NEWS

အလုပ်သမားတွေ အသင့်ဖျော် ကော်ဖီတခွက်သောက်ဖို့ အလှမ်းဝေးလာ

CoverLogo
355 Views

ပြည်တွင်းထုတ်ကုန်ဖြစ်တဲ့  3 in1 ကော်ဖီမစ်ထုတ်တွေဟာဈေးကွက်မှာပစ္စည်းပြတ်နေပြီး ကော်ဖီမစ်အထုပ်သေးတစ်ထုပ်လျှင် ကျပ် ၈၀၀ အထိမြင့်တက်လာလို့ အခြေခံအလုပ်သမားတွေအနေနဲ့ ကော်ဖီ
မသောက်နိုင်တော့ဘူးလို့ ဆိုလာပါတယ်။ 

ကော်ဖီမစ်ထုပ်ကို ရေနွေးဖြူနဲ့ အသင့်ဖျော်သောက်တဲ့ "ပလိန်း" တခွက်ဈေးဟာ ဆိုင်ထိုင်သောက်ပါက အနည်းဆုံး ၈၀၀ ကျပ်ကနေ ၁၅၀၀ ကျပ် အထိ ပေါက်ဈေးရှိနေပါတယ်။ 

စက်မှုဇုန်တွေမှာ လုပ်သားတွေဟာ မနက်ခင်း အလုပ်ထဲမရောက်ခင် ကော်ဖီမစ်ထုပ် သောက်ပြီး လုပ်ငန်းခွင်ဝင်တာ နေ့လည်ခင်း ထမင်းစားနားပြီးချိန် လန်းဆန်းအောင် ကော်ဖီသောက်ကြတဲ့ အလေ့အထရှိပေမယ့်  အလုပ်သမားတွေ လက်လှမ်းမီတဲ့ အသင့်ဖျော်  ကော်ဖီမစ်ထုတ်တွေရဲ့ ဈေးနှုန်းအဆမတန် မြင့်တက်လာတာတွေကြောင့် ကော်ဖီသောက်တာကို ရပ်နားထားရတဲ့ အလုပ်သမားတွေရှိလာပါတယ်။ 

"ပစ္စည်းပြတ်နေတာကြာပြီတဲ့လေ။လမ်းဘေးဆိုင်မှာပလိန်းတစ်ခွက်မှာလိုက်တာ ၁၅၀၀ ဆိုတော့လန့်သွားတယ်။ ကျန်တဲ့ဆိုင်တွေထိုင်ရင်ဈေးကြီးလို့လမ်းဘေးဆိုင်လေးထိုင်တာ။ သူက ပရီမီယာ 3in1 မို့တဲ့လေ။   အခြားဟာဆို ၁၂၀၀ တဲဲ့။မသောက်နိုင်တော့ပါဘူး"လို့ ဒညင်းကုန်းလမ်းဆုံအနီးရှိ စက်ရုံတစ်ရုံမှအလုပ်သမားတစ်ဦးကဆိုပါတယ်။  

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  မြို့နယ်အသီးသီးရဲ့ဈေးကွက်အတွင်းမှာ တော့ ကော်ဖီမစ် တစ်ပါကင်လျှင် ၂၂၀၀၀ ကျပ်အထိပေး၀ယ်နေရပြီး တစ်တွဲလျှင် ၉၀၀၀၊ အထုပ်သေးတစ်ထုပ်လျှင်အနည်းဆုံး ၇၀၀မှ ၈၀၀၊ ၈၅၀ နဲ့ ၁၀၀၀ အထိပေးဝယ်နေရတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ပြည်တွင်းထုတ် အသင့်ဖျော်ကော်ဖီမစ်ထုတ်တွေဟာ အရင်က ပေါပေါများများဝယ်ယူရရှိနိုင်ပေမယ့် လက်ရှိမှာတော့ မကြာခဏ ပြတ်လပ်မှုတွေဖြစ်လာပါတယ်။ 

" 3 IN 1 ဆိုရင်အတော်ရှားပါတယ်။ သူကဈေးအမြင့်ဆုံးပါ။ ကျန်တာက ၇၀၀ ပေါ့။ ထုတ်တာကတော့ပြည်တွင်းကပါပဲ။ ဒါပေမဲ့အိတ်ခွံကပြည်ပကပါ။ ခုက အိတ်ခွံမရတဲ့ပြဿနာကြောင့်လို့သိရတယ်" လို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လက်လီ လက်ကားအရောင်းကုန်စုံဆိုင် တစ်ခုမှ သိရပါတယ်။ 

ယခုလိုကော်ဖီမစ်ထုတ်ဈေးမြင့်တက်လာမှုပေါ် တစ်နေ့လုပ်ခ ကျပ် ၄၈၀၀ နဲ့ထောက်ပံ့ကြေး ၂၀၀၀ သာရရှိနေ တဲ့ အခြေခံအလုပ်သမားတွေအနေနဲ့ ဆိုင်ဖျော်လက်ဖက်ရည်သောက်ရန်အလှမ်းဝေးကာ "ပလိန်း" သောက်နေရသူ ကော်ဖီမစ်တစ်ထုတ်ချင်းဝယ်ယူသောက်သုံးနေတဲ့အလုပ်သမားတွေအတွက်တော့  တထုပ်လျင် ၈၀၀ မှ ၁၀၀၀ အထိဈေးမြင့်တက်လာလို့ ကော်ဖီမစ်ထုပ်သောက်နိုင်အားကိုပါ လက်ပြနှုတ်ဆက်ရတဲ့အနေအထားဖြစ်လာတယ်လို့ အလုပ်သမားတွေကပြောဆိုမှုတွေရှိနေပါတယ်။ 

"ဈေးဝယ်စင်တာမှာ သောက်နေကျကော်ဖီထုပ်လေး ပြန်တွေ့ရတာ ထီပေါက်မတတ်ဝမ်းသာရတယ်။ ဈေးကတော့ အများကြီးတက်သွားတာပေါ့။ ဒီခံစားချက်က ကော်ဖီကြိုက်တဲ့သူအချင်းချင်းတော့ နားလည်နိုင်ပါလိမ့်မယ်။ အလုပ်ကို အာရုံစိုက်တာ များလာတဲ့ အချိန်တွေ လူပင်ပန်း စိတ်ပင်ပန်းတဲ့အချိန်တွေဆို ကော်ဖီတခွက်ကပေးတဲ့ လန်းဆန်းမှုက ဘာနဲ့မှမလဲနိုင်ပါဘူး။ အခု အခြေခံပြည်သူတွေသောက်နေရတဲ့ ကော်ဖီတွေဟာ ဈေးအနိမ့်ဆုံးတွေပါ အဲ့တာတွေတောင် မသောက်နိုင်တော့ဘူးဆိုတော့ လက်ရှိအခြေအနေက တော်တော်လေး ခံပြင်းစရာအခြေအနေပါ"လို့ ကော်ဖီကြိုက်နှစ်သက် သူ အမျိုးသမီး တစ်ဦးက မှတ်ချက်ပေးပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ ကုန်ဈေးနှုန်းမြင့်တက်မှုဟာ စံချိန်တင်အမြင့်ဆုံးဖြစ်လာနေပြီး အနည်းဆုံးလုပ်ခ ၄၈၀၀ ကျပ်ကို ၆ နှစ်ကြာ ပြောင်းလဲသတ်မှတ်ခြင်းမရှိတာကြောင့်  လည်း ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှုစံချိန်ဟာ အမြင့်ဆုံးဖြစ်လာနေပါတယ်။ 

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026