NEWS

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို ဒေးကြေး ၃၄၀၀ ကျပ်သာလက်ခံရန်လုပ်ငန်းခွင်ထဲ ရဲခေါ်ကာခြိမ်းခြောက်လက်မှတ်ထိုးခိုင်း

CoverLogo
541 Views
 
အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို ဒေးကြေး ၃၄၀၀ ကျပ်သာလက်ခံရန်လုပ်ငန်းခွင်ထဲ ရဲခေါ်ကာခြိမ်းခြောက်လက်မှတ်ထိုးခိုင်း အကူအညီပေးဖို့ Wan Xin Myanmar Company Limited အလုပ်သမားတွေကပြောပါတယ်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၅ ၊ အမှတ် ( ၁၁/၁၂ ) မှာ ဖွင့်လှစ်ထားတဲ့ Wan Xin Myanmar Company Limited စက်ရုံက ဖွင့်လှစ်တာ ၂ နှစ်ကျော်ကြာမြင့်ပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လက စတင်ကာ မည်သည့်အကြောင်းမျှမပြောဘဲ အထည်အလိပ်များကို နေရာရွှေ့ခြင်း၊ ချုပ်လုပ်သည့် စက်များကို နေရာရွှေ့ခြင်းနဲ့ အလုပ်သမား အချို့ကို နစ်နာကြေးမပေးဘဲ အလုပ််ထုတ်တာတွေ ရှိတဲ့အပြင် ဒေးကြေးကို ၃၄၀၀ ကျပ်ဖြင့်သာလက်ခံရန်လုပ်ငန်းခွင်ထဲ ရဲခေါ် ကာ ခြိမ်းခြောက်လက်မှတ်ထိုးခိုင်းနေတာကြောင့် အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းခံထားတာပါ။
 
စက်ရုံမှာ Nautica, Soulcal&Co စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်တာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင်ဖြစ်တယ်လို့ သိရပါတယ်။
 
"စက်ရုံမှာ ဖေဖော်ဝါရီလလောက်မှာစပြီး အထည်အော်ဒါတွေ စပြီး ပါးလာတယ်။ ပြီးတော့ ပိတ်လိပ်တွေကို ၆ လပိုင်းလောက်မှာ စပြီး ပြောင်းရွှေ့နေတာသတိထားမိကြတယ်ပေါ့။ နောက်ပြီးတော့ ၇ လပိုင်းမှာ အပ်ချုပ်စက်တွေကို တခြားနေရာကိုပြောင်းလာတာတွေ့ရတယ်၊ အလုပ်သမားတွေကလည်း စက်ရုံပိတ်မယ်လို့ မထင်ကြဘူးပေါ့ ၊အလုပ်ရှင်ဘက်ကတော့ ဘာမှ မပြောဘဲ တဖြည်းဖြည်း အလုပ်ထုတ်လာတာ အခုတော့ ၁၅၀ လောက်ပဲကျန်တော့တယ်" လို့ အလုပ်သမားကပြောပါတယ်။
 
စက်တင်ဘာလမှာတော့ ၁၅ ရက်အလုပ်ပိတ်တယ်ဟုဆိုကာ လုပ်သက် ၃ လမှ ၆ လအထိရှိ အလုပ်သမား ၈၀ ကျော်ကို အကြောင်းပြချက်မရှိဘဲ အလုပ်မှထုတ်ပယ်လိုက်တယ်လို့ ဆိုပါတယ်။
 
အလုပ်ထုတ်ပယ်ရာမှာ လုပ်သက် ၃ လရှိအလုပ်သမားတွေကို နို့တစ်ကြေး ၊အလုပ်ထုတ်နစ်နာကြေး မပေးသလို ၊ လုပ်သက် ၆ လရှိ အလုပ်သမားတွေကို ဒေးကြေး ၃၄၀၀ ကျပ်သာရှင်းပေးမယ်လို့ ပြောလို့ အလုပ်သမားတွေဘက်က အဆင်မပြေဘူးလို့ ပြောပါတယ်။
 
" ဘာမှ ကြိုတင်အသိမပေးဘဲ လုပ်ထုတ်ပြီးတော့ လုပ်ခလစာအပြည့်မရှင်းပေးဘဲ ဒေးကြေး ၃၄၀၀ ကျပ်ပဲပေးမယ်ပြောပါတယ်။ အလုပ်သမားတွေက ဘယ်လိုမှလက်မခံနိုင်ပါဘူး။ ၆၈၀၀ နဲ့ရှင်းပေးဖို့ပြောတာကို မပေးတာပါ။အလုပ်ရှင်ဘက်က ကြိုတင်အသိပေးခဲ့ရင် နောက်အလုပ်ရှာထားလို့ရတယ်လေ အခုက ရုတ်တရက်ကြီးထုတ်တော့ အခုနေတဲ့ လအတွက် စားဖို့နဲ့အဆောင်ဖိုးတွေ ဘယ်လိုရှင်းရမလဲ အခက်အခဲတွေအများကြီးဖြစ်သွားတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
အလုပ်သမားတွေက ဒေးကြေး ၃၄၀၀ ကျပ်နဲ့သာရှင်းပေးမှာကို လက်မခံတဲ့အတွက် မန်နေဂျက ရဲများခေါ်လာကာ ခြိမ်းခြောက်လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
 
"လှိုင်သာယာအလုပ်သမားရုံးကလည်း ဒေးကြေး ၃၄၀၀ ကျပ်နဲ့ပဲ ရှင်းပေးဖို့ ညွှန်ကြားထားတယ်ဆိုပြီး ပြောတယ်။ လက်မခံရင် ဖမ်းမယ်ဆိုပြီးပြောတယ်" လို့ အလုပ်သမားကပြောပါတယ်။
 
လက်ရှိမှာတော့ စက်ရုံမှာ ကျန်ရှိအလုပ်သမားတွေကို ဖြည်းဖြည်းချင်း အလုပ်ထုတ်နေပြီး ကြိုတင်အသိမပေးဘဲ အလုပ်ထုတ်တာ၊ ဒေးကြေးကို အပြည့်အဝရှင်းမပေးတာတွေကြောင့် ဖြေရှင်းပေးဖို့ အလုပ်သမားတွေကလိုလားနေကြပါတယ်။
 
အလုပ်သမားများတောင်းဆိုချက်အနေနဲ့
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အပြစ်မရှိဘဲ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်နေ ခြင်းမပြုလုပ်ရန်၊
၂။ အလုပ်ရှင်ဘက်မှ အလုပ်ထုတ်ခံရသော အလုပ်သမားများကို ဒေးကြေးအပြည့်အဝဖြင့်ရှင်းပေးရန်။
၃။ အလုပ်ရှင်ဘက်မှ လုပ်ငန်းခွင်ထဲတွင် အလုပ်သမားများကို ရဲဖြင့်ခေါ်ပြီး ခြိမ်းခြောက်ပြီး လက်မှတ်ထိုး ခိုင်းခြင်းမပြုလုပ်ရန်နှင့် မန်နေဂျာမှ စကစဖြင့် ဖမ်းဆီခိုင်းမည်ဟု ခြိမ်းခြောက်ခြင်းမပြုလုပ်ရန်။
၄။ စက်ရုံပိတ်သိမ်းမည်ဆိုရင်လည်း အလုပ်သမားများကို ပွင့်လင့်မြင်သာစွာပြောကြားရန်တို့ဖြစ်တယ်လို့ Wan Xin Myanmar Company Limited အလုပ်သမားတွေက တောင်းဆိုထားပါတယ်။
 

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026