ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန် ၂ အတွင်းက SIOEN Myanmar အထည်ချုပ်စက်ရုံမှာ အလုပ်သမား သုံး ဦးကိုဓါးထောက်ကြိုးတုပ်ကာအထည်ချုပ် စက်ရုံအတွင်းမှ ATM စက်ကိုဖောက်ထွင်းပြီးပိုက်ဆံများခိုးယူမှု စက်တင်ဘာ၃ရက်က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဖြစ်စဉ်မှာ "စက်တင်ဘာ၃ရက်နေ့ မနက် ၃ နာရီဝန်းကျင်လောက်မှာခန့်မှန်းခြေလူ ၆ ယောက်ခန့်ကစက်ရုံရဲ့တံခါးကိုဖွင့် ခိုင်းခဲ့ပါတယ်။ စက်ရုံရဲ့လုံခြုံရေးတွေကဖွင့်မပေးတဲ့အတွက်အုတ်တံတိုင်းနံရံပေါ်မှကျော်တက်ပြီးအထဲကိုဝင်ခဲ့ပါတယ်။အထဲရောက်တဲ့အခါမှာ CCTV တွေကိုဖြုတ်ပြီး လုံခြုံရေး ၃ ဦး ကားသမား ၂ ဦး ကို ဓား နဲ့ထောက်ကြိုးနဲ့တုပ်ပြီး ATM စက်ကိုဖောက်ထွင်းပြီးအထဲကငွေများကိုယူဆောင်သွားတယ်လို့ အလုပ်သမားများကဆိုတယ်လို့" FGWM တာဝန်ရှိသူထံကသိရပါတယ်။
ခိုးယူသွားမှုမှာ ငွေကြေးဘယ်လောက်ပါသွားတယ်ဆိုတာကတော့ အတိအကျမသိရှိရေသးပါဘူး။
ဖြစ်ပွားပြီး မနက် ၇ ကျော်ဝန်းကျင်လောက်မှာတော့ စစ်သားနဲ့ရဲတပ်ဖွဲ့ များရောက်လာပြီးစစ်ဆေးမှု့တွေပြုလုပ်နေတာကို တွေ့ရတယ်လို့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။
လွန်ခဲ့သောတစ်လလောက်ခန့်က အဆိုပါစက်ရုံမှာ လစာဘယ်နေ့ထုတ်မှာလဲလို့ စက်ရုံကဖယ်ရီကားတွေဘယ်အချိန်ပြန်လွတ်လဲဆိုပြီး ဆိုင်ကယ်နဲ့ လူလေးငါးယောက်က စက်ရုံရှေ့မှာမုန့်ရောင်းနေတဲ့ဈေးသည်တွေကိုမေးမြန်းမှု့တွေရှိခဲ့တယ်ဆိုပြီး အလုပ်သမားများ မှပြောပြချက်အရ သိရပါတယ်။
MyanmarLabourNews









