NEWS

အလုပ်သမား ၅၀၀ ဦးထံမှ ငွေကျပ်သိန်းတစ်သောင်းကျော် လိမ်လည်ထားတယ်ဆိုတဲ့ JMK အေဂျင်စီကို စတင်စစ်ဆေး

CoverLogo
442 Views

ထိုင်းနိုင်ငံသို့  ပို့ဆောင်ပေးမယ်ဆိုကာ  အလုပ်သမား ၅၀၀ ဦးထံမှ  ကျပ်သိန်းပေါင်း တစ်သောင်းကျော် လိမ်လည်ထားတယ်ဆိုတဲ့  JMK အေဂျင်စီကို ဒီကနေ့ဇွန်၅ရက်နေ့မှာ စတင်စစ်ဆေးနေတယ်လို့   သိရပါတယ်။

"ဒီကနေ့မှစစစ်တာ။ ဘာမှမကြားရ မသိရသေးဘူး" လို့ အေဂျင်စီ အသိုင်းအဝိုင်းမှ သိရပါတယ်။

အဆိုပါ JMK အေဂျင်စီအနေနဲ့ အလုပ်သမားတွေကို ထိုင်းနိုင်ငံ၊ ဖစ်ဘူရီမြို့၊ သုံးဘီးဆိုင်ကယ်စက်ရုံနဲ့ သံပန်းတံခါး အလုပ်တွေမှာ အလုပ်ရရှိ လုပ်ကိုင်ရမယ်ဆိုကာ အလုပ်သမား ၅၀၀ ဦးထံမှ  ကျပ်သိန်း တစ်သောင်းကျော်အထိ  လိမ်လည်ထားတာလို့ သတင်းတွေထွက်ပေါ်လာတာ​ကြောင့် ကရင်ပြည်နယ်အလုပ်သမားဦးစီးဌာနက ခေါ်ယူစစ်ဆေးတယ်လို့ သိရပါတယ်။

အဆိုပါအလုပ်သမားတွေဟာ  ထိုင်းကို ပို့ပေးမယ်ဆိုတာ စာချုပ်ချုပ်ထားပေမဲ့ ချုပ်ဆိုပြီး  ၇ လခန့်ကြာသည့်အထိ ထိုင်းနိုင်ငံသို့ပို့ဆောင်ပေးခြင်းမရှိသလို ကောက်ယူထားတဲ့ငွေကြေးပြန်လည်မပေးအပ်တဲ့အပြင် ပတ်စ်ပို့တွေ သိမ်းဆည်းထားတယ်လို့အလုပ်သမားတွေက ဆိုထားပါတယ်။

အဲဒီလိုသတင်းတွေထွက်ပေါ်လာတာကြောင့် ကရင်ပြည်နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနကနေ စစ်ဆေးမှုပြုလုပ်ဖို့ဇွန်၁ရက်နေ့က ဆင့်ခေါ်ခဲ့တာဖြစ်ပြီး  ယနေ့ ဇွန်လ ၅ ရက်နေ့ နံနက် ၁၁ နာရီကတွေ့ဆုံစစ်ဆေးခဲ့တာဖြစ်ကာ ယင်းသို့တွေ့ဆုံစစ်ဆေးမှုနဲ့ပတ်သက်ပြီး လတ်တလောမှာတော့တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမျိုးတော့ မရှိသေးသလို ပြည်ပကိုအလုပ်သမားစေလွှတ်နေတဲ့အေဂျင်စီအသိုင်းအဝိုင်းမှာလည်း တစ်စုံတစ်ရာသိရှိရခြင်းမရှိသေးဘူးလို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
(၁၃၄)ကြိမ်မြောက် မေဒေးနေ့ စကားဝိုင်းဆွေးနွေးပွဲ
May 05, 2024
Cover
အမျိုးသားတွေပြည်ပကိုအလုပ်ထွက်လုပ်ခွင့်ပိတ်ပင်တာက တရားမဝင်ရွှေ့ပြောင်းသွားလာမှုတွေပိုမိုဖြစ်လာနိုင်တယ်လို့ဆို
May 03, 2024
Cover
Vic song- Myanmar စက်ရုံအလုပ်သမားများ တရိစ္ဆာန်များနှင့် ရောနှော စားသောက်နေရ
May 03, 2024
Cover
Beaume International Garment စက်ရုံမှာ အလုပ်သမားတွေ လုပ်ငန်းခွင်အတွင်းအလုပ်ရပ်နားပြီး တောင်းဆို
May 03, 2024
Cover
Wonderful Apparel စက်ရုံအလုပ်သမားအခွင့်အရေးချိုးဖောက်နေဟုဆို
May 01, 2024
Cover
အထည်စံချိန်ကို ယခင်ထက် ၄ ဆပိုမိုတောင်းခံလာ၊ လုပ်ငန်းခွင်အတွင်း ဂုဏ်သိက္ခာမဲ့စွာလုပ်ကိုင်နေရ
May 01, 2024
Cover
Myanto Industrial စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်နေဟုဆို
Apr 29, 2024
Cover
Saung Oo Shwe Nay စက်ရုံမှ A ရုံ ပြန်ဖွင့်ပေးရန် အလုပ်သမားများ တောင်းဆို
Apr 29, 2024