NEWS

အလုပ်သမားတွေရဲ့ မှတ်ပုံတင်မိတ္တူကို လဝကရုံးကိုပေးပို့နေတယ်လို့ ဆို

CoverLogo
1.5K Views

အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေပါတဲ့ နိုင်ငံသားမှတ်ပုံတင် မိတ္တူကိုတောင်းယူပြီး  လဝက ကိုပေးပို့လျက်ရှိပြီး မှတ်ပုံတင်အတု ကိုင်ဆောင်သည်ဟုဆိုကာ အလုပ်သမားအချို့ကို ဥပဒေမဲ့အလုပ်ထုတ်တာတွေပြုလုပ်လျှက်ရှိတယ်လို့ အလုပ်သမားတွေကပြောပါတယ်။ 

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ဦးထွန်းညိုလမ်းမှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ Myanmar Guotai Huasheng Glory Fashion Garment စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော်နဲ့ အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့ သိရပါတယ်။ 

စက်ရုံမန်နေဂျာမှ အလုပ်သမားတွေကို မှတ်ပုံတင်အတုကိုင်ဆောင်သူတွေ မိမိသဘောဖြင့် အလုပ်ထွက်ရမယ်ဟုပြောဆိုခဲ့ပြီးနောက် မှတ်ပုံတင်မှာ အချက်အလက်မှားယွင်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လုပ်သက် ၁ နှစ်ကြာ အလုပ်သမား တစ်ဦးကို အလုပ်ကနေ ဥပဒေမဲ့ထုတ်ခဲ့ပြီး မှတ်ပုံတင်အတုကိုင်ဆောင်သည်ဟုဆိုကာ လုပ်သက် ၂ လကြာ အလုပ်သမားတစ်ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။ 

အလုပ်သမားတွေအနေနဲ့ အလုပ်လုပ်ကိုင်ရန် စတင်အလုပ်လျှောက်ထားစဉ်ကတည်းက အချက်အလက်တွေကို  စက်ရုံဘက်မှ စီစစ်လက်ခံခဲ့တာဖြစ်ပြီး အချို့အလုပ်သမားတွေကို နိုင်ငံသားမှတ်ပုံတင်အကြောင်းပြကာ အလုပ်ထုတ်နေသော်လည်း အသက်မပြည့်တဲ့လူရွယ် လုပ်သားတွေကို ခန့်အပ်ခိုင်းစေနေတာတွေ ပြုလုပ်လျှက်ရှိတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။ 

"အလုပ်သမားတွေအကုန်လုံးကို အခုကိုင်ထားတဲ့ မှတ်ပုံတင်တွေကို အလုပ်သမားတိုင်းက လဝက ရုံးကို တင်ပေးရမယ် မိတ္တူပေးရမယ် အလုပ်သမားတွေရဲ့မှတ်ပုံတင်တွေကို အတုအစစ်ခွဲဖို့ ဆိုပြီး လဝက ရုံးကိုပို့ပေးတာလို့ ပြောတယ် "လို့ အလုပ်သမားကပြောဆိုပါတယ်။ 

လက်ရှိအလုပ်သမားတွေကိုင်ဆောင်တဲ့ နိုင်ငံသားမှတ်ပုံတင်က ပြည်တွင်း ခရီးသွားခြင်း အလုပ်လျှောက်ခြင်း စတာတွေ ပြုလုပ်ဆောင်ရွက်နေတဲ့မှတ်ပုံတင်များဖြစ်ပြီး လက်ရှိမှာ အတုအစစ်ခွဲရန်ဟုဆိုကာ မိတ္တူတောင်းခံပြီး လဝကရုံးကို ပိုပေးနေတာကြောင့် စိုးရိမ်မှုတွေရှိနေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။ 

"ဇူလိုင် ၁၃ ရက်နေ့မှာ အောစူပါတွေ စူပါတွေကို ခေါ်ပြီး အလုပ်သမားတွေကို ပြောခိုင်းတာ အခုလို လုပ်ဆောင်ချက်တွေကို အလုပ်သမားတစ်ဦးတစ်ယောက်ချင်းစီက နစ်နာတယ်လို့ ယူဆရင်  ကြိုက်တဲ့နေရာ တိုင်ကြားနိုင်တယ်လို့ လည်း စက်ရုံမန်နေဂျာက ပြောဆိုခဲ့တယ်"လို့ အလုပ်သမားကပြောပါတယ်။ 

အဆိုပါ လုပ်ငန်းခွင်အတွင်းခွဲခြားဆက်ဆံမှုတွေရှိနေပြီး အလုပ်သမားအချို့ကို စံချိန်မတရားတောင်းခံတာနဲ့ အလုပ်နေရာကို အတည်တကျမထားဘဲ အကြောင်းပြပြီးနေရာမကြာခဏရွှေ့ပြောင်းတာ ထမင်းစားရာတွင် နေရာကျပ်တည်းလွန်းတာတွေလည်း ကြုံတွေ့နေရတယ်လို့ အလုပ်သမားကပြောပါတယ်။ 

"သူတို့တွေက သူတို့နဲ့မတည့်တဲ့လူဆို ခွဲခြားဆက်ဆံတယ် စံချိန်တိုးတောင်းတယ် အလုပ်နေရာကို အတည်တကျမထားဘဲ နေရာ ခဏခဏ ပြောင်းပစ်တယ် ထမင်းစားရင်လည်း နေရာမဆန့်လို့ ပူးကပ်ပြီးစားရတာ ဒါကို အလုပ်ရှင်က ပူးကပ်ပြီးစားလို့ ဆိုပြီး အလုပ်သမားတွေကို အပြစ်ပြန်ပြောလိုက်သေးတယ်"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောဆိုပါတယ်။ 

ယခုလို လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုတွေမပြုလုပ်ဖို့ အလုပ်သမားတွေလိုလားနေပြီး အကြောင်းပြချက်မခိုင်လုံဘဲ ဥပဒေမဲ့အလုပ်ထုတ်တာတွေ မလုပ်ဖို့ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။ 

အဆိုပါ စက်ရုံမှာ PRIMARK၊ esmara၊ INEXTENSO   စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။ 

#MyanmarLabourNews


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026