NEWS

အလုပ်လုပ်ဖို့ ပွဲစားကို ဘတ်တစ်သောင်းခွဲ ပေးပြီးလာရတဲ့  မြန်မာအလုပ်သမား ၄၉ ဦး အဖမ်းခံရ

CoverLogo
142 Views

ထိုင်းနိုင်ငံ မဟာချိုင်မှာ အလုပ်လုပ်ဖို့ ပွဲစား ဆိုသူ ကို ဘတ်တစ်သောင်းခွဲ ပေးပြီး လာတဲ့  အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၄၉ ဦး ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေ မှာဖေါ်ပြထားပါတယ်။ 

 

ဖေဖေါ်ဝါရီလ ၂၈ရက် ည ၉နာရီ ခန့် က ထိုင်းအာဏာပိုင်တွေ လှည့်ကင်းစစ်ဆေးဆောင်ရွက်နေချိန်  ထိုင်းနယ်စပ် စံခလဘူရီမြို့နယ် တောအုပ် တစ်ခု ထဲ မှာ ပုန်းအောင်းနေတဲ့ မြန်မာအလုပ်သမား ၄၉ဦး ကိုတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားတွေ ကို စစ်ဆေးမေးမြန်း တဲ့ အခါ နယ်စပ်လမ်းကြောင်းကနေ တစ်ဆင့် ထိုင်း နိုင်ငံ အတွင်း ကို ဝင်ရောက်လာတာ ဖြစ်ကာ စမွတ်စခွန်ခရိုင် မဟာချိုင် မှာ အလုပ်လုပ်ကိုင် ဖို့ အတွက် ပွဲစား ကို တစ်ဦး လျှင် ဘတ်တစ်သောင်းခွဲ ပေးခဲ့ရတယ် လို့ ထွက်ဆိုထားပါတယ်။ 

 

၎င်းမြန်မာရွှေ့ပြောင်းအလုပ်သမား ၄၉ဦး ကို ဥပဒေ အရ အရေးယူဖို့ အတွက် Sangkhlaburi ရဲစခန်း ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

 

ဖေဖေါ်ဝါရီ ၂၆ရက် က လည်း ထိုင်းကနေ တစ်ဆင့် မလေးရှားကို သွားရောက် မယ့် အထောက်အထားမဲ့ 

မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၈ဦးဟာ ပွဲစားခ ဘတ်၂သောင်း ပေးခဲ့ရပေမယ့် ထိုင်းနိုင်ငံအတွင်း အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ 

Ref-Matchion Online 


Related posts

Cover
ပြည်ပမှခွင့်ပြန် အမျိုးသားလုပ်သားများ အသက်ကန့်သက်ချက်အကျုံးဝင်သည်ဆိုကာ ပြည်ပပြန်ထွက်ခွင့်မရ
May 06, 2025
Cover
တရုတ်မယားအဖြစ် လူကုန်ကူးသူတွေကို အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်မှ နှစ်၂၀ စီချ
May 06, 2025
Cover
OWIC ကတ် လျှောက်ထားသူ ၁၀၀ ကျော် စာရွက်စာတမ်း မပြည့်စုံသဖြင့် ပြန်လည်လျှောက်ထားခိုင်း
May 05, 2025
Cover
အိုမန်မှ ပေးစာ_၂
May 04, 2025
Cover
အကြောင်းမဲ့ အလုပ်ဖြုတ်သည့် လုပ်ငန်းရှင်ကို တိုင်ကြားခဲ့သည့် မြန်မာလုပ်သားများ နစ်နာကြေးဘတ် ၅ သိန်း ကျော်နှင့်စာရွက်စာတမ်းများပြန်ရ
May 04, 2025
Cover
အချက်အလက်မစုံလျင် OWIC ကတ် ပြုလုပ်ခွင့် စာရင်းမသွင်းပေးဟုဆိုလာ
May 03, 2025
Cover
ထိုင်းကို အထောက်အထားမဲ့ ဝင်ရောက်သည့်   မြန်မာအလုပ်သမား ၃၀ ကျော် အဖမ်းခံရ
May 03, 2025
Cover
စာချုပ်ချုပ်ထားပြီးတဲ့ လုပ်သား ၁၀၀၀၀ ခန့်ပြည်ပထွက်ခွင့် ရရေးမျှော်လင့်
May 03, 2025