အဂတိလိုက်စားမှုတွေပိုများလာသလို နိုင်ငံရေး မငြိမ်သက်တဲ့ အပေါ်မှာ အလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်တာတွေကလည်းရှိလာပြီး လက်ရှိအခြေအနေမှာတော့ ဘက်ပေါင်းစုံကနေ အလုပ်သမားတွေ နစ်နာနေတဲ့ အခြေအနေမျိုး ဆိုက်ရောက်နေတယ်လို့ ဆိုပါတယ်။

အလုပ်သမားအင်အားစုများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက"လက်ရှိ အခြေအနေကတော့ အလုပ်သမားတွေကတော့ပိုပြီးတော့ စည်းစည်းလုံးလုံးနေဖို့လိုတယ်ပါ့နော်၊ ဒီလုပ်ငန်းခွင်တွေထဲမှာပဲဖြစ်ဖြစ်၊ အလုပ်သမားအဖွဲ့အစည်းတွေ ၊ အဖွဲ့အစည်းဥပဒေလည်း ရှိနေသေးတာဖြစ်တဲ့အတွက် ကြောင့်မို့လို့ ကိုယ့်ဟာကိုယ် စုဖွဲ့မှု သဏ္ဍာန်မျိုးလေးတွေနဲ့ နေသင့်တယ်၊ စက်ရုံထဲမှာပေါ့နော်၊ ကိုယ့်အခွင့်အရေးကို ကာကွယ်ဖို့ ဆိုလို့ရှိရင်၊ ဒီ အလုပ်သမားရုံးတွေဘက်ကိုလည်း အများကြီး သိပ်ပြီးတော့ ကျွန်တော်တို့ အားကိုးလို့ မရတဲ့အခြေအနေတွေ ဖြစ်လာတယ်၊ နောက်ပြီးတော့  အငြင်းပွားမှု ဖြေရှင်းရေး ယန္တယားကလည်းပျက်နေတဲ့ အခြေအနေဖြစ်တာပေါ့နော်၊ အခုအခြေအနေမှာတော့ အလုပ်သမားကိုယ်စားလှယ်တွေဘက်က မရှိနေတဲ့ခါကျတော့လေ မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးတို့၊ ခုံသမာဓိ ကောင်စီတို့ဆိုတဲ့ ဖြေရှင်းရေးယန္တရား ကလည်း ပျက်နေတယ်ပေါ့နော်၊ အဲ့လိုအခြေအနေမျိုးမှာတော့ ကိုယ့်အခွင့်အရေးကိုယ် ကာကွယ်မှ ရမယ့် ပုံစံမျိုး ပိုဖြစ်လာတယ်ပေါ့နော်၊ အဲ့လို အခြေအနေမျိုးတွေ ဖြစ်တဲ့ခါကျတော့ ကိုယ့်ဟာကိုယ်ပဲ ဒီ အခွင့်အရေးချိုးဖောက်ခံရတယ် ဆိုလို့ရှိရင်လည်း အလုပ်ရှင်နဲ့ တိုက်ရိုက် ညှိနှိုင်းနိုင်ဖို့လိုတယ်ပါ့"လို့ ပြောပါတယ်။

ခေါင်းပုံဖြတ်ခံနေရတဲ့ အလုပ်သမားတွေအနေနဲ့အစုအဖွဲ့သဏ္ဍာန် တစ်ခုရှိနေဖို့လိုအပ်ပြီး အဲ့ဒီအစုအဖွဲ့ကိုလည်း ကိုယ်စားပြုတဲ့ခေါင်းဆောင် ရှိဖို့လိုတယ်လို့ ဆိုပါတယ်။အစုအဖွဲ့အနေနဲ့ ရှိထားမှသာ အလုပ်ရှင်နဲ့ တိုက်ရိုက်ဆွေးနွေးတာ၊ ညှိနှိုင်းတာ၊ အခွင့်အရေးချိုးဖောက်ခံရတဲ့ ကိစ္စတွေကို အလုပ်သမားအရေးကူညီနေတဲ့ အဖွဲ့အစည်းတွေကို တင်ပြတာတွေ လုပ်နိုင်မယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း ဥပဒေစိုးမိုးမှု ကျဆင်းနေချိန်မှာ အလုပ်သမားရေး ဖြေရှင်းပေးတဲ့ဌာနဆိုင်ရာတွေက ခေါင်းရှောင်တာ၊ အလုပ်ရှင်တွေဘက်ကနေ လာဘ်ပေးလာဘ်ယူတာတွေ ပိုမို ဖြစ်ပွားလာပါတယ်။

ယခင်က အလုပ်သမားအရေး ကူညီဖြေရှင်းပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း စစ်အုပ်စုရဲ့ ဖမ်းဆီးမှုတွေကြောင့် မြေပြင်အထိ လိုက်လံဖြေရှင်းပေးနိုင်တဲ့အခြေအနေ မရှိတော့တာ၊ စက်ရုံအလိုက် ဖွဲ့စည်းထားကြတဲ့ သမဂ္ဂတွေဟာလည်း ဖြိုခွင်းခံခဲ့ကြရတာတွေ၊ ရှေ့ဆက် မလုပ်ဆောင်နိုင်ကြတော့တဲ့ အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။

"အခု ကျွန်တော်တို့ စုဖွဲ့ခိုင်းတယ်ဆိုတဲ့ပုံစံကတော့ ဆူဖို့တို့ ဆန္ဒပြဖို့တို့ အဲ့လိုဟာမျိုးအတွက်ချည်းပဲတော့ မဟုတ်ပါဘူး၊ကျွန်တော်တို့ အပေးအယူလုပ်မယ်၊ အလုပ်ရှင်နဲ့တိုက်ရိုက် ဒိုင်ယာလော့ လုပ်ဖို့ဆိုလို့ရှိရင်တော့ အစုအဖွဲ့အစည်းတစ်ခုကတော့ ရှိနေမှ ဖြစ်မှာလေ" လို့ အလုပ်သမားအင်အားစုများအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီအတွက် မိမ်ိစက်ရုံအလိုက် ဖြေရှင်းနိုင်ဖို့ အစုအဖွဲ့တွေ ကိုယ့်အားကိုယ်ကိုး ပြန်လည်ဖွဲ့စည်းထားဖို့ လိုအပ်နေတာလို့ အလုပ်သမားအရေးကူညီနေသူတွေက ဆိုပါတယ်။
 


Related posts

Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026