NEWS

အလုပ်သမားတစ်ထောင်ကျော်ရှိတဲ့ ကျင့်ကျန့် အထည်ချုပ်စက်ရုံ စုပေါင်းဆန္ဒပြ

CoverLogo
500 Views

လှိုင်သာယာ၊ အနောက်ပိုင်းမြို့နယ်၊ အလယ်ကျေးရွာ၊ ရွှေလင်ပန်းစက်မှုဇုန်၊ နဝဒေ မင်းကြီးလမ်း ရှိ ကျင့်ကျန့် အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ စုပေါင်းဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံဟာ အလုပ်သမားစုစုပေါင်း ၁၅၄၀ ဦးဖြင့် လည်ပတ်လုပ်ကိုင်လျက်ရှိပြီး တရုတ်နိုင်ငံသား ပိုင်ဆိုင်ကာ ၂၀၁၅ ဇူလိုင်က စတင်စက်ရုံဖွင့်လှစ်ခဲတာလို့သိရပါတယ်။

၂ဝ၂၃ ဇွန်အချိန်၃ရက်နေ့က အလုပ်သမား စုစုပေါင်း ၂ဝဝ ဦးခန့်တို့က စက်ရုံတွင်း လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်ခြင်းမရှိဘဲ စက်ရုံဝင်းအတွင်းအေးချမ်းစွာစုပေါင်းတောင်းဆိုခဲ့တယ်လို့သိရပါတယ်။

အဆိုပါအလုပ်သမားတွေဟာ အစမ်းခန့် ကာလ (၃)လပြည့်ပါက  ကျွမ်းကျင်ကြေး (၂၀၀၀၀)ကျပ် တိုးပေးရန်နှင့် (၁)နှစ်လျှင် (၁၁၀၀၀)ကျပ် နှစ်တိုးပေးရန်ဆိုတဲ့ တောင်းဆိုချက် အချက် (၂)ချက်အား တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။  

အဲဒီလိုတောင်းဆိုမှုနှင့် ပတ်သက်လို့  လာမဲ့ဇွန်လ၁၅ရက်နေ့မှာ  လှိုင်သာယာ အနောက်ပိုင်း မြို့နယ်ရှိ  အလုပ် သမားရုံးမှာ  အလုပ်ရှင် အလုပ်သမားများ နှစ်ဖက် ညှိနှိုင်းဆွေးနွေးဖို့သဘောတူထားပြီး လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသားတွေပြည်ပကိုအလုပ်ထွက်လုပ်ခွင့်ပိတ်ပင်တာက တရားမဝင်ရွှေ့ပြောင်းသွားလာမှုတွေပိုမိုဖြစ်လာနိုင်တယ်လို့ဆို
May 03, 2024
Cover
Vic song- Myanmar စက်ရုံအလုပ်သမားများ တရိစ္ဆာန်များနှင့် ရောနှော စားသောက်နေရ
May 03, 2024
Cover
Beaume International Garment စက်ရုံမှာ အလုပ်သမားတွေ လုပ်ငန်းခွင်အတွင်းအလုပ်ရပ်နားပြီး တောင်းဆို
May 03, 2024
Cover
Wonderful Apparel စက်ရုံအလုပ်သမားအခွင့်အရေးချိုးဖောက်နေဟုဆို
May 01, 2024
Cover
အထည်စံချိန်ကို ယခင်ထက် ၄ ဆပိုမိုတောင်းခံလာ၊ လုပ်ငန်းခွင်အတွင်း ဂုဏ်သိက္ခာမဲ့စွာလုပ်ကိုင်နေရ
May 01, 2024
Cover
Myanto Industrial စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်နေဟုဆို
Apr 29, 2024
Cover
Saung Oo Shwe Nay စက်ရုံမှ A ရုံ ပြန်ဖွင့်ပေးရန် အလုပ်သမားများ တောင်းဆို
Apr 29, 2024
Cover
NKM စက်ရုံမန်နေဂျာ အမျိုးသမီး ရိုင်းဆိုင်း ဆဲဆို ခိုင်းစေလို့ အလုပ်သမားများ အရှက်ရ
Apr 27, 2024