NEWS

အလုပ်ထုတ်ခံရတဲ့ Myanmar Pou Chen ဖိနပ်စက်ရုံအလုပ်သမားတွေ အလုပ်သမားရုံးကို တိုင်ကြားထား

CoverLogo
937 Views

အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးရန် တောင်းဆိုမှုကြောင့်  အလုပ်ထုတ်ခံခဲ့ရတဲ့  မြန်မာပေါင်ချိန် ဖိနပ်စက်ရုံ အလုပ်သမားတွေဟာ  အလုပ်ထုတ်လိုက်ခြင်းအကြောင့်   မြို့နယ်အလုပ်သမားရုံးကို တိုင်ကြားထားတယ်လို့ သိရပါတယ်။

ယင်းကဲ့သို့ တိုင်ကြားမှုအတွက် တစုံတရာထူးခြားမှုမရှိသေးဘူးလို့ တိုင်ကြားထားတဲ့အလုပ်သမားကပြောဆိုပါတယ်။

အဆိုပါအလုပ်သမားတွေဟာ  တစ်နေ့လုပ်ခကျပ် ၄၈၀၀ ကနေ ကျပ် ၈၀၀၀ သို့ တိုးမြှင့်ပေးရန် တောင်းဆိုမှုအပေါ် စက်ရုံဘက်မှ  ညှိနှိုင်းမှုမရှိတာကြောင့်  လူစုလူဝေးဖြင့်စုပေါင်းတောင်းဆိုခဲ့ရာမှ အလုပ်သမား၂၉ဦး အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

အခုလိုအလုပ်ထုတ်ခံရတာနဲ့ပတ်သက်လို့ မြို့နယ်အလုပ်သမားရုံးမှာ ဥပဒေကြောင်းအရ  ဖြေရှင်းနိုင်ရန် တိုင်ကြားထားတာဖြစ်ပြီး  အလုပ်သမားတွေအနေနဲ့  အလုပ်ထုတ်ခံရသူများလုပ်ငန်းခွင်ပြန်လည်၀င်ရောက်နိုင်ရေးနဲ့  မူလတောင်းဆိုချက်ဖြစ်တဲ့ တစ်နေ့လုပ်ခကျပ် ၈၀၀၀ သို့ တိုးမြှင့်ပေးရန်တောင်းဆိုချက်အတိုင်းဆက်လက်တောင်းဆိုမှာဖြစ်တာကြောင့် တောင်းဆိုချက်များဆက်လက်အသက်၀င်နေရန် ၀န်ထမ်းများလည်း  စုပေါင်းတောင်းဆိုမှုပြုလုပ်ကြဖို့ကိုလည်း  ပြောဆိုထားပါတယ်။

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံဟာ  ရွှေပြည်သာမြို့နယ်မှာတည်ရှိပြီး လုပ်သားဦးရေ ၇၀၀၀ ခန့်ဖြင့် Adidas တံဆိပ်ဖိနပ် ချုပ်လုပ်နေတာဖြစ်ပြီး ထိုင်၀မ်နိုင်ငံရဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။

လက်ရှိ ပြည်တွင်းမှာ ကုန်ဈေးနှုန်းမြင့် တက်မှုကြောင့် အခက်အခဲဖြစ်နေတဲ့ ၀န်ထမ်းတွေအပေါ်  သင့်တင့်မျှတတဲ့အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးရန် အလုပ်သမားတွေဟာ လုပ်ခလစာတိုးမြှင့်ပေးဖို့ အောက်တိုဘာလ၂၅ ရက်ကနေ ၂၇ ရက်အထိ စက်ရုံထဲမှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလိုဆန္ဒပြခဲ့တာကြောင့် အလုပ်ရှင်ကခွင့်မဲ့ပျက်ကွက်သည်ဟုဆိုကာ  ပါဝင်တဲ့အလုပ်သမား ၂၉ ဦးကို စက်ရုံက အလုပ်ထုတ်လိုက်ခြင်းခံရကာ  အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက  ILO( အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ) ရုံးကိုလည်း အောက်တိုဘာလ ၃၁ ရက်က စာပို့တိုင်ကြားခဲ့ပြီးနောက်  အခုလိုမြို့နယ်အလုပ်သမားရုံးသို့  ဥပဒေကြောင်းအရ ဖြေရှင်းရန် ထပ်မံတိုင် ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။

MyanmarLabourNews 
Photo-Myanmar Pou Chen စက်ရုံအလုပ်သမားများစုပေါင်းတောင်းဆိုမှုပြုလုပ်စဥ်။


Related posts

Cover
အချိန်ပိုကြေးမပေးတဲ့အပြင် အထည်စံချိန်အလွန်အကျွံတောင်းခံတာကြောင့် အလုပ်သမားအချို့ အာဟာရချို့တဲ့ပြီး ကျန်းမာရေးထိခိုက်တာတွေရှိနေ
Jun 19, 2025
Cover
ဘန်ကောက်တွင် တနေ့လုပ်ခ အနည်းဆုံး ဘတ် ၄၀၀ တိုးပေးမည်
Jun 19, 2025
Cover
အလုပ်သမားဝင်ငွေကနေ အခွန်ဖြတ်
Jun 19, 2025
Cover
အလုပ်သမားခေါင်းဆောင် ဦးသက်နှင်းအောင်ကို အဆိုးရွားဆုံးပုံစံဖြင့် ဆက်လက်တိုက်ပိတ်ထားဟုဆို
Jun 19, 2025
Cover
Tai Hong Garment အလုပ်ရှင် အလုပ်သမား နှစ်ဖက် သဘောတူညီချက် ရရှိပြီး လုပ်ငန်းခွင် စတင်
Jun 19, 2025
Cover
Fang Hua အထည်ချုပ် နားရက် အိုတီမဆင်းသူများအား ရက်မှန်ကြေး ဖြတ်
Jun 19, 2025
Cover
Hope one စက်ရုံ အခွင့်အရေးများ လျှော့ချ
Jun 18, 2025
Cover
လုပ်ခတိုးပေးဖို့နဲ့ လုပ်ငန်းခွင်အတွင်းအခွင့်အရေးချိုးဖောက်တာတွေမလုပ်ဖို့ Casico Garment အလုပ်သမားတွေတောင်းဆိုမှုပြုလုပ်
Jun 18, 2025