NEWS

အလုပ်သမား ၇၀၀ ကျော်ရှိတဲ့ Hanfex Garment မှာ ဥပဒေပါခံစားခွင်တွေဆုံးရှုံးနေရ

CoverLogo
1.2K Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ ၂ လမ်းတွင် ဖွင့်လှစ်ထားသော တရုတ်နိုင်ငံသားပိုင် Hanfex Garment Co.,Ltd  အထည်စက်ရုံမှာ နေ့စားဝန်ထမ်းတွေကို လုပ်သက် ၃ လကျော်အထိ အမြဲတမ်းဝန်ထမ်းခန့်အပ်ခြင်းမရှိဘဲ  လုပ်ငန်းခွင်အတွင်း ဥပဒေပါခံစားခွင့်တွေလည်း မရရှိတဲ့ အတွက် အလုပ်သမားတွေအနေနဲ့  ဥပဒေပါခံစားခွင့်တွေဆုံးရှုံးနေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

အဆိုပါစက်ရုံမှာတော့ Page One young အမှတ်တံဆိပ် ဂျင်းဘောင်းဘီ အထည်တွေချုပ်လုပ်နေတာဖြစ်ပါတယ်။အလုပ်သမား ၇၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး  နေ့စား အလုပ်သမား ဦးရေ ၇၀ ကျော် ခန့်အပ်ထားတာရှိပြီး လုပ်သက် ၃လ ကျော်သည့်တိုင် အမြဲတမ်းဝန်ထမ်း ခန့်အပ်ခြင်းမပြုတာကြောင့် အလုပ်သမားဥပဒေပါ အခွင့်အရေးတွေ ခံစားခွင့်မရတဲ့  အပြင် အလုပ်တစ်ရက်ပျက်ပါက  အလုပ်ထုတ်ပယ်ခံရတာကြောင့် နေ့စားအလုပ်သမားတွေ အနေနဲ့ နစ်နာနေတယ်လို့ သိရပါတယ်။ စက်ရုံမှာ အလုပ်သမားရေးရာ ညှိနှိုင်းဖြေရှင်းရေး ယန္တရားဖြစ်တဲ့ အလုပ်သမား သမဂ္ဂအဖွဲ့အစည်း ဖွဲ့စည်းထားတာမရှိဘဲ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ 

"တချို့ နေ့စားအလုပ်သမားတွေက သုံးလပြည့်ပြီးသွားတယ်  အတည်ပြုဝန်ထမ်းမခန့်ဘဲနဲ့   အလုပ်အရေးကြီးရင် ခေါ်ခိုင်းတယ်။ အလုပ်ပြီးပြီဆိုရင် အလုပ်ကနေ ထုတ်လိုက်တယ် ။ နေ့စား အလုပ်သမားတွေ လုပ်သက် ၃လပြည့်သွားလည်း အရေးပေါ်ကိစ္စရှိလို့ ခွင့်တစ်ရက်လောက်တောင်းရင်ခွင့်မရဘဲ ချက်ချင်းအလုပ်ကထုတ်ခံရတယ်"လို့ အမည်မဖော်လိုတဲ့ အလုပ်သမားကပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ  မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံအများစုမှာတော့ အမြဲတမ်းဝန်ထမ်းတွေ ခေါ်ယူမှုအစား နေ့စား အလုပ်သမားတွေ ခေါ်ယူမှု များပြားလာတာတွေ့ရပါတယ်။

"နေ့စား အလုပ်သမားပဲဖြစ်ဖြစ် ယာယီအလုပ်သမားပဲ ဖြစ်ဖြစ် အားလုံးက အလုပ်သမားတွေပဲ အလုပ်ရှင်တွေကဥပဒေပါခံစားခွင့်တွေမပေးချင်တော့  နေ့စား အလုပ်သမားဆိုပြီးအလုပ်ခေါ်ကြတယ် သူတို့ထုတ်ချင်တဲ့အချိန်ထုတ်ရအောင် နေ့စားဆိုပြီးထားတာ တကယ်ဆိုရင် ၃လ ပြည့်တယ်ဆိုတာနဲ့ အမြဲတမ်းဝန်ထမ်းခန့်ရမှာ "လို့  အလုပ်သမားအရေးလှုပ်ရှားသူ တဦးကမှတ်ချက်ပြုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေကို  အထည်စံချိန်တောင်းခံရာတွင် စက်လိုင်းတစ်လိုင်းကို စူပါအပါ အလုပ်သမား (၄၅)ဦးထားရှိပြီး တစ်နာရီကို ဂျင်းဘောင်းဘီ လိုင်းပေါက် အထည် ၃၅ ထည် ပေးဖို့ သတ်မှတ်ထားပြီး အလုပ်သမားတွေအနေနဲ့ သတ်မှတ် အထည်ရဖို့အတွက် အသဲသန်ချုပ်လုပ်ရခြင်း၊ စံချိန်တောင်းခံရာတွင်လည်း စူပါများကဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုပြီးအထည်များတောင်းခံနေခြင်း၊ အလုပ်ရှင်ဘက်က အထည်စံချိန်ကိုဖိအား ပေးပြီးတောင်းခံနေတဲ့ အပြင် ဆဲဆိုနေလဲ အလုပ်သမားများကပြန်ပြောရဲခြင်းမရှိတဲ့ အတွက် အလုပ်ရှင်ဘက်မှ ဖိအားပေးခြင်းကိုနေ့စဉ်ခံစားနေရတယ်လို့သိရပါတယ်။

"လူမှုဖူလုံရေးကြေးထည့်ထားရတဲ့ အလုပ်သမားတွေလည်း ကျန်းမာရေးမကောင်းလို့ လူမှုဖူလုံရေးက ဆေးခွင့်ပေးပေမဲ့ စက်ရုံဘက်က ခွင့်မပေးဘဲ လစာဖြတ်တာခံရတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားဥပဒေပါခွင့်ခံစားခွင့်တွေခံစားခွင့်မရတာကြောင့် အလုပ်တရက်ပျက်ပါက ဒေးကြေး ၅၈၀၀ ကျပ် ရက်မှန်ကြေး ၁၀၀၀၀ ကျပ်ဖြတ်တောက်ခံရလို့ နစ်နာမှုရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။

ဆက်လက်ပြီး လုပ်ငန်းခွင်ထဲမှာ နိုင်ငံခြားသား (တရုတ်) များမှ တိုက်ရိုက် အုပ်ချုပ် ခိုင်းစေ နေတာ တွေရှိပြီး လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေ အသုံးပြုတဲ့ သန့်စင်ခန်းတွေသန့်ရှင်းမှုမရှိတာတွေ ကြုံတွေ့နေရပြီး လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026