NEWS

အလုပ်သမား ရေးရာ ညှိဖျန် ရုံးကိုတိုင်ကြားတဲ့အလုပ်သမားအလုပ်ထုတ်ခံရ

CoverLogo
1.2K Views

လှိုင်သာယာမြို့နယ်  စက်မှုဇုန်-၃ န၀ဒေးမင်းကြီးလမ်းရှိ တရုတ်နိုင်ငံသားပိုင်  Dangxin Garment ထုန်ချင်းအထည်ချုပ်စက်ရုံမှာ အလုပ်သမားအများစုဟာ အကြောင်းအလုပ်ထုတ်ခံရတာတွေရှိနေ တယ်လို့ အလုပ်ထုတ်ခံရတဲ့ လုပ်သား တွေကဆိုပါတယ်။  

"ဖြုတ်ခံရသူတွေက လုပ်သက် တစ်လကျော် ၁၅ရက် တစ်ပတ်တွေကိုဖြုတ်တာပါ။ သူတို့ကနေ့စားတွေကိုဖြုတ်တယ်။ အစမ်းခန့်တွေကိုဖြုတ်တယ် နေ့စားဆိုလစားပြောင်းပေးရမှာကိုမပြောင်းပေးဘဲ အမျိုးစုံဖြုတ်တယ်။ ကျွန်မကိုဖြုတ်တုန်းကလည်း ကြိုက်တဲ့နေရာသွားတိုင် ဆိုပြီးဖြုတ်တယ်။ လုပ်သက်တစ်လခွဲကျော်မှာဖြုတ်လိုက်တယ်။ ကျွန်မကအလုပ်ရှာရတာကခက်တဲ့အတွက် နစ်နာကြေးမလိုချင်ပါဘူး လုပ်ငန်းခွင်ပြန်၀င်ရတာမျိုးပဲဖြစ်ချင်တာပါ"လို့  အလုပ်ထုတ်ခြင်းခံထားရသူအလုပ်သမားတစ်ဦးက ဆိုပါတယ်။

အဆိုပါစက်ရုံမှ အလုပ်သမားများဟာ အီးစီစာချုပ်(EC)ချုပ်ပေးခြင်းမရှိပါဘဲ  မန်နေဂျာနဲ့အဆင်မပြေသူလုပ်သားများ ကို အကြောင်းမဲ့အလုပ်ထုတ်ခြင်း၊ အလုပ်ခန့်ထားတဲ့အလုပ်မဟုတ်ဘဲ လုပ်ငန်းမျိုးစုံခိုင်းသလိုလုပ်ပေးနေရခြင်း နေ့စားအဖြစ်သာခိုင်းစေပြီး  လစားအဖြစ်ပြောင်းလဲမပေးခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အဆိုပါ စက်ရုံမှာ အလုပ်သမားလေးရာကျော်ရှိပြီး စက်လိုင်းတစ်လိုင်းမှာ ၃၅ယောက်နှုန်းဖြင့် လုပ်ငန်းလည်ပတ်ကာ  လုပ်ငန်းရှင်ကိုယ်စားလှယ် HR မန်နေဂျာကလည်း လုပ်ချင်သလိုလုပ် သူတို့နဲ့အဆင်မပြေရင် အကြောင်းမရှိဘဲ ဖြုတ်ချင်သလိုဖြုတ်နေတာတွေကြောင့်  အကြောင်းမရှိအလုပ်ဖြုတ်လိုက်တဲ့အလုပ်သမားတွေ ခန့်မှန်အလုပ်သမားနှစ်ရာကျော်အထိ ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

"စက်လိုင်းထဲမှာမချုပ်ဘူးဆိုရင် လက်မှတ်ထိုးရမယ်ပြောတယ်။ ၀မ်တိန်ထိုးရမယ်ဆိုရင် ငါ့ဘက်ကမကောင်းတာ လုပ်ထားတာဘာတစ်ခုမှ မရှိဘူး။ နင်တို့ခိုင်းတာငြင်းဆိုထားတာလည်းမရှိဘူး။ နင်တို့ခိုင်းသမျှလည်း အကုန်လုပ် ပေးတယ်။ စာရင်ပိုင်းကအစတစ်ခုမှမပျောက်အောင်လုပ်ပေးနေတာတောင် ခုလိုဆိုအဆင်မပြေဘူးဆိုပြီး ညှိဖျန်ကိုသွားခဲ့တယ်။ ညှိဖျန်ကလည်း အစ်မကိုအလုပ်ထုတ်လိုက်ပြီလားတဲ့ မိသားစုသဘောညှိပေးပါ စက်ရုံမှာလည်းညှိလို့မရတော့ဘူးဆိုတော့ စက်ရုံကိုဆင့်ခေါ်စာပို့တယ်။ လာဖြေရှင်းတဲ့သူကတစ်ယောက် ဖြစ်တာကတစ်ယောက် အဆင်မပြေဘူး။ တိုင်လို့ဆိုပြီးအလုပ်ထုတ်လိုက်တယ်။ ညှိဖျန် ညှိမရတော့ဘူး။ သူတို့ကလည်း ရုံးကိုတိုင်လို့ ပြန်မခန့်ဘူး" လို့ ၎င်းကဆိုပါတယ်။

လက်ရှိမှာ လုပ်ငန်းခွင်မပြေလည်မှုကြောင့် ညှိဖျန်သို့တိုင်ကြားရာမှ အလုပ်ထုတ်ခံရကာ အဆင်မပြေမှုကြောင့်  ခုံသမာဓိသို့  ဆက်လက်တိုင် ကြားထားတာကြောင့်  စစ်ဆေးပြီးသော်လည်း အမိန့်မချပေးဘဲ အချိန်ကြန့်ကြာနေသည်မှာ တစ်လခန့်အထိ ကြာမြင့်နေပြီဖြစ်တာကြောင့်  အမြန်ဆုံးအမိန့်ချပေးစေလိုတယ်လို့လည်း  ဆိုပါတယ်။

၎င်းအနေဖြင့်  အလုပ်ထုတ်နစ်နာကြေးရလိုခြင်းမဟုတ်ဘဲ အလုပ်အကိုင်ပြန်လည်ရှာဖွေရန်ခက်ခဲတာကြောင့် လုပ်ငန်းခွင်ပြန်လည်၀င်ရောက်ရေးကိုသာ လိုလားတာကြောင့် ခုံသမာဓိအနေဖြင့် အမိန့်ချလာတာကိုစောင့်ဆိုင်းနေခြင်းဖြစ်ကာ အလုပ်ထုတ်နစ်နာကြေးပေးရန်သာ အမိန့်ချခဲ့ပါက လုပ်ငန်းခွင်ပြန်လည်၀င်ရောက်နိုင်ရေးအတွက် ခုံသမာဓိကောင်စီအထိ ဆက်လက်တိုင်ကြားသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ ထုန်ချင်း အထည်ချုပ်စက်ရုံမှာ TERRANOVA, WASHABLE DOWN, Be`s Carol စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်တာလို့သိရပါတယ်။

MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026