ထိုင်းနိုင်ငံ လယောင်မြို့နယ်၊နိခွန်းဖတ်ထနာ စွယ် (12)တွင်ရှိသော ကော်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတစ်ခုတွင် အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား၂၅ဦး ကို အလုပ်ထွက်လိုပါက ကျန့်အော်ဖိုး တစ်ဦးကို ဘတ်၁၀၀၀စီ အလုပ်ရှင်က တောင်းတဲ့ အတွက် မြန်မာလုပ်သားတွေအလုပ်သစ်ပြောင်းရန် အခက်ခဲဖြစ်နေတယ်လို့ ၎င်းအမှုကို ကူညီပေးနေတဲ့ WAGအလုပ်သမား မဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။
(CI၊ပန်းရောင်ကတ်)ကိုင်ဆောင်ထားသူ ကျား၊မ (25)ဦးတို့သည် ထိုစက်ရုံတွင်အလုပ်လုပ်နေသည်မှာ လုပ်သက်၄လမှ၉နှစ်အထိ သက်တမ်းရှိပြီး ၎င်းအလုပ်သမားတွေ အလုပ်ထွက်မယ်ဆိုတဲ့အခါ အလုပ်ရှင်သူဌေးမှကျန့်အော့ဖိုး တစ်ဦးလျှင် (၁၀၀၀)ဘတ်ပေးရမည်ဟုဆိုတာကြောင့် အလုပ်သမားများမှာ အလုပ်သစ်ပြောင်းရန်အတွက်အခက်အခဲကြုံတွေ့နေရတယ်လို့ သိရပါတယ်။
အခုလို အခက်ခဲ ဖြစ်ပေါ်နေတဲ့ အတွက် မြန်မာအလုပ်သမားတွေဟာ WAGအလုပ်သမား မဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံလာသဖြင့် WAGအဖွဲ့သားများမှမတ်လ ၁၇ ရက်နေ့တွင် အလုပ်သမားနှင့်အတူ နယ်မြေခံ ကျတ်ဟာငန်ရုံးတွင် သွားရောက်တွေ့ဆုံပြီး တာဝန်ရှိလူကြီးမှ အလုပ်သမား တို့၏သူဌေးအားဖုန်းဆက်ပြောပေးခဲ့ရာ အလုပ်ရှင် သူဌေးမှ အလုပ်သမားတို့အားကျန့်အော့စာရွက်များကို ကောင်းမွန်စွာထုတ်ပေးမည်ဟု ခံဝန်ကတိပြုခဲ့ကြောင်း သိရပါတယ်။









