NEWS

အလုပ်သမား ၁၀၀၀ ကျော်ရှိ GTIG အထည်ချုပ်စက်ရုံပိတ်သိမ်းဖို့ တင်ပြထားတာမရှိသေး

CoverLogo
1K Views

ရွှေပြည်သာမြို့နယ်က အလုပ်သမား ၁၃၀၀ ခန့်နဲ့လည်ပတ်နေတဲ့ GTIG အထည်ချုပ်စက်ရုံဟာ စက်ရုံပိတ်သိမ်းမယ်လို့ဆိုထားပေမဲ့ သက်ဆိုင်ရာဌာနမှာ စက်ရုံပိတ် ခွင့်ပြုချက်တောင်းခံတင်ပြထား​တာမရှိသေးဘူးလို့ အဲဒီစက်ရုံအလုပ်သမားအရေးကူညီနေသူထံမှ သိရပါတယ်။

" ကျွန်တော်တို့စုံစမ်းရသလောက်တော့ ခွင့်ပြုချက်တင်တာမရှိသေးဘူး။ ကျွန်တော်တို့သမဂ္ဂတွေကလည်း သူတို့ရဲ့ဥပဒေနဲ့အညီပေးတဲ့နစ်နာကြေးတွေကို စက်ရုံပိတ်ခွင့်ပြုချက်ရပြီဆိုမှလက်ခံနိုင်မယ်ပြောထားပါတယ်'"လို့ ဆိုပါတယ်။

စက်ရုံတွေအနေနဲ့ ပိတ်သိမ်းလိုပါက သက်ဆိုင်ရာ အလုပ်သမားရုံးသို့ ခွင့်​ပြုချက်တင်ပြပြီး ခွင့်ပြုချက်ရမှသာ အလုပ်ပိတ်နစ်နာကြေးဥပဒေနှင့်အညီဖြေရှင်းဆောင်ရွက်ပြီးမှ ပိတ်ခွင့်ရမှာဖြစ်ပေမဲ့  GTIGစက်ရုံကတော့ ခွင့်ပြုချက်မတင်ထားဘဲ ဖေဖော်ဝါရီလ ၂၈ ရက်မှာ စက်ရုံပိတ်မယ့်အကြောင်း အလုပ်သမားတွေကို အသိပေးထားတယ်လို့ဆိုပါတယ်။

ဝါးတရာစက်မှူဇုန်မှာ ဖွင့်လှစ်ထားတဲ့  အဆိုပါGTIG အထည်ချုပ်စက်ရုံဟာ လုပ်ငန်းခွင်အငြင်းပွားမှုမကြာခဏဖြစ်ပေါ်နေတဲ့ စက်ရုံဖြစ်ပြီး အဲဒီစက်ရုံမှာ ဖြစ်ပေါ်နေတဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအပေါ် တိုင်ကြားမှုတွေပြုလုပ်ခဲ့ရာ  Brand ကုမ္ပဏီဘက်ကလာရောက်စစ်ဆေးပြီး အလုပ်ရှင်ရဲ့မှားယွင်းမှုတွေ့ရှိရလို့   အလုပ်ရှင် အလုပ်သမားပြေလည်မှုရရှိတဲ့ အထိ ညှိနှိုင်းပြေလည်မှုရရှိခဲ့ပြီးနောက်  ယခုလိုပိတ်သိမ်းမယ်ဆိုတဲ့ကြေညာချက်ထွက်လာတာဖြစ်တယ်လို့  သ်ိရပါတယ်။  

စက်ရုံဟာ ၂၀၁၇ တွင် စတင်ဖွင့်လှစ်ကာအလုပ်သမား ၁၃၀၀ နီးပါးခန့်ဖြင့် လည်ပတ်နေတာဖြစ်ပြီး  ကော်ထိုက် ၅ ရုံတွဲမှာ ကော်ထိုက်၄ လို့လူသိများသလို  အလုပ်သမားအခွင့်အရေးချိုးဖောက်မှူများ မကြာခဏဖြစ်ပွားတဲ့စက်ရုံလည်းဖြစ်တယ်လို့ သိရပါတယ်။

#YS
#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026