NEWS

အလုပ်ရရန် စမတ်ခ ဘတ် ၈၀၀၀ ကျော်ပေးရသော်လည်း အလုပ်ဝင်ပြီး လေးလကျော်တွင် မြန်မာလုပ်သား ၁၅၀ အလုပ်ထုတ်ခံရ

CoverLogo
315 Views
 
ထိုင်းနိုင်ငံ လယောင်မြို့ က (မီးသီးစက်ရုံ)မှာ အလုပ်လုပ်ရဖို့ ဘတ်ငါးသန်းပွဲစားရုံးမှာ အလုပ်ရှာပေးခ(အလုပ်စမတ်ခ) တစ်ဦးကို ဘတ် ၇၅၀၀မှ ၈၅၀၀ အထိ ပေးခဲ့ရပေမယ့် အလုပ်ဝင်ပြီး လေးလကျော်မှာ မြန်မာလုပ်သား၁၅၀ ဦး အလုပ်ထုတ်ခံရတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
MOUနဲ့ ပန်းရောင်ကတ်ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမား ၁၅၀ ဦးဟာ ၎င်း စက်ရုံမှာ အလုပ်လုပ်ရန်အတွတ် ဘတ်ငါးသန်းပွဲစားရုံးနှင့် စမတ်ခ ဘတ် ၇၅၀၀မှ၈၅၀၀အထိပေးခဲ့ကာ အလုပ်ဝင်ပြီးလေးလကျော် ဖြစ်တဲ့ စက်တင်ဘာ ၂၁ရက်မှာ စက်ရုံသူဌေးကဘတ်ငါးသန်းပွဲစားမှတစ်ဆင့် အလုပ်သမားတွေ ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ စက်တင်ဘာ ၂၂ရက်နေ့မှစကာ အလုပ်ဆင်းစရာမလိုတော့ ဘူးလို့ line group ကနေ စာပို့အကြောင်းကြားခဲ့တယ်လို့ အလုပ်သမားတွေ ထံမှသိရပါတယ်။
 
အခုလိုအကြောင်းမကြားဘဲ အလုပ်ထုတ်တဲ့အပြင် လုပ်အားခ (၁၈)ရက်စာ တစ်ဦးကို ၁၂၇၀၀ ဘတ်နဲ့ စုစုပေါင်း ဘတ်(၂၅)သိန်းကျော် ကိုလည်း သူဌေးဘက်မှ ပေးချေမှုမရှိဘူးလို့ ဆိုပါတယ်။
 
အလုပ်စဝင် တဲ့ အချိန်တည်းက လုပ်အားခကို လည်း စက်ရုံသူဌေးက ဘတ်ငါးသန်းပွဲစားမှတစ်ဆင့် အလုပ်သမားများကိုပေးတယ်လို့သိရကာ အလုပ်သမားတွေရဲ့ စာရွက်စာတမ်းကိုလည်း စက်ရုံမှာ အပ်နှံထားရတယ်လို့ သိရပါတယ်။
 
ဒါကြောင့်အလုပ်သမားတွေ ကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်မှထုတ်သဖြင့် ရသင့်ရထိုက်သည့် နစ်နာကြေး၊ စာရွက်စာတမ်းများ နဲ့ လုပ်အားခများကိုပြန်လည်ရရှိလိုတဲ့ အတွက် WAGအလုပ်သမားမဟာမိတ်အဖွဲ့ထံ အလုပ်သမားတွေက အကူအညီ​တောင်းခံခဲ့တယ်လို့ သိရပါတယ်။
 
WAG အလုပ်သမားမဟာမိတ်အဖွဲ့ မှ လည်း စက်တင်ဘာ၂၄ရက်မှာ မြေပြင်ဆင်းကာ အလုပ်သမားများနှင့် တွေ့ဆုံကာ အမှုကိုလက်ခံခဲ့ကာ ကူညီဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။

Related posts

Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026