NEWS

အလုပ်သမားက တရားစွဲထားတဲ့ YFA စက်ရုံပိုင်ရှင် ရုံးချိန်းသုံးချိန်းတိတိပျက်ကွက်

CoverLogo
1.3K Views

ရွှေပြည်သာမြို့နယ်တရားရုံးမှာ တရားစွဲဆို​ခြင်းခံထားရတဲ့  YFA ( Yangon Fukuyama Apparel) စက်ရုံပိုင်ရှင်ဟာ တရားရုံးက ဆင့်ခေါ်ထားတဲ့ ရုံးချိန်း သုံးချိန်းလုံးပျက်ကွက်ခဲ့တယ်လို့ အလုပ်သမားဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။

" မလာပါဘူး။ ရုံးချိန်းသုံးကြိမ်တိတိပျက်ကွက်ထားပါတယ်။ မလာဘူး။ ၈ရက်နေ့ပြန်ချိန်းထားတယ်။ အဲ့နေ့တော့အလုပ်သမားဘက်က စာတင်တာ တစ်ခုခုလုပ်ပါမယ်" လို့ ဆိုပါတယ်။

YFA စက်ရုံအလုပ်သမားဖြစ်တဲ့ မအိပိုပိုလှိုင်က တရုတ်နိုင်ငံသား စက်ရုံပိုင်ရှင်ကို 
အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်မှုအတွက် မြို့နယ်အလုပ်သမားရုံးရဲ့ခွင့်ပြုချက်နဲ့ အလုပ်ရှင်ကို  ရွှေပြည်သာမြို့နယ်တရားရုံးမှာ ဇန်နဝါရီလ ၃၁ ရက်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီလိုတရားစွဲဆိုခဲ့တာကြောင့် ရုံးချိန်းချိန်းဆိုခဲ့ပေမဲ့ ရောက်ရှိလာခြင်းမရှိဘဲ 
မတ်လ ၁ရက်အထိ ရုံးချိန်းသုံးချိန်းခေါ်ယူခဲ့ရာမှာလည်း ထပ်မံပျက်ကွက်ခဲ့တာလို့သိရပါတယ်။

YFA စက်ရုံဟာ အလုပ်သမားတွေကိုအ​ကြောင်းမဲ့အလုပ်ထုတ်ပယ်မှုအတွက်လည်း အငြင်းပွားမှုတွေရှိနေတဲ့စက်ရုံဖြစ်သလို  အလုပ်သမား ၁၅၀ ခန့်နဲ့လည်ပတ်နေတာဖြစ်ပြီး အထည်အော်ဒါနည်းတဲ့အကြောင်းပြချက်နဲ့ အလုပ်သမားဥပဒေအရ စက်ရုံပိတ်ရန်ကြိုတင်အသိမပေးဘဲ အလုပ်သမားတွေကို 
နို့တစ်ကြေးမပေးဘဲ  ပြီးခဲ့တဲ့နိုဝင်ဘာလကုန်က အလုပ်သမား ၁၅၀ နီးပါးကို အလုပ်ကရပ်စဲလိုက်တာပါ။

#MyanmarLabourNews

 


Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026