NEWS

အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို

CoverLogo
290 Views
 
ပြည်ပကို မထွက်ခွာရသေးတဲ့ လုပ်သားသစ်(Fresh Worker)များဟာ ဝန်ကြီးဌာန မှ သတ်မှတ်ထားတဲ့ စနစ်တကျစုဆောင်းခြင်း၊ ပြည်ပသို့မထွက်ခွာမီ သင်တန်းတက်ရောက်ခြင်းနဲ့ ဆေးစစ်ခံခြင်း လုပ်ငန်းစဉ်များကို ကျော်လွှားနိုင်ရန် အတွက် ခွင့်ပြန် အလုပ်သမား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာဖို့ လုပ်ဆောင်လာတာတွေရှိနေတယ်လို့ အလုပ်သမားညွန်ကြားမှုဦးစီးဌာနမှ မတ်လ၂၅ရက်မှာထုတ်ပြန်တဲ့ ခွင့်ပြန်အလုပ်သမားများ၏ပြည်ပထွက်ခွာခွင့်များနှင့်စပ်လျဉ်း၍ ကြေညာချက်မှာ ဖေါ်ပြလာတာတွေ့ရပါတယ်။
 
အခုလို လုပ်ငန်းခွင်အာမခံချက် မရှိဘဲ ခွင့်ပြန် လုပ်သား အဖြစ်တရားမဝင်သွားရောက်သူ တွေဟာ ဥပဒေကြောင်းအရ အကာကွယ်မဲ့ခြင်း၊လုပ်အားခေါင်းပုံဖြတ်ခံရခြင်း၊ပြည်နှင်ဒဏ်ခံရခြင်း စတဲ့ အန္တရာယ် တွေ နဲ့ ကြုံတွေ့နိုင်တယ်လို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။
 
"ဒီလို ပြသာနာတွေက တရားဝင် ပြည်ပ လုပ်သား စေလွှတ်ခွင့်ကို ကန့်သတ်ပိတ်ပင်တာတွေရဲ့ နောက်ဆက်တွဲ ပြသာနာတွေပဲ။ ဌာနဘက်က အသက် ၃၅ နှစ်အောက်အမျိုးသားတွေ ထွက်ခွင့်ပိတ်ထားတယ် ပြည်ပထွက်ခွင့်ကြန့်ကြာအောင် လုပ်ထားတော့ သွားချင်တဲ့ လူငယ်တွေက လည်း ရသလိုသွားတယ် ဒီအပေါ် အမြတ်ထုတ်ဖို့ စောင့်နေတဲ့ ပွဲစားတွေက မမှန်ကန်တဲ့ နည်းအမျိုးမျိုးနဲ့ ထွက်လို့ရအောင် လုပ်တယ် တစ်ခုခုဖြစ်တာနဲ့ တကယ်တမ်းနစ်နာဆုံးရှုံးတာက လုပ်သားပဲလေ ပွဲစားတွေကတော့ ရသလိုရှောင်ထွက်ကျမှာပဲ ""လို့ ပြည်ပအလုပ်ကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
 
အလုပ်သမားဝန်ကြီးဌာန ၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အနေနဲ့ပြည်ပထွက်ခွာခွင့်များနှင့်စပ်လျဉ်း၍ မမှန်မကန် လိမ်လည်တင်ပြလာသူနဲ့ မမှန်မကန် လိမ်လည်မှုများရဲ့ နောက်ကွယ်မှပါဝင်ကူညီသော သက်ဆိုင်ရာအဖွဲ့အစည်း၊ ပုဂ္ဂိုလ်များကို စုံစမ်းဖော်ထုတ်၍ ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေ အပါအဝင် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအရ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်မှာ ဖြစ်သလို လိမ်လည်တင်ပြသူကိုလည်း ကာလ သတ်မှတ်ချက်တစ်ခုဖြင့် ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခြင်း၊ အမည်မည်းစာရင်း (Blacklist) ထည့်သွင်းဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
 
အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ပြည်ပထွက်ခွာမယ့် အလုပ်သမား အသစ်တွေ အပေါ်မှာ ကန့်သတ်ပိတ်ပင်တာတွေ ပြုလုပ်သလို ခွင့်ဖြင့်ပြည်ပကပြန်လာတဲ့ လုပ်သားတွေ အပေါ်မှာလည်း အမျိုးမျိုးသော စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ခြင်း ထွက်ခွာရန် ခွင့်ပြုချက် ကြန့်​ကြာတာတွေ ကြောင့် လည်း ခွင့်ပြန်လုပ်သားတွေမှာ ဆုံးရှုံးနစ်နာတာတွေ များစွာ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026