NEWS

အလုပ်သမားကိုယ်တိုင် လျှောက်ထားနိုင်တဲ့ E-Work Permit စနစ်စတင်မည်

CoverLogo
496 Views
 
ထိုင်းနိုင်ငံရောက် မြန်မာ လာအို ကေမ္ဘာဒီးယား ဗီယက်နမ် စတဲ့ ရွှေ့ပြောင်းအလုပ်သမား တွေ အောက်တိုဘာ ၁၃ ရက်နေ့ ကစပြီး "E-Work Permit" အီလက်ထရွန်းနစ်စနစ်ကို စတင်မှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Ms. Trinuch Thienthong ကအောက်တိုဘာ ၆ ရက်တွင်ပြောကြားခဲ့ပါတယ်။
 
အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ အလုပ်သမား တွေကိုယ်တိုင် eworkpermit.doe.go.th ဝက်ဘ်ဆိုဒ်မှတစ်ဆင့်မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း ၊ အီလတ်ထရောနစ်စနစ်မှတစ်ဆင့် လျှောက်လွှာတင်သွင်းခြင်း ၊စစ်ဆေးခြင်း၊ အတည်ပြုခြင်း ၊အလုပ်လုပ်ခွင့်လက်မှတ်ရယူခြင်းတို့ကိုအွန်လိုင်းမှစ်ဆင့်၂၄နာရီပတ်လုံးဆောင်ရွက်နိုင်မှာဖြစ်ကြောင်းသိရပါတယ်။
 
အလုပ်သမား တွေ အနေနဲ့ အွန်လိုင်းမှတစ်ဆင့်လျှောက်လွှာတင်သွင်းမှုစနစ်ဖြင့်ငွေပေးချေပြီးပါက ၊အွန်လိုင်းမှတစ်ဆင့်ရက်ချိန်းယူကာ မျက်နှာစကန်ဖတ်ခြင်း ၊မျက်လုံးသူငယ်အိမ်စကန်ဖတ်ခြင်း၊လက်ဗွေနှိပ်ခြင်းတို့ကိုဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရပါတယ်။
 
အလုပ်လုပ်ခွင့် လျှောက်ထားခြင်း ဝန်ဆောင်မှုရယူနိုင်ရန် အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနသည် တစ်နိုင်ငံလုံးရှိ အလုပ်လုပ်ခွင့်လက်မှတ် ဝန်ဆောင်မှုစင်တာ စုစုပေါင်း ၅၄ ခု ကိုပြင်ဆင်ထားကြောင်းလည်းသိရပါတယ်။
 
ရွှေ့ပြောင်းအလုက်သမား တွေ အနေနဲ့ "e-WorkPermit"စနစ်နဲ့ ပတ်သက်ပြီးအ​သေးစိတ် သိရှိလိုပါက အလုပ်သမားဝန်ကြီးဌာနရဲ့ hotline 1506 ကို ဖုန်းခေါ်ဆိုနိုင်ကြောင်းသိရပါတယ်။

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026