NEWS

အလုပ်ပိတ်ရက်အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရ

CoverLogo
529 Views
 
ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ အမှတ် ၁၃ရပ်ကွက်မှာရှိတဲ့ Chai Moon Sports (Myanmar) အထည်ချုပ်စက်ရုံမှာ အလုပ်ပိတ်ရက် အချိန်ပို OT မဆင်းပါက ဝမ်တိန်ထိုးရပြီး အလုပ်သမားအချို့အလုပ်ကနေ ထုတ်ပယ်ခံရတယ်လို့ သိရပါတယ်။
 
"အလုပ်ပိတ်ရက် OTမဆင်းရင် ဝမ်တိန် ထိုးရတယ်၊ အထည်အရမ်းအရေးကြီးတဲ့ရက်တွေဆို အောလင်းခေါ်တယ် အနားမပေးဘူး မနက်ဆက်ဆင်းရတယ် ၊ အထည်အရမ်းတောင်းတယ် အပေါ့အပါးသွားချိန်တောင်မရှိဘူး အထည် ချုပ်ရတယ် ၊ Ot တွေလည်းဆက်တိုက်ခေါ်တယ် OT ခေါ်မယ်ဆို လက်မှတ်ကောက်တယ် လက်မှတ်မထိုးရင် အပြောဆိုခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံမှုတွေရှိပြီး လွယ်လွယ်ကူကူအလုပ်ထုတ်ပစ်တာတွေကြောင့်လည်း အလုပ်အကိုင်အာမခံချက် ပျောက်ဆုံးနေရတယ်လို့ အလုပ်သမားတွေကပြောထားပါတယ်။
 
"လိုင်းချိန်းစူပါ ဒေါ် ---- က အလုပ်သမားတွေပေါ် ခွဲခြားဆက်ဆံတယ် အမြင်မကြည်တဲ့သူတွေကို အလုပ်ထုတ်ပြစ်တယ် တစ်ရက်နှစ်ရက်ကြာရင် လူသစ်တွေ ပြန်ခေါ်တယ် ၊အလုပ်သမားတွေပေါ်ကိုလည်း ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံတယ်လို့ " အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။
 
ChaiMoon Sport(Myanmar) အထည်ချုပ်စက်ရုံဟာ လူဦးရေ ၇၀၀ ဝန်းကျင်နဲ့ KARRIMOR , CAMPRI Brands တွေကိုချုပ်လုပ်နေပြီး Haker ရုံခွဲလို့သိရပါတယ်။
 
စက်ရုံတာဝန်ရှိသူတွေအနေနဲ့လည်း ဒီလိုလုပ်ဆောင်နေတာတွေကို တာဝန်ယူဖြေရှင်းပေးဖို့ အလုပ်သမားတွေက လိုလားနေပါတယ်။

Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026