NEWS

အလုပ်ပေးနိုင်မှုမရှိဘဲ စာချုပ်ချုပ်ကာ ထိုင်းနိုင်ငံကို ကြိုတင်စေလွှတ်မှုကြောင့် အလုပ်သမားများ အခက်တွေ့နေ

CoverLogo
679 Views
 
စိမ့်အာကာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုအေဂျင်စီက ထိုင်းနိုင်ငံ Honghai Techonology Thailand Co.,ltd မှာ လုပ်ကိုင်ရမယ်ဆိုပြီး အလုပ်သမား (၁၀၀) ခန့်ကို စာချုပ်ချုပ်ဆိုကာ ထိုင်းနိုင်ငံကို စေလွှတ်ခဲ့ပါတယ်။
လက်ရှိ မှာတော့ အလုပ်သမား (၂၅) ဦးကိုသာ အလုပ်ခန့်အပ်ပြီး ကျန် (၇၅) ဦးက အလုပ်မရသေးတာကြောင့် အခက်အခဲ တွေ ဖြစ်ပေါ်နေပါတယ်။
အလုပ်သမားတွေဟာ စိမ့်အာကာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုအေဂျင်စီကို ပွဲစားကတစ် ဆင့် ချိတ်ဆက်ခဲ့တာဖြစ်ပြီး ကုန်ကျစရိတ်အဖြစ် ကျပ်သိန်း (၈၀) လည်း ပေးဆောင်ခဲ့ရပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိနေပေမယ့် အလုပ်မရသေးတာကြောင့် အလုပ်သမားတွေဟာ စားဝတ်နေရေး အခက်အခဲဖြစ်နေပြီး သက်ဆိုင်ရာအေဂျင်စီက အမြန်ဆုံးဖြေရှင်းပေးဖို့ လိုလားနေတာ ဖြစ်ပါတယ်။
“အေဂျင်စီအဖွဲ့ချုပ်ကိုလည်း ဆက်သွယ်တယ်။ အကူအညီတောင်းတယ်။ တုံ့ပြန်တာမရှိဘူး။ အဲဒီတော့ သက်ဆိုင်ရာ အေဂျင်စီကတာဝန်ရှိသူကို ထပ်ဆက်သွယ်တယ်။ သူရဲ့အပြောကတော့ အလုပ်သမားတွေက ပွဲစားဆီကလာတာ ဟုတ်တယ်ပြောတယ်။ ပြောမယ်ဆို သူတို့က လုပ်ငန်းစဉ်ကို ချိုးဖောက်တာပါပဲ။ ဘာဖြစ်လို့လဲဆို ခေါ်တဲ့ပွဲစားက တရားဝင်လိုင်စင်မရှိဘူး။ သူတို့အေဂျင်စီက ထုတ်ပေးတဲ့ တရားဝင်ပွဲစားလည်း မဟုတ်ဘူး။ အဲဒါကို လက်ခံစာချုပ်ချုပ်ပြီး သွားတယ်။ နောက်ပိုက်ဆံကိစ္စကျတော့လည်း ပွဲစားကလာတာမို့ အလုံးစုံမသိဘူးပြောပြန်တယ်။ နောက်အလုပ်မရသေးတဲ့ကိစ္စမေးတော့လည်း ပြည်တွင်းမှာ စစ်အုပ်စုက အလုပ်သမားတွေကို အဓမ္မစစ်မှုထမ်းခိုင်းတဲ့အထဲမှာ ပါသွားမှာကြောက်လို့ အရင်ပို့တာပါပြောတယ်။ အလုပ်လည်း ပြန်ရှာပေးမယ် ပြောပါတယ်။ အခုထိတော့ အလုပ်သမားတွေ အလုပ်မရသေးဘူး။
အလုပ်သမားတွေကို အေဂျင်စီကို တိုက်ရိုက်ဆက်သွယ်ခိုင်းပြီး အခက်အခဲတွေပြောတော့ အဆောင်ခဆိုပြီး တစ်ဦးကို ဘတ်တစ်ထောင် လာပေးတယ်။ ကျန်တဲ့စားစရိတ်တွေက ကိုယ်ဘာသာစားရတယ်။ တကယ်ဆို MOU နဲ့ သွားတဲ့အလုပ်သမားတွေက သွားတဲ့အချိန်ကနေ ပြန်တဲ့အချိန်အထိ အေဂျင်စီမှာ တာဝန်ရှိတယ်။ အလုပ်မရရင်လည်း (၇၅) ရာခိုင်နှုန်းပေးရမှာ ဖြစ်တဲ့အတွက်ကြောင့် အလုပ်သမားတွေကို တောင်းဆိုခိုင်းတယ်။ အေဂျင်စီဘက်က တုံပြန်မှုမရှိပါဘူး”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချူပ် (CTUM) ရွှေ့ပြောင်း အလုပ်သမားဌာန၊ လက်ထောက်ဌာနမှူး ဦးဟိန်းလတ်က ပြောပါတယ်။
အလုပ်သမားတွေဟာ ထိုင်းနိုင်ငံရှိ Honghai Techonology Thailand Co.,ltd မှာ အလုပ်လုပ်ကိုင်နိုင်ဖို့ ဩဂုတ်လ (၁၉) ရက်မှာ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ လူတစ်ဦးကို (၄၃) သိန်း ကောက်ခံခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ လေယာဉ်ခ ကျပ်(၈)သိန်း(၅)သောင်းနဲ့ ထိုင်းဘတ် (၁၀,၀၀၀) ကို ထပ်ပေးခဲ့ရပါတယ်။
“ရန်ကုန်ကနေ ကော့သောင်းကို အရင်ပို့ပါတယ်။ အဲဒီကတစ်ဆင့် ရနောင်းရောက်တယ်။ ခွန်ပူရီမြို့ကိုတော့ အောက်တိုဘာလ (၁၅) ရက်မှာ ရောက်ပါတယ်။ အလုပ်မရှိသေးတော့ အခက်အခဲရှိတယ်။ ကျွန်မတို့ အလုပ်အမြန်ဆုံး လိုချင်ပါတယ်” လို့ အခက်အခဲဖြစ်နေတဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အလုပ်သမားတွေက ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချူပ် (CTUM) ၊ရွှေ့ပြောင်း အလုပ်သမားဌာနကို ဆက်သွယ်ပြီး အကူအညီ တောင်းခံထားတာပဲ ဖြစ်ပါတယ်။

Related posts

Cover
အလုပ်ထွက်စာ အတွက် ဘတ် ၁၀၀၀ တောင်းခံရသဖြင့် မြန်မာလုပ်သား၂၅ဦး အလုပ်သစ်ပြောင်းရန်အခက်ခဲဖြစ်
Mar 22, 2026
Cover
OWICကတ် ကိုင်ဆောင်ထားသည့် လုပ်သားများ ခွင့်ပြုချက်ရမှသာ ပြည်ပထွက်ရမည်ဟု စစ်ကော်မရှင် ထပ်မံ အသိပေး
Mar 22, 2026
Cover
အီလက်ထရောနစ် စက်ရုံမှ မြန်မာလုပ်သား ၄၀၀ကျော် အလုပ်ထုတ်ခံရ
Mar 22, 2026
Cover
အများဆုံးထောင်ဒဏ် ၅နှစ်ကနေ ငွေဒဏ်၁၅သိန်းအထိ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေထုတ်ပြန်
Mar 22, 2026
Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026