NEWS

အလုပ်သမားတွေ ဖမ်း​ဆီးခံရတဲ့ စက်ရုံ၂ ရုံအပါအဝင် စက်ရုံအချို့ကို စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာန ဝင်စစ်ဆေး

CoverLogo
588 Views
 
အလုပ်သမားအခွင့်အရေးတောင်းဆိုရာက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အလုပ်သမားတွေ လုပ်ကိုင်နေတဲ့ စက်ရုံနဲ့ အချို့စက်ရုံတွေ ကို စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
 
"အမှန်ကတော့တိုက်ဆိုင်တယ်လို့ထင်ပါတယ်။ အရင်ရက်တွေဒီအလုပ်သမားတွေမလွတ်ခင်ကတည်းက တချို့စက်ရုံတွေကို ဦးဝင်းရှ်ိန်ရော ဝင်စစ်နေကြတာတွေ့တယ်။ အငြင်းပွားမှုဖြစ်လို့ အလုပ်သမားကတိုင်ရင်တောင် စည်းကြပ်မှုမရှိတာလေ ခုကတိုက်ဆိုင်တာလို့ထင်ပါတယ်" လို့ ရောင့်ကြည့်နေသူက မှတ်ချက်ပြုပါတယ်။
 
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ အလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်နေတဲ့ Sun Apperal Myanmar နဲ့ ဟိုစိမ့်(မြန်မာ)စက်ရုံတို့ကို စက်တင်ဘာ ၁၀ရက်နေ့က စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဦးမြင့်နောင်ဟာ ကိုယ်တိုင်ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ အဲ့ဒီဌာနထုတ်ပြန်ချက်အရ သိရပါတယ်။
 
ထုတ်ပြန်ချက်အရ ကုန်အမှာ စာရရှိမှု၊ ကုန်ထုတ်လုပ်မှု၊ လုပ်ငန်းခွင်ဆက်ဆံရေးနဲ့ လုပ်ခလစာပေးချေမှုအခြေအနေကို မေးမြန်းခဲ့ပြီး လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနဲ့ ကုန်ထုတ်လုပ်မှုတိုးတက်စေရေးကို လမ်းညွှန်မှာကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
ရွှေပြည်သာမြို့နယ်ရှိ ဟိုစိမ့်(မြန်မာ)စက်ရုံက အလုပ်သမား ၅ဦး၊ Sun Apparel Myanmar စက်ရုံက အလုပ်သမား ၂ ဦးနဲ့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ Action Labor Rightsအဖွဲ့ဝင်တို့အပါအဝင် အလုပ်သမားတွေဟာ ဆူပူမှုဖြစ်အောင်လှုံ့ဆော်လို့ဆိုပြီး ပြီးခဲ့တဲ့ဇွန်လက ဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပြီး ယခုလ စက်တင်ဘာ ၄ ရက်နေ့မှာတော့ ပြန်လွှတ်ပေးလိုက်ကာ စက်တင်ဘာ ၁၀ရက်နေ့မှာ အဲ့ဒီစက်ရုံတွေကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးက သွားရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
Photo-MOL(SAC)

Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026