NEWS

အလုပ်ထုတ်ခံရတဲ့ မြန်မာပေါင်ချိန်စက်ရုံအလုပ်သမားတွေ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ရေးညှိနှိုင်းနေ

CoverLogo
1.1K Views

အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးရန် တောင်းဆိုမှုကြောင့်  အလုပ်ထုတ်ခံခဲ့ရတဲ့  မြန်မာပေါင်ချိန် ဖိနပ်စက်ရုံ အလုပ်သမားတွေဟာ  အလုပ်ထုတ်လိုက်ခြင်းအကြောင့်  လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ရေးကို တောင်းဆိုရာမှ လက်ရှိညှိနှိုင်းနေကြပြီဖြစ်တယ်လို့  သိရပါတယ်။

''CCC နဲ့ပတ်သက်ပြီးချိတ်ဆက်မှုတော့မရှိဘူး။ ဒါပေမဲ့သူတို့ရဲ့ တုန့်ပြန်မှုလို့တော့ထင်တယ်။ ခုပြီးခဲ့တဲ့စနေနေ့ကပေါ့နော် အလုပ်ပိတ်လိုက်တယ်။ သူတို့ဟာသူတို့ပိတ်တာ အရင်တုန်းကဆိုရင် သူတို့ပိတ်ရင် ကိုယ့်ခွင့်နဲ့ကိုယ် ခွင့်အနေနဲ့နားရတာ။ ခုကသူတို့လစာပေးမှာဆိုပြီးပိတ်တာ။ ဒါကညီမတို့ရဲ့အကျိုးဆက်လို့လည်း ပြောလို့ရတာပေါ့။ ညီမတို့အတွက်ထူးခြားမှုတော့မရှိသေးဘူး။ အလုပ်ပြန်လည်ခန့်ထားရေးကို အလစမှာ ညှိနေပါတယ်'' လို့ အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးက ဆိုပါတယ်။

အဆိုပါအလုပ်သမားတွေဟာ  တစ်နေ့လုပ်ကျပ်၄၈၀၀ ကနေ ကျပ် ၈၀၀၀ သို့ တိုးမြှင့်ပေးရန် တောင်းဆိုမှုအပေါ်  ညှိနှိုင်းမှုမရှိတာကြောင့်  လူစုလူဝေး
ဖြင့်စုပေါင်းတောင်းဆိုခဲ့ရာမှ အလုပ်သမား၂၉ဦး အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပေမဲ့ အလုပ်သမား တစ်ဦးဟာ မိမိသဘောအရ လုပ်ငန်းခွင်မဝင်ဘဲ ထွက်သွားပြီး တစ်ဦးကလုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နေတာကြောင့် စာရင်းအတိအကျအရ ၂၇ဦးသာကျန်ရှိနေပြိး အဆိုပါအလုပ်သမားများ လုပ်ငန်းခွင်မှာ ပြန်လည်ဝင်ရောက်ရန် ညှိနှိုင်းနေပြီလို့ သိရပါတယ်။

'' ခုညှိနေတာက အလစမှာညှိနေတာ။  သူတို့ဘက်ကသူတို့အထက်က စက်ရုံမှူးတို့ OM တို့နဲ့ညှိနေတော့ အဆင့်ဆင့်တွေရှိနေတော့ အတိအကျပြောလို့မရသေးဘူး။ စဥ်းစားနေတုန်းလို့တော့ ပေါင်ချိန်စက်ရုံဘက်ကပြောပါတယ်'' လို့ ဆိုပါတယ်။  

အခုလိုအလုပ်ထုတ်ခံရတာနဲ့ပတ်သက်လို့ မြို့နယ်အလုပ်သမားရုံးမှာ ဥပဒေကြောင်းအရ  ဖြေရှင်းနိုင်ရန် တိုင်ကြားထားတာဖြစ်ပြီး  အလုပ်သမားတွေအနေနဲ့  အလုပ်ထုတ်ခံရသူများလုပ်ငန်းခွင်ပြန်လည်၀င်ရောက်နိုင်ရေးနဲ့  မူလတောင်းဆိုချက်ဖြစ်တဲ့ တစ်နေ့လုပ်ခကျပ်၈၀၀၀သို့ တိုးမြှင့်ပေးရန်တောင်းဆိုချက်အတိုင်းဆက်လက်တောင်းဆိုမှာဖြစ်တာကြောင့် တောင်းဆိုချက်များဆက်လက်အသက်၀င်နေရန် ၀န်ထမ်းများလည်း  စုပေါင်းတောင်းဆိုမှုပြုလုပ်ကြဖို့ကိုလည်း  ပြောဆိုထားပါတယ်။

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံဟာ  ရွှေပြည်သာမြို့နယ်မှာတည်ရှိပြီး လုပ်သားဦးရေ ၇၀၀၀ ခန့်ဖြင့် Adidas တံဆိပ်ဖိနပ် ချုပ်လုပ်နေတာဖြစ်ပြီး ထိုင်၀မ်နိုင်ငံရဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်တာကြောင့်  ကုန်ဈေးနှုန်းမြင့် တက်မှုကြောင့် အခက်အခဲဖြစ်နေတဲ့ ၀န်ထမ်းတွေအပေါ်  သင့်တင့်မျှတတဲ့အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးရန်  အလုပ်သမားတွေဟာ လုပ်ခလစာတိုးမြှင့်ပေးဖို့ အောက်တိုဘာလ၂၅ ရက်ကနေ၂၇ ရက်အထိ စက်ရုံထဲမှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလိုဆန္ဒပြခဲ့တာကြောင့် အလုပ်ရှင်ကခွင့်မဲ့ပျက်ကွက်သည်ဟုဆိုကာ  ပါဝင်တဲ့အလုပ်သမား ၂၉ ဦးကို စက်ရုံက အလုပ်ထုတ်လိုက်ခြင်းခံရကာ  အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက ILO( အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ) ရုံးကိုလည်း အောက်တိုဘာလ ၃၁ ရက်ကစာပို့တိုင်ကြားခဲ့ပြီးနောက် CCC ( Clean Clothes Campaign) အနေနဲ့  Adidas ဟာ အလုပ်သမားတွေပြန်လည်ခန့်ထားပေးရန်နဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကိုရပ်တန့်ပေးဖို့ ဂလိုဘယ်ကမ်ပိန်းအနေနဲ့ ဆန္ဒပြမှုတွေပြုလုပ်နေတာပါ။

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026