NEWS

အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​

CoverLogo
398 Views
ဧရာဝတီတိုင်း ၊ ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက်မှာရှိတဲ့ Chai Moon Sports (Myanmar) အထည်ချုပ်စက်ရုံမှာ အလုပ်ပိတ်ရက် အချိန်ပို OT မဆင်းပါက ဝမ်တိန်ထိုးရပြီး အလုပ်သမားအချို့အလုပ်ကနေ ထုတ်ပယ်ခံရတယ်လို့ သိရပါတယ်။
 
" လိုင်း နံပါတ် ၁၊၂၊၅၊၆၊၇ ကOTအများဆုံးအခေါ်ခံရတယ်၊လုပ်ပိတ်ရက် OTမဆင်းရင် ဝမ်တိန် ထိုးရတယ်၊ အထည်အရမ်းအရေးကြီးတဲ့ရက်တွေဆို အောလင်းခေါ်တယ် အနားမပေးဘူး မနက်ဆက်ဆင်းရတယ် ၊ အထည်အရမ်းတောင်းတယ် အပေါ့အပါးသွားချိန်တောင်မရှိဘူး အထည် ချုပ်ရတယ် ၊ Ot တွေလည်းဆက်တိုက်ခေါ်တယ် OT ခေါ်မယ်ဆို လက်မှတ်ကောက်တယ် လက်မှတ်မထိုးရင် အပြောဆိုခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
လိုင်း၂လိုင်းစီကိုင်ရတဲ့ စူပါတွေက အချင်းချင်းမတည့်ကြတဲ့အတွက် ပြိုင်ဆိုင်ပြီး သူတို့မျက်နှာရရေးအတွက် လိုင်းသားတွေကိုဖိခိုင်းကြတယ်လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံမှုတွေရှိပြီး လွယ်လွယ်ကူကူအလုပ်ထုတ်ပစ်တာတွေကြောင့်လည်း အလုပ်အကိုင်အာမခံချက် ပျောက်ဆုံးနေရတယ်လို့ အလုပ်သမားတွေကပြောထားပါတယ်။
 
"လိုင်းချိန်းစူပါ ဒေါ် ---- က အလုပ်သမားတွေပေါ် ခွဲခြားဆက်ဆံတယ် အမြင်မကြည်တဲ့သူတွေကို အလုပ်ထုတ်ပြစ်တယ် တစ်ရက်နှစ်ရက်ကြာရင် လူသစ်တွေ ပြန်ခေါ်တယ် ၊အလုပ်သမားတွေပေါ်ကိုလည်း ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံတယ်လို့ " အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။
 
အလုပ်သမား​တွေရဲ့ အ​ခြေအ​နေသတင်းဖော်ပြခံရပြီးနောက် အလုပ်သမားတွေပေါ် အငြှိုးထား ပြုမူတာတွေများလာပြီး ဘယ်သူတိုင်တယ်ဆိုတာကို လျို့ဝှက်စုံစမ်းနေတယ်လို့လည်းသိရပါတယ်။
 
"စက်ရုံတွင်း ကွမ်းမစားရ စည်းကမ်းထုတ်ထားပြီး သန့်ရှင်းရေး လုပ်သားကို လိုက်ကြည့်ခိုင်းတဲ့တာဝန်ပေးထားသော်လည်း အလုပ်ချိန်အတွင်း ပေါ်တင်ကွမ်းစားနေတယ်၊ အလုပ်သမားတွေကွမ်းစားတာမိရင် ဝမ်တိန်ထိုးခိုင်းတယ်၊ မိုက်နဲ့တစ်ရုံလုံးကြားအောင်အော်တယ် ၊ဝန်ထမ်းကဒ်သိမ်းတယ် ၊ရုံးခန်းခေါ်ပါးစပ်ဟခိုင်းပြီး ဓာတ်ပုံရိုက်ပြီး စက်ရုံအဝင်ဝမှာ ကပ်ထားတယ်"လို့ အလုပ်သမားတွေကပြောဆိုပါတယ်။
 
ChaiMoon Sport(Myanmar) အထည်ချုပ်စက်ရုံဟာ လူဦးရေ ၇၀၀ ဝန်းကျင်နဲ့ KARRIMOR , CAMPRI Brands တွေကိုချုပ်လုပ်နေပြီး Haker ရုံခွဲလို့သိရပါတယ်။
 
စက်ရုံတာဝန်ရှိသူတွေအနေနဲ့လည်း ဒီလိုလုပ်ဆောင်နေတာတွေကို တာဝန်ယူဖြေရှင်းပေးဖို့ အလုပ်သမားတွေက လိုလားနေပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026