NEWS

အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၇ ဦး ညှိနှိုင်းရေးမှအပြန် သမဂ္ဂအတွင်းရေးမှူး အမျိုးသမီးတစ်ဦးကိုဖမ်းဆီးသွား

CoverLogo
1.4K Views

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာရှိတဲ့ Hosheng Myanmar အထည်ချုပ်စက်ရုံက  အလုပ်သမား ၇ ဦး အလုပ်ထုတ်ခံရပြီး အလုပ်သမားသမဂ္ဂအတွင်းရေးမှူး မသူသူစံဖမ်းဆီးခံခဲ့ရတယ်လို့ သိရတယ်။

"သူသူစံရဲ့ဖုန်းကိုလဲသိမ်းထားတယ် စစ်တပ်က သတင်းတင်တဲ့အထဲမှာ ဗိုလ်မှူးရဲ့ပုံပါသွားလို့ ဖမ်းတာလို့ပြောပါတယ် ထွေအုပ်ရုံးအပေါက်မှာတခါတည်ခေါ်သွားတာပါ"လို့ သတင်းရင်းမြစ်ကဆိုပါတယ်။

ယနေ့ ဇွန် ၁၄ ရက် ရွှေပြည်သာမြို့နယ်ထွေအုပ်ရုံးမှာ သွားရောက်ညှိနှိုင်းပြီးအပြန် မသူသူစံကို အရပ်ဝတ်နဲ့ရဲတွေ ခေါ်ဆောင်သွားတာလို့ သိရပါတယ်။

“ ရွှေပြည်သာ ထွေအုပ်ရုံးမှာ ညှိနှိုင်းဖို့ခေါ်ထားတာပါ အပြန်မှာ မသူသူစံကို အရပ်ဝတ်နဲ့လူနှစ်ယောက်က ကားပေါ်ကနေခေါ်သွားတာ မျက်နှာတော့အရမ်းမတွေ့ရဘူး မှန်အမဲဆိုတော့" လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

" ခေါ်တဲ့အချိန်မှာ မသူသူစံက တစ်ယောက်ထဲမလိုက်ချင်ဘူးငြင်းတော့ မေသူမင်း ကိုပါခေါ်တယ် ခေါ်သွားတဲ့ မေသူမင်းကို ရွှေပြည်သာ ထွေအုပ်ရုံးအနီးက ရဲစခန်း တစ်ခုမှာ မေသူမင်းကို ထားခဲ့တယ်"လို့ သိရပါတယ်။

နေ့လယ် ၁၂ နာရီဝန်းကျင်ကတည်းက မသူသူစံကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်​ပြီး ယခုအချိန်ထိ အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။

အလုပ်ထုတ်ခံရတဲ့အလုပ်သမား ၇ ဦးကို ဇွန်လ ၁၀ ရက်နေ့က အလုပ်ထုတ်လိုက်တာဖြစ်ပြီး Hosheng စက်ရုံရဲ့ ထုတ်ပြန်စာမှာတော့ အဆိုပါ အလုပ်သမား ၇ ယောက်ကို စက်ရုံတွင်းတည်ငြိမ်နေသောအနေအထား ကို ဆူပူမှုဖြစ်ပေါ်စေရန် ရည်ရွယ် ၍ သွေးထိုးလှုံ့ဆော်ခြင်း၊ စက်ရုံမှူးအား ခြိမ်းခြောက်ပြောဆိုခြင်း ကုန်ထုတ်လုပ်မှုကျဆင်းစေရန် တမင်လုပ်ဆောင်ခြင်းတို့ကြောင့် အလုပ်မှထုတ်ပယ်ကြောင်း ဖော်ပြထားပါတယ်။

အဆိုပါအလုပ်သမား သမဂ္ဂခေါင်းဆောင်  ၇ ဦးကို အကြောင်းမဲ့ အလုပ်ထုတ်လိုက်လို့ ဇွန်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ  စက်ရုံအလုပ်သမား ၆၀၀ ကျော် ဆန္ဒပြတောင်းဆိုခဲ့ကြတာလို့ သိရပါတယ်။

Hosheng Myanmar စက်ရုံမှ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ZARA နဲ့ Inditex တို့ချုပ်လုပ်တာဖြစ်ပါတယ်။

#MyanmarLabourNews 
Photo-မသူသူစံအားတွေ့ရစဥ်။


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026