NEWS

အလုပ်သမား ၁၀ ဦးနဲ့အထက် ရှိ လုပ်ငန်းများ မှ အလုပ်သမားတွေကို  အနည်းဆုံး အခကြေးငွေ ၄၈၀၀ ကျပ် အပြင် အပိုထောက်ပံ့ငွေ ၁၀၀၀ ကျပ် ပေးရမယ်ဟုဆို

CoverLogo
689 Views

အလုပ်သမား ၁၀ဦးနဲ့ အထက် ရှိတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကိုအနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ် အပြင် အပိုထောက်ပံငွေ ၁၀၀၀ ကျပ် ကို ပါ ပေးရမှာ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ရှိ အလုပ်သမားဝန်ကြီးဌာန မှ သိရပါတယ်။ 


အလုပ်သမားဝန်ကြီးဌာနရဲ့ အောက်တိုဘာ  ၅ရက် ထုတ်ပြန်ချက် မှာတော့ တစ်ရက်အလုပ်ချိန် ၈နာရီ အတွက် အနည်းဆုံးအခကြေးငွေ ၄၈၀၀ကျပ် အပြင် အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်ကို CMP လက်ခစား စနစ် နဲ့ လုပ်ကိုင်နေတဲ့ လုပ်ငန်းများမှ အလုပ်သမားတွေ သာ ရရှိမှာ ဖြစ်တယ်လို့  ထုတ်ပြန်ခဲ့ပေမယ့် အောက်တိုဘာ ၉ ရက်မှာတော့ အလုပ်သမား ၁၀ ဦးနှင့် အထက် ရှိသည့်


လုပ်ငန်းများ တွင် လုပ်ကိုင်နေသည့် အလုပ်သမား များ ပါ ရရှိ မှာ ဖြစ်ကြောင်း ထပ်မံ ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။ 
''၄၈၀၀ ကျပ် အပြင် ထောက်ပံ့ကြေး ၁၀၀၀ ကျပ် ကို ပထမ CMP အလုပ်ရုံက အလုပ်သမားတွေပဲ ရပေမယ့် အခု တနိုင်ငံ လုံးမှာ ရှိတဲ့  အလုပ်သမား ၁၀ဦးနဲ့ အထက် ရှိ လုပ်ငန်း အားလုံးက လုပ်သားတွေ ရမှာ ပါ  ''ဟု အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောပါတယ်။ 


အစိုးရဝန်ထမ်းတွေ အတွက် အပိုထောက်ပံ့ကြေး အဖြစ် တစ်လကို ၃၀၀၀၀ ကျပ် ရရှိမှာ ဖြစ်ပေမယ့် ပုဂ္ဂလိက လုပ်ငန်းများရှိ နေ့စားလရှင်း  အလုပ်သမားတွေက အပိုထောက်ပံ့ကြေး တစ်လ ကို၂၆၀၀၀ ကျပ် သာ ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ 


"အခု က အနည်းဆုံးအခကြေးငွေ တိုးတာ မဟုတ်ဘူး အပိုထောက်ပံ့ကြေး ဖြစ်တဲ့ အတွက် အချိန်ပို အတွက် တွက်တာ ကိုတော့ ၄၈၀၀ ကျပ် နဲ့ တွက်ပြီးရမှာ ဖြစ်တယ်''ဟု  အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူက ဆက်လက်ပြောကြားပါတယ်။ 


တစ်ရက်အလုပ်ချိန် ၈နာရီ အတွက်  အနည်းဆုံးအခကြေးငွေ  ၄၈၀၀ကျပ် အပြင် အပိုထောက်ပံကြေး ၁၀၀၀ကျပ် ပါ ရရှိမှာ ဖြစ်တဲ့ အတွက် အလုပ်သမားတစ်ဦး၏ တစ်ရက် အနည်းဆုံး ရရှိငွေမှာ ၅၈၀၀ ကျပ် ရရှိ ရမည် ဖြစ်တယ်လို့ သိရပါတယ်။ 


အဆိုပါ အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ် ကို ယခု လ အောက်တိုဘာ ၁ရက်က စပြီး အလုပ်သမား၁၀ဦးနှင့် အထက် ရှိ လုပ်ငန်းများ မှ အလုပ်သမား များ ရရှိမှာ ဖြစ်ပြီး အလုပ်သမား ၁၀ဦးအောက် ရှိ မိသားစု လုပ်ငန်းများ မပါဝင်ကြောင်း သိရပါတယ်။ 


#HanTharHein
#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026