NEWS

အလုပ်သစ်လျှောက်ထားသူတွေ CV ဖောင်တင်စရိတ် သောင်းဂဏန်းထိကုန်ကျနေ

CoverLogo
425 Views

ရန်ကုန်မြို့မှာ အလုပ်အကိုင်သစ်ရှာဖွေလိုသူတွေအနေနဲ့အလုပ်လျှောက်လွှာတွေတင်ရာမှာ ကုန်ကျစရိတ်တွေပိုများလာတယ်လို့အလုပ်ရှာဖွေ လျှောက်ထားနေသူတွေကပြောပါတယ်။

လက်ရှိမှာမိတ္တူဆွဲခတွေဟာလည်းအရင်ထက်မြင့်တက်လာသလိုဓာတ်ပုံ‌ရိုက်ခ၊ CV ဖောင်ကြေးနဲ့သွားလာစရိတ်တွေလည်းမြင့်တက်လာတာပဲဖြစ်ပါတယ်။

"အခုကမိတ္တူတစ်မျက်နှာကိုနှစ်ရာပေးရတယ်။သန်းခေါင်စာရင်းဆိုသုံးရာပေးရတယ်။CV ဖောင်ကငါးရာပေးရတယ်။ဓာတ်ပုံရိုက်ရင်လည်း (၆)ပုံကိုနှစ်ထောင်ကုန်တယ်။နောက်ထောက်ခံစာကြေးတွေ၊ ထောက်ခံစာလုပ်ဖို့သွားလာစရိတ်တွေပါပေါင်းရင်‌‌ ငွေသောင်းဂဏန်းကုန်မှအလုပ်လျှောက်လို့ရမလိုဖြစ်နေပြီ"လို့အလုပ်ရှာဖွေသူတစ်ဦးကပြောပါတယ်။

အခုလို အလုပ်စတင်လျှောက်ထားသူတွေအတွက် အလုပ်အကိုင် ရရှိမှုမသေချာပေမဲ့ အလုပ်လျှောက်လွှာတင်စရိတ်တွေ ကုန်ကျမှုတွေ အတွက် အလုပ်ခေါ်သူတွေအနေနဲ့ လည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။

အာဏာသိမ်းစကတော့ အလုပ်လျှောက်ထားရာမှာထောက်ခံစာတွေမလိုဘူးလို့လုပ်ငန်းရှင်တွေကပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့အလုပ်အကိုင်တွေလျှောက်ထားရာမှာ အနိမ့်ဆုံး အရောင်းဝန်ထမ်းကစလို့ ကျွမ်းကျင်မှုမြင့်မားတဲ့ အလုပ်အကိုင်တွေအထိ  CV ဖောင်၊ ဓာတ်ပုံ၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ပညာအရည်အချင်းအောင်လက်မှတ်၊ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ လေဘာကတ်စတာတွေကိုတောင်းယူနေတာပဲဖြစ်ပါတယ်။

"တကယ်ဆိုအလုပ်ရမှာပဲစာရွက် စာတမ်းလိုအပ်ချက်တွေပေး။ အလုပ်စလျှောက် ရင်ကိုယ်ရေးအကျဉ်းဖြည့်ထားတဲ့အလုပ်လျှောက်လွှာပဲအရင်တင်ထားဆိုရင်ပိုအဆင်ပြေတာပေါ့။အခုကျအလုပ်နှစ်ခုလောက်လျှောက်ဖို့ကိုဖိအားတွေများရတယ်"လို့ပြည်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာထောက်ခံစာလုပ်ဆောင်ရမှာလည်းငွေကြေးကုန်ကျမှုတွေများနေသလိုအလုပ်ဌာနတွေဘက်ကလည်းမူရင်းထောက်ခံစာတွေကိုသာတောင်းယူနေတယ်လို့သိရပါတယ်။

 


Related posts

Cover
နိုင်ငံခြားငွေလဲနှုန်း ဈေးခုန်တက် ရွှေဈေး၊ စက်သုံးဆီဈေးများ မဆိုသလောက်ဈေးပြန်ကျ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Aug 15, 2025
Cover
Shun Yu Myanmar Garment Co.,ltd ကလေးလုပ်သားတွေကိုဆဲဆိုခိုင်းစေ
Aug 14, 2025
Cover
Wan Xin Myanmar Company Limited ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို အလုပ်ထုတ်
Aug 13, 2025
Cover
မီလားဂါးဒင်းဖိနပ်စက်ရုံမှာ လုပ်ခတိုးပေးရေးတောင်းဆိုမှုပြုလုပ်
Aug 13, 2025
Cover
လုပ်အားခေါင်းပုံဖြတ်ပြီး ဆဲဆိုခိုင်းစေခံနေရ
Aug 13, 2025
Cover
ယာဉ်မောင်းတွေ ပစ်ထားခဲ့တဲ့ မြန်မာ ၅၀ ကျော် အဖမ်းခံရ
Aug 12, 2025
Cover
Tianjin Fashion Milestone စက်ရုံမှူး အထည် ဆုကြေးမပေးဘဲ ခြိမ်းခြောက်ခိုင်းစေ
Aug 11, 2025
Cover
Myanmar S.Flamingo Garment ကြီးကြပ်ရေးမှူးများ ငွေကြေးတောင်းယူနေ
Aug 11, 2025