NEWS

အလုပ်ထုတ်ခံရသည့် ထိုင်းက မြန်မာလုပ်သား ၂၄ဦး ကို ညှိနှိုင်းမှုအရ အလုပ်ရှာစဉ်ကာလ၌ လုပ်အားခရမည်

CoverLogo
196 Views
 
ထိုင်းနိုင်ငံ၊ ချွန်ဘူလီမြို့ရှိ အလုပ်ရုံတစ်ခု မှာ ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံလိုက်ရတဲ့ မြန်မာလုပ်သား ၂၄ဦး ကို အလုပ်သစ်ရှာပေးပြီး အလုပ်ရှာနေစဉ်ကာလ အတွက်ပါ လုပ်အားခ ပေးမယ်လို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ၎င်းကိစ္စ ကို ကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
မြန်မာအလုပ်သမား ၂၄ဦးဟာ ၎င်းစက်ရုံ ကို ကြားစပ်ကုမ္ပဏီမှတဆင့်ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်ကြသူ တွေ ဖြစ်ပြီး အလုပ်ရုံဘက်မှ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ဖြုတ်လိုက်တယ်လို့ သိရပါတယ်။
 
အခုလို အလုပ်ဖြုတ်လိုက်တဲ့ အပေါ် အလုပ်သမားများက ကြားစပ်ကုမ္ပဏီနှင့်ညှိနှိုင်းမရ ဖြစ်တဲ့ အတွက် WAG အလုပ်သမားမဟာမိတ်အဖွဲ့ကို အကူညီတောင်းခံလာတာကြောင့် ဒီဇင်ဘာ ၂၄ရက်မှာ အလုပ်သမားများနှင့်အတူ မြို့နယ်ဆဝါဒီကန်ရုံးတွင် သွားရောက်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
 
"အလုပ်သမား ၂၄ဦးကို ပထမ ကြိုတင်အကြောင်းမကြားဘဲ အလုပ်က ထုတ်ပစ်လိုက်လို့ ဆဝါဒီကန် ရုံးမှာ သွားရောက် တိုင်ကြားတဲ့အပေါ် အလုပ်အတွက် တာဝန်ပြန်ယူထားတယ် သူတို့ကို အလုပ်မဖြုတ်ဘူး၊အလုပ်သစ်ရှာပေးမယ် ထိုင်နေရတဲ့ ကာလ အတွင်းမှာ လစာ အပြည့်ရှင်းပေးမယ်လို့ ပြောခဲ့ပါတယ်"လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
မြန်မာအလုပ်သမားတွေက မြို့နယ်ဆဝါဒီကန်ရုံး သွားရောက်တိုင်ကြားခဲ့ရာမှာ ကြားစပ်ကုမ္ပဏီက အလုပ်သမားများကို အလုပ်မဖြုတ်ဘဲ အလုပ်သစ်ပြန်ရှာပေးမည် အလုပ်သစ်စောင့်ရသည့်ကာလတွင် လုပ်အားခပုံမှန်ရှင်းပေးမည်ဟု ဆဝါဒီကန် အကြီးအကဲနှင့် (WAG)အဖွဲ့သားများကို ကတိပေးပြောကြားခဲ့တယ်လို့WAGအဖွဲ့က ထုတ်ပြန်ထား ပါတယ်။
 
ယခုလို မြန်မာအလုပ်သမား တွေကို အလုပ်ရှင်တွေက အကြောင်းမဲ့ အလုပ်ထုတ်ပယ်တဲ့ ပြသာနာတွေ မကြာခဏ ဖြစ်ပေါ်နေပြီး ရသင့်တဲ့ အလုပ်သမားအခွင့်ရေး တွေရရှိဖို့ နစ်နာသူအလုပ်သမားတွေက မြန်မာအလုပ်သမားအရေး ကူညီသူတွေထံ အကူညီတောင်းခံတာတွေလည်း များနေကြောင်း သိရပါတယ်။
 

Related posts

Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026