NEWS

အလုပ်သမား အခွင့်အရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီ ဖမ်းဆီးပြီးနောက် ၇ ဦးထပ်မံ ဖမ်းဆီးကာ ရုံးကိုသော့ခတ်သွား

CoverLogo
520 Views
 
အလုပ်သမားအခွင့်အရေးလှုပ်ရှား ဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ဇူလိုင် ၂၅ ရက်ည ၉ နာရီ ၃၀ ခန့်မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူး နဲ့ အရပ်ဝတ် ၁၀ ဦးခန့်က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပြန်လွှတ်ပေးခြင်းမရှိသလို သမီးဖြစ်သူအပါအဝင် နောက်ထပ် ၇ ဦးကို ဇူလိုင် ၂၈ ရက်ညမှာ ထပ်မံဖမ်းဆီးသွားတာပါ။
 
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) STUM ဦးဆောင်သူ ဖြစ်တဲ့ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီက ၂၀၂၁ ဧပြီ ၁၅ ရက်မှာလည်း ပုဒ်မ ၅၀၅ (က) နဲ့ ၆ လကြာ ဖမ်းဆီးထောင်ချခဲ့ပြီး အခုလို ထပ်မံဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။
 
အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးနဲ့ သမီးဖြစ်သူ အပါအဝင် စုစုပေါင်း ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသလို ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ နဝရက် လမ်းမှာရှိတဲ့ STUM ရုံးခန်းကိုလည်း သော့ခတ်သွားတယ်လို့ သိရပါတယ်။
 
ဖမ်းဆီးခံထားရတဲ့ ဒေါ်မျိုးမျိုးအေးဟာ ကျန်းမာရေးအရ ဆေးဝါးပုံမှန်သောက်သုံးဖို့လိုအပ်တဲ့ အခြေအနေမှာရှိနေတာကြောင့် စိုးရိမ်နေရတယ်လို့ သိရပါတယ်။
 
နောက်ထပ်ဖမ်းဆီးခံရသူ တွေထဲမှာ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၃ ဦး ပါဝင်ပြီး အားလုံးကို မည်သည့်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာ သိရှိရသေးခြင်းမရှိသလို အဆက်အသွယ်ရတာမရှိဘူးလို့ နီးစပ်သူတွေထံက သိရပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026
Cover
လုပ်ခတိုးပေးဖို့နဲ့ လုပ်ငန်းခွင်ဆိုင်ရာ တောင်းဆိုချက်တွေပေးဖို့ ဆန္ဒပြတောင်းဆိုမှုကို Dongxin Garment Co, Ltd လိမ်လည်ဖြေရှင်း
May 29, 2026
Cover
Dishang Fashion (Myanmar) ကိုယ်ထိလက်ရောက် ကျူးလွန်မှု နစ်နာသူအား အလုပ်ပြန်ခန့်ရန် အလုပ်သမားများ တောင်းဆိုထား
May 26, 2026