NEWS

အလုပ်ရှာပေးမယ်ဟု ဆိုကာ ပွဲစားများမှ မကြာခဏငွေကြေးလိမ်လည်တာတွေရှိနေ

CoverLogo
351 Views

ထိုင်းရောက် မြန်မာအလုပ်သမားတွေ ဆီမှ   ပွဲစားခ  ငွေကြေးတောင်းယူပြီး အလုပ်ရှာ မပေးဘဲ ထွက်ပြေးတိမ်းရှောင် တာ တွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး အလုပ်သမားအဖွဲ့စည်းတွေလည်း မကြာခဏ ဖြေရှင်းပေးရတဲ့ အမှုအကြောင်းရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာလည်း ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာ MOU အလုပ်သမား ၇ ဦးကို  ပွဲစားတစ်ဦးက အလုပ်ရှာပေးမယ်ဆိုကာ ထိုင်းဘတ်ငွေ ၃ သောင်းကျော်ယူသွားတယ်လို့  ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သားကူညီစောင့်ရှောက်ရေးM.H.A.C  မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။

ဖြစ်စဉ်မှာ   ပွဲစားတစ်ဦးမှ မြန်မာ MoU အလုပ်သမား ၇ ဦးအား အလုပ်ရှာပေးမယ် ဟုယုံကြည်အောင်ပြောဆို ပြီး အလုပ်စမတ်ခအဖြင့် တစ်ဦးလျှင် ဘတ် ၄,၅၀၀ နှုန်းဖြင့် စုစုပေါင်း ဘတ် ၃၁,၅၀၀ တောင်းယူသွားပြီး အလုပ်မရှာပေးတဲ့ အတွက် စက်တင်ဘာလ ၈ ရက်မှာ M.H.A.C  မဟာမိတ်အဖွဲ့ ထံ လာရောက် အကူညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

နစ်နာသူ အလုပ်သမားများက  အကူအညီတောင်းခံလာတဲ့ အတွက် (M.H.A.C) မဟာမိတ်ရုံးနှင့် NUG အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းပြီး ငွေကြေးတောင်းယူပြီး အလုပ်မရှာပေးသည့်အမှုအား ကူညီဖြေရှင်းပေးခဲ့ရာ  စက်တင်ဘာလ ၁၀ ရက်နေ့မှာ  ပွဲစားဆိုသူ မှ ၎င်းတောင်းယူထားတဲ့  ဘတ် ၃၁,၅၀၀ အား အလုပ်သမား ၇ ဦးထံ ပြန်လည်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

 


Related posts

Cover
ထိုင်းတွင် CI စာအုပ်အသစ်များကို လာမည့် ၁၇ ရက်မှစပြီး ပြုလုပ်ပေးမည်
Feb 13, 2026
Cover
နိုင်ငံကူးလက်မှတ် သက်တမ်း ၆လ အောက် ကျန်ရှိသည့် သူများကိုသာ walk-in စနစ်ဖြင့် သက်တမ်းတိုး ဆောင်ရွက်ပေးမည်
Feb 13, 2026
Cover
မဲဆောက်တွင် ယာဉ်မတော်တဆမှုကြောင့် မြန်မာနှစ်ဦး သေဆုံး
Feb 13, 2026
Cover
ဆန္ဒပြသည်ဟု စွတ်စွဲပြီး မြန်မာလုပ်သား ၄၁ ဦး ကို အလုပ်မှ ထုတ်ပယ်
Feb 13, 2026
Cover
မတ်လ ၁ရက် မှစ၍ OWICကတ် ဖိုးငွေကို မြန်မာ့စီးပွားရေး ဘဏ်ကနေ ပေးသွင်းရမည်ဟုကြေညာ
Feb 13, 2026
Cover
ဂျပန် သို့ ကျွမ်းကျင်လုပ်သားဖြင့် သွားရောက် လိုသူအချို့ အောင်လက်မှတ်အတု များဖြင့် လျှောက်ထားခြင်း များ ရှိနေဟုဆို
Feb 13, 2026
Cover
လုံခြုံရေးစိုးရိမ်ရသဖြင့် အလုပ်ရှင်ထံ အသနားခံစာတင်ပြီး ခွင့်ယူသည့် မြန်မာလုပ်သား ၂၃ဦး အလုပ်ထုတ်ခံရ
Feb 13, 2026
Cover
CI လျှောက်ထားမှု အတွက် ဝမ် ၃ သောင်းသို့ ပြောင်းလဲကောက်ခံမည်ဟုတောင် ကိုရီးယားရှိ မြန်မာသံရုံးကြေညာ
Feb 09, 2026