NEWS

အလုပ်သမား သဘောဆန္ဒမပါဘဲ ရက်အစားထိုးခြင်းအား အတင်းအကျပ်ပြုလုပ်

CoverLogo
821 Views

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊၁၃ရပ်ကွက် မဥ္ဇူလမ်း ကွင်းအမှတ်(၅၂စီးပွားဇုန်) ရှိ Hakers Enterprise Myanmar အထည်ချုပ် စက်ရုံမှာ

အလုပ်သမားသဘောဆန္ဒမပါဘဲ တနလာ်နေ့အစား တနဂ်နွေနေ့ အား ရက်အစားဆင်းရမယ်လို့ ဆိုပါတယ်။

 

" တနဂ်နွေ OTခေါ်ရင် နှစ်ဆပေးရမယ် ခုက နှစ်ဆမပေးချင်ဘဲ တနလာ်နေ့အစားဆိုပြီး လုပ်တယ် ၊ တနဂ်နွေပိတ်ပြီး တနလာ်ပြန်ဆင်း အင်္ဂါနေ့ ပြန်ပိတ် ဆိုတော့လဲ မလုပ်ချင်ဘူး တနဂ်နွေ ၂ဆလဲမပေးချင်ဘူး စက်ရုံဘက်က အလုပ်သမားတွေနဲ့ ညှိ့ညှိ့နှိုင်းနှိုင်းမလုပ်ဘူး အတင်းအကြပ်လက်မှတ်ထိုးခိုင်းနေလို့မကျေနပ်တာ"လို့ အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။

 

အများပြည်သူရုံးပိတ်ရက်တွေနဲ့ အခါကြီးပိတ်ရက်တွေမှာ အလုပ်ဆင်းရပါက အလုပ်သမားဥပဒေအရ ဒေးကြေးကို ပုံမှန်ထက် ၂ ဆ နှုန်းနဲ့ပေးချေရမှာဖြစ်ပေမဲ့ ပေးချေစရာမလိုအောင် ရက်အစားထိုးဆင်းခိုင်းတဲ့နည်းနဲ့ဖြေရှင်းတာဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

 

 

" စက်ရုံက တနလာ် ၊ အင်္ဂါ(ဝါဆိုလပြည့်နေ့)ပိတ်ပေးမယ် တနလာ်နေ့အစား တနဂ်နွေနေ့ကို ရက်အစားဆင်းပေးရမယ်ဆိုပြီး လိုင်းကြီးကြပ်ရေးမှူး Super Leader တွေက အတင်းအကြပ်လက်မှတ်ထိုးခိုင်းတယ် ၊ သဘောမတူဘူး လက်မခံဘူးဆိုပြီး လက်မှတ်မထိုးပေးတဲ့သူတွေကိုလဲ HR ကခေါ်ဆူတယ်၊ ညီမတို့အလုပ်သမားတွေက တနဂ်နွေ တနလာ် အင်္ဂါ ပိတ်ပေး စနေနေ့ကို နေ့ဝက်အစားပြန်ဆင်းပေးမယ်ဆိုတာကို လက်မခံဘူး"လို့အဆိုပါ စက်ရုံမှ ဝန်ထမ်းတစ်ဦးကပြောဆိုပါတယ်။

 

အဆိုပါစက်ရုံသည် တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး

REGATTA တံဆိပ်ကိုချုပ်လုပ်နေတာဖြစ်ပါတယ်။

 

#MyanmarLabourNews 

 


Related posts

Cover
စက်ရုံပိတ်မည် အကြောင်းပြ လူလျှော့ခြင်းအား ပွင့်လင်းမြင်သာစွာဆောင်ရွက်စေလိုဟုဆို
Sep 12, 2025
Cover
New Plus စက်ရုံတွင်း ခွဲခြားဆက်ဆံမှုနှင့် ဘက်လိုက်မှုများ
Sep 12, 2025
Cover
ပွဲစား ပစ်ထားခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၅၆ ဦး အဖမ်းခံရ
Sep 12, 2025
Cover
ပုသိမ် Dong Long အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက် ကျုးလွန်ခိုင်းစေ
Sep 11, 2025
Cover
ဖြတ်တောက်ထားတဲ့ လုပ်အားခတွေပြန်လည်တွက်ချက်ပေးဖို့ အလုပ်သမားတွေပြော
Sep 11, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ
Sep 09, 2025
Cover
သီတင်းကျွတ် အကြောင်းပြပြီး စက်ရုံအများစုမှာ ငွေကောက်ခံနေ
Sep 09, 2025
Cover
Max Technology စက်ရုံ ကြိုပို့ယာဉ် အဆင်မပြေဘဲ၊ ယာဉ်စီစဉ်သူက ဆဲဆို
Sep 09, 2025