NEWS

အလုပ်ရှင် ကို ဖုန်းဆက်မရလို့ဆိုကာ ခွင့်ပြန် လုပ်သား အချို့ကို OWIC ကတ် ပြုလုပ်ခွင့်မပေး

CoverLogo
401 Views
 
ပြည်ပမှ ခွင့်ဖြင့် ပြန်လာတဲ့ လုပ်သားတွေ ကစစ်ကော်မရှင် လက်အောက် ရှိ အလုပ်သမားဝန်ကြီးဌာနထံ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံလက်မှတ် (OWIC)ကတ် လျှောက်ထားရာ မှာ လျှောက်ထားလာတဲ့ လုပ်သားတွေရဲ့ ပြည်ပမှ အလုပ်ရှင် နဲ့ HR တွေထံ ဖုန်းဆက်တာမှာ ဆက်သွယ်မရ လို့ဆိုပြီး လုပ်သားအချို့ကို OWIC ကတ် ပြုလုပ်ခွင့်မပေးဘူးလို့ Safe Migration တယ်လီဂရမ်ရဲ့ ဒီကနေ့ ထုတ်ပြန်အသိပေးချက်အရ သိရပါတယ်။
 
မလေးရှား နိုင်ငံမှ ခွင့်ပြန် လာတဲ့ လုပ်သားတွေမှ OWIC ကတ် လျှောက်ထားရာ လုပ်သား အချို့ ကို ၎င်းတို့ရဲ့ ပြည်ပရှိ အလုပ်ရှင်နဲ့ HR ကို ဖုန်းအဆက်သွယ်မရ လို့ ဆိုကာ OWIC ကတ် ပြုလုပ်ခွင့် မပေးဘူးလို့ သိရပါတယ်။
 
" လုပ်ငန်းရှင် ဆိုတာက အလုပ်များတယ် အစည်းအဝေး တတ်နေတာမျိုးတို့ဆိုလည်း ဖုန်း မကိုင်နိုင်တာရှိတယ် တချို့ ဆိုလည်း နိုင်ငံခြား ဖုန်းတို့ မသိတဲ့ ဖုန်း စိမ်းတို့ ဝင်လာရင် တော်ရုံ မကိုင်ကျဘူး အခုက အချက်အလက် စုံပြန်တော့လည်း ဖုန်းမကိုင်လို့ဆိုပြီး OWICကတ် ပြုလုပ်ခွင့် မပေးပြန်ဘူး ပြည်ပ ပြန်ထွက်ဖို့ တမင်ကြန့်ကြာအောင် လုပ်နေတာလို့မြင်တယ်"လို့ ခွင့်ပြန်လုပ်သား တစ်ဦးကပြောပါတယ်။
 
ခွင့်ပြန် လုပ်သားတွေ OWIC ကတ် လျှောက်ထားတာရာမှာ ပြည်ပက အလုပ်ရှင်နဲ့ HR တို့ရဲ့ ဖုန်းနံပတ် အီးမေး လိပ်စာ တွေ ပါ ထည့်ပေးဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ရက်က စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာန က ထုတ်ပြန်ကြေညာ ပြီးနောက် ဇန်နဝါရီ ၂၂ရက်မှာ လုပ်ငန်းရှင်တွေ ဖုန်းမကိုင်တဲ့ လုပ်သားတွေကို OWIC ကတ် ပြုလုပ်ခွင့် မပေးဘဲ ပြန်လည် လျှောက်ထား ဖို့ အသိပေး ထုတ်ပြန်လာပါတယ်။
 
စစ်ကော်မရှင် အနေနဲ့ စစ်မှုထမ်းဥပဒေ အကြောင်းပြ ပြီး ပြည်တွင်းမှ လူငယ်တွေကိူ ပြည်ပ ထွက် အလုပ်လုပ်ခွင့် ကန့်သက်ပိတ်ပင်တာတွေ ပြုလုပ် သလို လက်ရှိမှာလည်း ပြည်ပကနေ ခွင့်ဖြင့် ပြန်လာတဲ့ လုပ်သားတွေကို အနည်းအမျိုးမျိုး နဲ့ ကြန့်ကြာအောင် ပြုလုပ်နေတဲ့ အတွက် ခွင့်ပြန်လုပ်သားတွေမှာ လုပ်ငန်းခွင်ကို အချိန်မီ မပြန်နိုင်တာကြောင့် ဆုံးရှုံး နစ်နာ သလို ပြည်ပရောက် မြန်မာလုပ်သားတွေလည်း မိသားစု အရေးကြောင့် ပင် ပြည်တွင်းကို ပြန်လာဖို့ စိုးရွံ နေကျရတယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026