NEWS

အလုပ်သမားတွေရဲ့ ကိုယ်ရေးအ ချက်အလက်တွေကို မျှဝေတာမလုပ်ဖို့ အလုပ်သမားတွေပြော

CoverLogo
774 Views

တရုတ်နိုင်ငံသားပိုင် Eslite Garment အထည်ချုပ်စက်ရုံမှာ အလုပ်သမား အခွင့် အရေးဆိုင်ရာ ရပိုင်ခွင့် တွေ ဖြတ်တောက်ခံရတာ  တွေကို ဖြေရှင်းပေး ဖို့ အပါအဝင် အလုပ်သမားတွေ ရဲ့ ကိုယ်ရေး အချက်အလက်တွေကို မည်သူ့ကို မျှ မပေးဖို့ လိုလားနေတယ် လို့ စက်ရုံအလုပ်သမား တွေက ပြောပါတယ်။ 

ဒီစက်ရုံကို လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မောင်ကျန်သီးလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ် သမားအင်အား (၂၀၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ 

လုပ်ငန်းခွင်မှာ ALPINESTARS အမှတ် တံဆိပ်ကို ချုပ်လုပ်နေတာဖြစ်ပြီး သမဂ္ဂကော WCC ပါ ဖွဲ့စည်းထားပေမယ့် အလုပ်ရှင်ဘက်က အခွင့်အရေး ချိုးဖောက်တာတွေကို ကူညီဖြေရှင်းပေးတာ မရှိဘူးလို့ ပြောပါတယ်။ 

“စက်ရုံမှာ သမဂ္ဂကော၊ WCC ညှိနှိုင်းရေးအဖွဲ့ကော ရှိပါတယ်။ ဒါပေမယ့် အလုပ်သမားအခွင့်အရေး ဆုံးရှုံးတာတွေ ကို ဖြေရှင်းပေးမယ့်သူ မရှိပါဘူး။ နောက်ပြီး ရန်ပုံငွေဆိုပြီး တစ်လကို ကျပ်(၁၀၀၀) ကောက်ပါတယ်။ အာဏာမ သိမ်းခင်တုန်းကတော့ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်သဘောတူချုပ်ဆိုထားတဲ့ EC စာချုပ် ရှိပါတယ်။ အခုကျ တော့ စာချုပ်ထဲက အချက်တွေကိုအလုပ်ရှင်က မပေးတော့ဘဲ တစ်ဖက်တည်းစည်းကမ်းတွေပဲ ထုတ်နေပါတယ်။အရင်က စက်ရုံဆေးပေးခန်းမှာ အလုပ်သမားတွေ ကျန်းမာရေးမကောင်းရင် ဆေးတောင်းလို့ရပါတယ်။ မူးမေ့၊ ဗိုက် အောင့်သူတွေရှိရင် လူနာထားတဲ့နေရာမှာ နေလို့ရပါတယ်။ အခုက မူးပဲလဲလဲ။ ဗိုက်ပဲအောင့်အောင့် ဆေးပေးခန်း ထဲ မထားပါဘူး။ ဆေးလိုချင်ရင် တန်းစီပြီး စောင့်ရပါတယ်။ မစောင့်ချင်လို့ ဆေးခွင့်တို့၊ ဂိတ်ပတ်တို့၊ ခွင့်တို့၊ ခွင့်မဲ့တို့ယူရင် ကျွမ်းကျင်ကြေးအဆင့် လျှော့ချပါတဘ္။ အရင်သဘောတူထားတာက ဥပဒအတိုင်း ခွင့်ယူရင် ကျွမ်း ကျင်အဆင့် မချပါဘူး။ အခုကျတော့ ချပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ 

စက်ရုံမှာ လုပ်ခလစာအနေနဲ့ ဒေးကြေး (၇၀၀၀) ကျပ်၊ ထောက်ပံ့ကြေး (၆၀၀၀) ကျပ်၊ ရက်မှန်ကြေး (၂၅၀၀၀) ကျပ်၊ ကျွမ်းကျင်ကြေး A+ အဆင့်သမားကို (၅၃၀၀၀) ကျပ်၊ A အဆင့်သမားကို (၄၃၀၀၀) ကျပ်၊ B+ အဆင့်သမား ကို (၂၈၀၀၀) ကျပ်နဲ့ B အဆင့်သမားကို (၁၈၀၀၀) ကျပ် ပေးချေတာဖြစ်ပါတယ်။ အလုပ်ချိန်အနေနဲ့ မနက် (၈) နာရီကနေ ည (၇) နာရီအထိ မုန့်စားချိန်မိနစ် (၃၀) အနားပေးပြီး အချိန်ပို (၂) နာရီနေ့စဉ်ခေါ်ယူနေတာပဲ ဖြစ်ပါတယ်။ 

“ဂိတ်ပတ်က အလွယ်မပေးပါဘူး ဆေးခွင့်တင်လို့ ရက်များရင် တာဝန်ရှိသူတွေက ခေါ်သတိပေးပါတယ်။ အလုပ် ဝင်နောက်ကျတာတို့၊ ဂိတ်ပတ်ယူတာ လေးကြိမ်လောက်ဖြစ်လာရင် ဝမ်တိန်ထိုးရပါတယ်။ နောက်စက်ရုံတစ်ခု  လုံးမှာ CCTV တွေ တပ်ထားပါတယ်။ အဲဒီကနေ အချိန်ပြည့်စောင့်ကြည့်ပြီး ခြေလှုပ်၊လက်လှုပ်တာကအစ ခံဝန် ထိုးခိုင်းပါတယ်။ လုပ်ငန်းခွင်ထဲမှာ အမျိုးသမီးအများစု လုပ်နေတာဆိုတော့ စိတ်မလုံပါဘူး။ ပြောမယ်ဆို ယားရင် တောင် မကုတ်ရတဲ့အနေအထား ဖြစ်နေပါတယ်။ အကြို၊အပို့က ဖယ်ရီကားရှိပေမယ့် အလုပ်သမားအရေအတွက် နဲ့ မလောက်ပါဘူး။ ကြပ်နေပါတယ်၊၊ အမျိုးသမီးတွေလည်း တွယ်စီးရပါတယ်။ ကားသမားတွေကလည်း မတရား မောင်းပါတယ်။ ပြုတ်ကျလို့သေရင် တာဝန်ယူမယ့်သူ မရှိပါဘူး။ အလုပ်ရှင်က သူသက်သာဖို့ပဲ ဦးစားပေး လုပ်နေ ပါတယ်။ နောက် UMFCCI က စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ အသက်အရွယ် အလုပ်သမားတွေစာရင်းတောင်း ရင်လည်း အလုပ်ရှင်ဘက်က ကောက်ပေးပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ၊ ၉ လပိုင်းက စက်ရုံထဲမှာဒေးကြေးတိုးတောင်းတော့ အလုပ်ရှင်က စစ်တပ်ကို ဖုန်းဆက်ခေါ်ပြီး ခြိမ်းခြောက်ပါတယ်။ နောက်ဆုံး Brands ကဒေးကြေး (၆၄၀၀) ကျပ်ကနေ (၇၀၀၀) ကျပ် တိုးပေးဖို့ ညှိနှိုင်းပေးခဲ့ပါတယ်။ လုပ်ငန်းခွင်ထဲက အဆင်မပြေတာတွေကို သမဂ္ဂခေါင်းဆောင်က တက်နိုင်သလောက်တော့ ရှင်းပေးမယ်။ မရှင်းနိုင်တဲ့ဟာ မလုပ်ပေးဘူး။ ဆန္ဒပြရင် စစ်တပ်ခေါ်မယ်ဆိုမယ်ဆိုပြီး အစည်းအဝေးမှာ ပြောပါတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။ 

စက်ရုံအလုပ်သမားတွေက လုပ်ငန်းခွင်တွင်းမှာ ချိုးဖောက်မှုတွေ ရှိနေတာကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။ 

စက်ရုံအလုပ်သမားတွေအနေနဲ့ ဆေးပေးခန်းတွေကို အရင်အတိုင်း ဆောင်ရွက်ထားပေးဖို့၊ ဖယ်ရီ ကားတွေတိုးပေးဖို့၊ ကားသမားတွေက အန္တရာယ်မဖြစ်အောင်ထိန်းမောင်းဖို့၊ ဂိတ်ပတ်ယူတာ၊ အလုပ်ဝင်နောက် ကျတာကို ဝမ်တိန်မထိုးခိုင်းဖို့၊ ခွင့်ရက်ယူပါက ကျွမ်းကျင်ကြေးအဆင့် မချဖို့၊ အလုပ်သမားတွေရဲ့ ကိုယ်ရေးအ ချက်အလက်တွေကို မည်သူကိုမှ မပေးဖို့၊ CCTV ကို အမျိုးသမီးအများစုရှိတဲ့နေရာမှာ မထားဖို့၊ လိုအပ်မှသာ စစ်ဆေးဖို့၊ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို စစ်တပ်ခေါ်ယူကာ ဖိအားပေးခြိမ်းခြောက်တာတွေ မလုပ်ဖို့ လိုလားနေတာပဲ ဖြစ်ပါတယ်။


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026