NEWS

အလုပ်လုပ်ခွင့်လက်မှတ် (Work Permit )မရှိဘဲ အလုပ်လုပ် ပါက ဒဏ်ကြေးပေးရမည့်အပြင် ပြည်ဝင်ခွင့် ၂နှစ် ပိတ်သိမ်းမည်ဟု ထိုင်းအစိုးရသတိပေး

CoverLogo
458 Views

အလုပ်လုပ်ခွင့်လက်မှတ် (Work Permit )မရှိဘဲအလုပ်လုပ်​​နေသူတွေနဲ့တားမြစ်ထားတဲ့ လုပ်ငန်းအမျိုးအစား တွေ ကို လုပ်ကိုင်နေတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်း လုပ်သား တွေ့ရှိပါက ဒဏ်ကြေးအပြင် ပြည်ဝင်ခွင့်ပါ ၂နှစ် ပိတ်သိမ်း အရေးယူမယ်လို့ထိုင်းအစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာန​က သတိပေး ထုတ်ပြန်လာပါတယ်။ 

 

ရွှေ့ပြောင်းလုပ်သားတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ  စစ်ဆေး တဲ့အခါ (Work Permit )မရှိဘဲ အလုပ်လုပ်ခြင်း၊ တားမြစ်ထားတဲ့ လုပ်ငန်း လုပ်ကိုင်ခြင်း တွေ့ရှိပါက အပြစ်ဒဏ်အဖြစ် ဒဏ်ငွေ အနိမ့်ဆုံး ၅,၀၀၀ ဘတ် မှ အမြင့်ဆုံး ၅၀၀၀၀ ဘတ် အထိ ပေးဆောင်ရမှာ ဖြစ်သလို  ပြည်ဝင်ခွင့်ကိုလည်း (၂)နှစ်ပိတ်ခံရမှာ ဖြစ်ပါတယ်။ 

 

ဒါကြောင့် ဗီဇာနဲ့ Work Permit သက်တမ်းတိုးထားဖို့ရန် နဲ့ သက်တမ်းတိုးဖို့ Name List တင်ထားတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ ကျန်ရှိတဲ့ လုပ်ငန်းစဉ်တွေ ကို သတ်မှတ်ကာလအတွင်း လုပ်ဆောင်ကြဖို့ ထိုင်းအစိုးရက အသိပေးထားပါတယ်။ 

 

ထိုင်းနိုင်ငံ အတွင်း လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သား တွေ ဖြစ်တဲ့ မြန်မာ၊ လာအို၊ ကမ္ဘေဒီးယား၊ ဗီယမ်နမ် နိုင်ငံသားတွေ ထဲ မှ လာအိုနဲ့ ဗီယမ်နမ် နိုင်ငံသား    Name List အမည်စာရင်း ကျပြီးသူတွေ အနေနဲ့ မေလ ၁၃ ရက် နောက်ဆုံးထားပြီး အလုပ်လုပ်ခွင့်ပါမစ် ကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ 

 

မြန်မာနဲ့ ကမ္ဘောဒီးယား အလုပ်သမား တွေ  ကိုတော့ Name list ရထားပြီးပါက ၂၀၂၅ခုနှစ် ဩဂုတ်လ ၁၃ရက် အတွင်း အပြီး လုပ်ရမှာ ဖြစ်တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။ 


Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026