NEWS

အလုပ်သမားတစ်ဦးရဲ့ တနေ့တာ ကုန်ကျစရိတ် ၇၀၀၀ ကျပ်ထိ ရှိလာ၊ တစ်နေ့လုပ်ခ ၄၈၀၀ ကျပ်အစား သင့်တင့်တဲ့နှုန်းထားထိတိုးမြှင့်ပေးဖို့လိုအပ်နေဟုဆို

CoverLogo
1.6K Views

မြန်မာနိုင်ငံမှာစီးပွားရေးကျဆင်းပြီး ကုန်စျေးနှုန်းမြင့်တက်နေရာ အခြေခံ အလုပ်သမားတစ်ဦးရဲ့ တစ်နေ့အနည်းဆုံးကုန်ကျငွေဟာ ၇၀၀၀ ကျပ်ဖြစ်နေတာကြောင့် တစ်နေ့ လုပ်ခလစာ ၄၈၀၀အစား  သင့်တင့်မျှတတဲ့ အခကြေးငွေအဖြစ် တိုးမြှင့်ပေးဖို့လိုအပ်နေတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားရေးဆောင်ရွက်သူတွေက ဆိုပါတယ်။

''လက်ရှိ အလုပ်သမားရဲ့ တစ်နေ့တာကုန်ကျစရိတ်က ၅၀၀၀ လောက်ကုန်ကျပါတယ် ကန်စွန်းရွက်တစ်စီး ၅၀၀ဖြစ်နေပြီ အရင်ကဆို အိမ်က ထမင်းချိုင့် မပါသွားရင် ၁၂၀၀ ဆို ထမင်းအဝစားလို့ရတယ် စက်ရုံရှေ့ကထမင်းဆိုင်တွေမှာ အခုဆို တစ်ခါပြင်ထမင်းတစ်ပွဲကို ၂၅၀၀ ဖြစ်နေပြီ အဝ စားရင်၄၀၀၀ လောက်ကျတယ် အဲ့ဒါ ထမင်းတနပ်စာပါ။အိမ်မှာ ဝယ်ချက်မယ်ဆိုရင်တော့ တစ်နေ့စာကို ၅၀၀၀ လောက်ကျပါတယ်။စက်ရုံတွေက ဖယ်ရီကားတော့ပေးပါတယ်။ကားဂိတ်ကနေ အိမ်ကဝေးရင် သုံးဘီးစီးရတယ် နီးရင် ၁၀၀၀ ပေးရတယ်လမ်းစရိတ်ပါပေါင်းရင်တော့ ၇၀၀၀ ဝန်းကျင်လောက်ကုန်ကျမယ်
ရတဲ့ လုပ်ခလစာက ၄၈၀၀ နဲ့ ဘယ်လိုမှမလောက်ပါဘူး ပြောရမယ်ဆို နိုင်ငံရေးအခြေအနေကမကောင်း လုပ်ခလစာတိုးဖို့ဆိုတာ ဘယ်သူမှမတွေးမိလောက်ပါဘူး''လို့ စက်မှုဇုန် အလုပ်သမားတစ်ဦးက  ဆိုပါတယ်။

လက်ရှိအချိန်မှာ အထည်ချုပ်လုပ်ငန်းက အလုပ်ရှင်နဲ့ ကုန်အမှတ်တံဆိပ်တွေက မြန်မာပြည်ရဲ့အခြေအနေတွေနဲ့  ကုန်စျေးနှုန်းက အလုပ်သမားတွေရဲ့ လုပ်ခလစာနဲ့ မလောက်တာကို သိနေပေမဲ့အလုပ်သမားတွေ ချုပ်လုပ်ပေးနေတဲ့ အဝတ်အထည်တွေရဲ့  အမြတ်အစွန်းတွေရဖို့ပဲ တွေးနေတာကြောင့် အလုပ်သမားတွေဟာ  လှစ်လျူရှု့ ခံနေရပြီး လုပ်ငန်းခွင်မှာလည်း  အမျိုးမျိုးဖိနှပ်ခံရတာတွေနဲ့   ကူကယ်ရာမဲ့နေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောဆိုပါတယ်။

''လုပ်ခလစာတိုးမြှင့်ဖို့ဆိုရင် အလုပ်ရှင်ကို အလုပ်သမားတွေက စုပေါင်းတောင်းဆိုရလိမ့်မယ်လို့မြင်ပါတယ်။ဒီ ဒုက္ခတွေ အပြီးတိုင်ချုပ်ငြိမ်းဖို့က ကျမတို့အလုပ်သမားအဖွဲ့ချုပ်တွေ အလုံးစုံစီးပွားရေးပိတ်ဆို့ ဖို့ ခေါ်ထားတာဟာ ပြည်တွင်းမှာ တာဝန်ယူမှူ တာဝန်ခံမှုမရှိရင် ထွက်သွားဖို့ ပြောနေပေမယ့်လက်ရှိ မြေပြင်မှာ အလုပ်သမားအတွက်ဘာတစ်ခုမှမလုပ်မပေးတဲ့အပြင် ဂုတ်သွေးစုတ်နေတာကိုကျမတို့အလုပ်သမားတွေ ခံနေရတာပါ။ဒါကြောင့် အတူတကွ တွန်းထုတ်ဖို့လိုအပ်မယ်လို့မြင်ပါတယ်''လို့ သမဂ္ဂအဖွဲ့ဝင် အလုပ်သမားတစ်ဦးဖြစ်သူက ဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတာဟာ အနိမ့်ဆုံးလုပ်ခ ၄၈၀၀ လို့ သတ်မှတ်ထားပေမဲ့ အလုပ်ရှင်တွေဟာ အဲ့ဒီထက်ပိုပေးတာမျိုးမရှိဘဲ ၄၈၀၀ကအမြင့်ဆုံးဖြစ်နေပြီး အချို့သောအလုပ်သမားတွေမှာ  ကိုဗစ်ဖြစ်ပွားချိန်မှစကာ လက်ရှိအာဏာသိမ်းကာလအထိ  စီးပွားရေးကျဆင်းမှုကြောင့်ဟုဆိုကာ  ၃၆၀၀ သာပေးနေကြတာတွေလည်းရှိနေပါတယ်။  

၄၈၀၀ ကျပ်ပြဌာန်းမှု နှစ်နှစ်ပြည့်ခဲ့ပြီး  ထပ်မံတိုးမြှင့်ပြန်ဌာန်းပေးရန် ပျက်ကွက်ခဲ့တာကြောင့် လက်ရှိအလုပ်သမားတွေဟာ Double Charges နှစ်ခုနစ်နာခဲ့တာပါ။ အနည်းဆုံးအခကြေးငွေကျပ် ၄၈၀၀ သတ်မှတ်ပြီးနှစ်နှစ်တစ်ကြိမ်ပြန်လည်ပြင်ဆင်ရန် သတ်မှတ်ချက်အရ ကျပ် ၅၈၀၀ သို့တစ်ဆင့်ပြောင်းလဲမယ်လို့  မျှော်လင့်ခဲ့ပေမဲ့ လေးနှစ်ပြည့်သည့်တိုင် ပြောင်းလဲခြင်းမရှိခဲ့ဘဲ လက်ရှိကုန်ဈေးနှုန်းကြီးမြင့်ချိန်အထိ ၄၈၀၀ ကျပ်သာ ဖြစ်နေတာကြောင့်  သင့်တင့်တဲ့ပြောင်းလဲမှုတစ်ခုတိုးမြင့်ပေးဖို့ လိုအပ်နေတာလို့ သိရပါတယ်။

ကိုဗစ်ရောဂါဖြစ်ပွားစဉ်ကာလမှာလည်း  လစာတစ်၀က်ပဲရရှိခြင်းနဲ့   အလုပ်ရပ်နားရတာတွေကို ဖြတ်သန်းခဲ့ရပြီးနောက်   အာဏာသိမ်းလိုက်တဲ့အခါမှာလည်း အလုပ်ရှင်တွေက နိုင်ငံရေး အခြေအနေ တွေကို အကြောင်းပြပြီး လုပ်ခလစာလည်းမတိုးပေးတဲ့အပြင် အနိမ့်ဆုံးလုပ်ခလစာလည်းမပြဌာန်းတော့တာတွေနဲ့  လခစားအဖြစ်မှ နေ့စားလရှင်းအဖြစ်ရောက်ရှိခြင်းတွေကြောင့်  အလုပ်သမားတွေက နှစ်ကြိမ်နှစ်ခါနစ်နာနေရတယ်လို့ အလုပ်သမား ရေးဆောင်ရွက်သူတွေကပြောဆိုပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026