NEWS

အလုပ်သမားတွေကို ဖိနှိပ်မှုတွေပြုလုပ်နေတယ်ဆိုတဲ့သတင်းကြောင့် ရွှေပလ္လင်ကို စားသုံးသူများဝေဖန်

CoverLogo
1.8K Views

အစားအသောက်၀န်ဆောင်မှုပေးနေတဲ့  နာမည်ကြီးဆိုင်ဖြစ်တဲ့ ရွှေပလ္လင် Tea and Foodရဲ့ ဆိုင်ခွဲတစ်ဆိုင်မှာ  အလုပ်သမားတွေကိုဖိနှပ်မှုတွေပြုလုပ်နေပြီး ခြိမ်းခြောက်မှုတွေပြုလုပ်နေ တယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါစားသောက်ဆိုင်က ဆိုင်ခွဲပေါင်း ၄၂ ဆိုင်အထိရှိပြီး  လက်ရှိ ဖြစ်နေတဲ့ ဆိုင်မှာ စမ်းချောင်မြို့နယ် ရှိ Junction Square 6 လွှာတွင်ဖွင့်လစ်ထားသော ဆိုင်တွင် အုပ်ချုပ်နေတဲ့ တာဝန်ခံဆိုသူက  အလုပ်သမား ဝန်ထမ်းတွေအပေါ် ရိုင်းပျစွာဆက်ဆံပြီး ဆဲဆိုမှုတွေ့ပါပြုလုပ်ကာ အမြင် မကြည်တော့ရင် ရုံးချုပ်ကို မဟုတ်မမှန်တိုင်ပြီး အလုပ်မှ ထုတ်မယ်လို့ခြိမ်ခြောက်မှု တွေပြုလုပ်နေတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေတဲ့ FGWM က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထုတ်ပြန်ထားတဲ့သတင်းတွေအရ  "
မဟုတ်မမှန်အတိုင်ခံရတဲ့ အလုပ်သမားကရုံးချုပ်ကိုသွားရောက် ဖြေရှင်းရပါတယ်။အလုပ်သမားဘက်က မှန်တယ်ဆိုလဲ ဖြေရှင်းမပေးဘဲ ရုံးချုပ်တာဝန်ခံဆိုသူက သူကိုယ်တိုင်မြင်သလို နင် တို့ကိုမယုံဘူး ဆိုကာအလုပ်သမားကို ဖြေးရှင်းချက်မပေးဘူး အလုပ် ကနေ ထွက်သွားဆိုပြီး မောင်းထုတ်ပါတယ်။တာဝန်ခံကြောင့်လဲ အလုပ်ထွက်သွားရတဲ့ သူတွေလဲတော်တော်များများရှိနေပါပြီ အလုပ်သမားတော်တော်များများကလဲ သူတို့ ညဘက်တွေ အလုပ်ချိန်ပြည့်လို့ အိမ်မပြန်ရပဲ အိုတီဆင်းပေးရရင်လဲ အိုတီကြေးမပေဘူး ပိတ်ရက်မှာလဲ ဆိုင်သန့်ရှင်းရေးဆိုပြီး အဓမ္မခိုင်းစေနေပါတယ်။ တာဝန်ခံက သူခိုင်းတာ ပြောတာကို မ ကျေနပ်ရင် ကြိုက်တဲ့နေရာသွား တိုင်လို့ ခြိမ်းခြောက်ပါတယ်။ ရုံးချုပ်ကိုမတိုင်ရဲကြဘူး အလုပ်သမားတွေက သူတို့ရဲ့မတရားဖိနှိပ်ခံနေရတဲ့ အခြေအနေအမှန်ကို အများပြည်သူ စားသုံးသူများသိစေရန် နှင့် ဆိုင်ပိုင်ရှင်က အမြန်ဆုံး ဖြေရှင်းပေးဖို့ FGWM Page ကိုအကူအညီတောင်းလာခြင်းဖြစ်ပါတယ်"လို့ FGWM က ကြေညာထားတာဖြစ်ပါတယ်။

အဲ့ဒီလိုမျိုးကြေငြာချက်သတင်းတွေထွက်ပေါ်လာခဲ့ပြီး  စားသုံးသူအများစုက  ရွှေပလ္လင်-Shwepalin ရဲ့လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာမှာ ၀င်ရောက်ဝေဖန်မှုတွေပြုလုပ်နေကြတာဖြစ်ပြီး အဲ့ဒီလိုသတင်းထွက်ပေါ်နေတဲ့ အပေါ်  နာမည်ကြီးစားသောက်ဆိုင်တစ်ခုအနေနဲ့ ဖြေရှင်းသင့်တယ်လို့လည်း မှတ်ချက်ပေးနေကြတာပါ။

“ အလုပ်သမားတွေကို ရသင့်တဲ့ လုပ်ခ လစာပေးပါ။ ဆိုင်ခွဲတစ်ဆိုင်မှာ စားပွဲထိုး ၃ယောက်လောက်ပဲ ထားပြီး ခိုင်းတာတောင် အလုပ်သမားတွေကို ခေါင်းပုံဖြတ် ခြိမ်းခြောက်ပြောဆိုတာတွေ မလုပ်ပါနဲ့။ တစ်ပတ်မှာ ၄ရက်လောက် ရွှေပလ္လင်မှာ ထိုင်ဖြစ်ပါတယ်။ ဒီလို ခေါင်းပုံဖြတ်ပြီး အပေါ်ဖားအောက်ဖိတွေရှိရင် ဆက် အားမပေးတော့ပါဘူး ချက်ချင်းဖြေရှင်းပေးပါ။ အဆင့်မြင့်ဆိုင်ဖြစ်ချင်ရင် အုပ်ချုပ်သူတွေကလည်း အဆင့်ရှိဖို့လိုပါတယ်။ အလုပ်သမားတွေကို ဖိနှိပ်ဆက်ဆံတာမျိုး လုပ်နေသ၍ boycott သွားမှာပါ”ဆိုပြီး  စားသုံးသူတစ်ဦးက ၀င်ရောက်ပြောဆို ထားပါတယ်။

အလားတူအခြားသောစားသုံးသူများစွာကလည်း  ရွှေပလ္လင်စားသောက်ဆိုင်ဟာ  နာမည်ကြီးဆိုင်ဖြစ်သ လို အစားအသောက်တွေကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်မှုတွေရှိတာကြောင့်  သဘောကျနှစ်ခြိုက်ရတာ ဖြစ်ပြီး  ဆိုင်ခွဲများစွာထပ်ဖွင့်လှစ်နိုင်ဖို့နဲ့  အလုပ်သမားတွေအပေါ်လည်း ဂရုစိုက်ပေးသင့်တယ်လို့  အများစုက  မှတ်ချက်ပြုထားကြတာတွေ့ရပါတယ်။

ရွှေပလ္လင်-Shwepalin ရဲ့ဖေ့ဘွတ်Page စာမျက်နှာမျာ အဲ့ဒီလိုဝေဖန်မှုများစွာသော မှတ်ချက်များစွာဖြင့် ပြည့်နေပြီး ရွှေပလ္လင်-Shwepalinအနေနဲ့ကတော့ အစားအသောက်နဲ့ပတ်သက်တဲ့ပြောဆိုမှုများကို ပြန်လည်ဖြေကြားပြောဆိုမှုတွေပြုလုပ်နေတာတွေ့ရပေမဲ့  အလုပ်သမားတွေဖိနှိပ်မှုတွေရှိနေတဲ့အပေါ် ဝေဖန်ထားမှုတွေကိုတော့ ပြန်လည်ဖြေကြားပြောဆိုထားလုံး၀မရှိသေးပါဘူး။

#MyanmarLabourNews 
Source-FGWM


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026