NEWS

အလုပ်သမားခေါင်းဆောင် ကိုသက်နှင်းအောင် အကျဥ်းထောင်လွတ်ရက်စေ့ချိန် ပျောက်ဆုံးနေ

CoverLogo
733 Views

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS-TUsf)အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ဟာ ပြီးခဲ့တဲ့ဇွန်လက ထောင်လွတ်ရက်စေ့လိုပြန်လွတ်မယ်လို့ မိသားစုထံဆက်သွယ်ပြီး လွတ်ရက်​နေ့မှာပဲပျောက်ဆုံး အဆက်အသွယ်ပြတ်နေတယ်လို့ သိရပါတယ်။

 

“လွတ်ရက်စေ့ပြီး မိသားစုကသွားကြိုတယ်။ အဲ့နေ့မှာပဲ ထောင်ရှေ့မှာ စရဖကပြန်ခေါ်သွားတယ်ဗျ။ အဲ့တာနောက်ဆုံးပဲတွေ့လိုက်ရတာ။ ပြီးခဲ့တဲ့လ ၂၆ရက်နေ့ကပါ။ ကျွန်တော်တို့နဲ့လည်းတွေ့လိုက်ရတယ်ဗျ။ အဲဒီလွှတ်ပေးမဲ့ ထောင်ဘူးဝရှေ့မှာပဲ။ စကားလေးဘာလေးနဲနဲပြောလိုက်ရသေးတယ်။ အဲဒါပြီးပြန်ပါသွားတာ။ ဘာအဆက်သွယ်မှမရဘူးဗျ” လို့ မိသားစုဝင်တစ်ဦးနဲ့ နီးစပ်သူတစ်ဦးကဆိုပါတယ်။ 

 

ကိုသက်နှင်းအောင်ကို ပြီးခဲ့တဲ့ဇွန်လ ၂၆ ရက်နေ့က လွတ်ရက်စေ့လို့ ထောင်မှ ပြန်လွှတ်ပေးမယ်ဆိုတာကြောင့် မိသားစုက သွားစောင့်ကြိုခဲ့ရာ ထောင်ဘူးဝရှေ့မှာမိသားစုနဲ့တွေ့ဆုံစကားပြောခဲ့ရပြီးမှ ပြန်လည်ခေါ်ယူသွားပြီး အဆက်သွယ်ပြတ်တောက်နေခဲ့တာလို့ ဆိုပါတယ်။ 

 

အဲဒီလိုပြန်လည်ခေါ်ဆောင်သွားလို့ မေးမြန်းခဲ့ရာ စရဖရုံးခန်းကိုစုံစမ်းပါဆိုလို့ ဝင်ရောက်မေးမြန်းခဲ့ပေမဲ့ ဝင်ရောက်ခွင့်မရခဲ့ဘဲ ယခုလက်ရှိအချိန်အထိ အဆက်သွယ်မရသေးတာဖြစ်နေတယ်လို့ သိရပါတယ်။ 

 

ကိုသက်နှင်းအောင်ဟာ ချုပ်ရက်ခံစားခွင့်​​နဲ့လွတ်ရက်စေ့ခဲ့တာဖြစ်ပြီး ယခုလိုပျောက်ဆုံးအဆက်သွယ်ပြတ်နေတာနဲ့ပတ်သက်ပြီး ILO(အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့)ကလည်းသဘောထားထုတ်ပြန်ထားပါသေးတယ်။ 

 

ထိုင်းနိုင်ငံဘန်ကောက်ရှိ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)က ကိုသက်နှင်းအောင် ပျောက်ဆုံးအဆက်အသွယ်ပြတ်နေတဲ့အပေါ်

 စိုးရိမ်ကြောင်းနှင့်အမြန်ဆုံးပြန်လွှတ်ပေးရန် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ရက်က ကြေညာချက်ထုတ်တိုက်တွန်း ထားတာပါ။ 

 

ကိုသက်နှင်းအောင်ကို ၂၀၂၁ ခုနှစ် ဇွန်လမှာ စစ်ကောင်စီက ကရင်ပြည်နယ် မြဝတီမှာ ဖမ်းဆီးခဲ့ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲကာ ၂၀၂၂ ဒီဇင်ဘာလ ၅ ရက်နေ့တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ်နှစ် အပြင် ငွေဒဏ် ကျပ် ၂၀,၀၀၀ ချမှတ်ခဲ့တာဖြစ်ပါတယ်။

 

#MyanmarLabourNews 

Photo-ILO


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026