NEWS

အလုပ်ပြောင်းသည့် အလုပ်သမားများအား အလုပ်မခန့်ရန် အလုပ်ရှင်က လိုက်လံ ပြောဆို

CoverLogo
937 Views

ဖယ်ရီကားမပေးတာကြောင့် အလုပ်သမား ၇၀ အလုပ်ပြောင်းခဲ့သည့် စက်ရုံကို လိုက်လံပြီး အလုပ်မခန့်ဖို့ အလုပ်ရှင်ဟောင်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်က IMPAK GEAR အထည်ချုပ်စက်ရုံက အလုပ်သမား ကြီးကြပ်သူ၊ ခေါင်းဆောင်တွေနဲ့ အလုပ်သမား ၇၀ လောက်ဟာ အဲဒီ စက်ရုံမှာ ၃ လခန့် အလုပ် လုပ်ကိုင်ခဲ့ပြီးနောက်က  ဩဂုတ်လကုန် ဖယ်ရီကားမပေးနိုင်ကြောင်း ပြောကြားခဲ့ရာ အလုပ်သမား တွေက ဆက်လက်လုပ်ကိုင်ဖို့ အဆင်မပြေတာကြောင့် အလုပ်ပြီးစီးအောင်လုပ်ကိုင်ပြီး လကုန် အလုပ်ထွက်မယ်လို့ ပြောထားခဲ့တယ်လို့  Solidarity of Trade Unions Myanmar မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

အလုပ်သမားတွေကလည်း စက်တင်ဘာလ ၃၀ ရက်မှာ အလုပ်အား အားလုံးပြီးစီးတဲ့ အတွက် လုပ်ခ လစာ ထုတ်ပြီး တရားဝင်နုတ်ထွက်စာတင်ခဲ့တယ်လို့လည်း သိရပါတယ်။ အလုပ်သမားတွေက  IMPAK GEAR အထည်ချုပ်စက်ရုံက အလုပ်ထွက်ပြီး ဒီရှင်း မြန်မာအထည်ချုပ်စက်ရုံမှာ အလုပ်လျှောက်ခဲ့ရာ   စက်တင်ဘာလ ၁၂ ရက်မှာ အလုပ်ဆင်းဖို့  သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

IMPAK GEAR အလုပ်သမားဟောင်းတွေက ဒီရှင်းမြန်မာအထည်ချုပ်စက်ရုံမှာ အလုပ်ဆင်းပြီး အလုပ်လုပ်နေစဉ် IMPAK GEAR အထည်ချုပ်စက်ရုံ လုပ်ငန်းရှင်ရောက်လာပြီး အလုပ်သမားတွေကို အလုပ်မခန့်ဖို့ ပြောဆိုတာကြောင့် အလုပ်လုပ်နေတဲ့ အလုပ်သမား တွေကို ဒီရှင်းစက်ရုံက  ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။  

IMPAK GEAR အထည်ချုပ်စက်ရုံမှာ ကိုယ်ပိုင် Brand ချုပ်လုပ်တာ မရှိသေးဘဲ Sheng Mei Garment စက်ရုံက အထည်တွေကို ကိုယ်စားယူ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။

MyanmarLabourNews


Related posts

Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026
Cover
ခွင့်ပြန် အိမ်အကူအလုပ်သမား များကို စစ်ကော်မရှင် ပြည်ပ ပြန်ထွက်ခွင့်မပေး
Jan 29, 2026
Cover
LZS APPAREL အထည်ချုပ် အချိန်ပို ၆ နာရီကျော် လုပ်ကိုင်ခိုင်းပြီး လုပ်ခ မပေး
Jan 29, 2026
Cover
Casico Garment အထည်ချုပ် နားချိန် မပေးဘဲ အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း
Jan 28, 2026
Cover
Myanmar Ming Fan အထည်ချုပ် အတင်းအကျပ် အချိန်ပိုခိုင်း၊ ကြိုပို့မပေးဘဲ ညနက် ၉ နာရီ ပြန်ခိုင်း
Jan 28, 2026
Cover
SHUN YU (MYANMAR) Garment တွင် အချိန်ပို မဆင်းသူများအား အထည်ကြေး၊ ဆုကြေး၊ ဂရိတ်ကြေးဖြတ်မည်ဟု ခြိမ်းခြောက်
Jan 27, 2026