NEWS

အလုပ်ထုတ်ခံထားရသူတွေကို ပြန်ခန့်ဖို့ adidas ကပြောထားပေမယ့် စက်ရုံဘက်ကတုံ့ပြန်မှုမရှိ

CoverLogo
841 Views

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက အလုပ်ထုတ်ခံထားရတဲ့အလုပ်သမားတွေကို ပြန်ခန့်ဖို့ အော်ဒါအပ်တဲ့ adidas က ပြောထားပေမယ့် စက်ရုံဘက်ကတော့ လက်ရှိအချိန်ထိ တုံ့ပြန်မှုမရှိသေးဘူးလို့ အဲဒီစက်ရုံအလုပ်သမားတွေထံကသိရပါတယ်။

" ခုထိဘာမှမတုံ့ပြန်သေးဘူး။ ထူးခြားမှုမရှိသေးဘူး။ ခုအလညမှာညှိနေတာက အလစကိုပြန်လွှဲထားပါတယ်။ လာမဲ့တနလာနေ့ အလစမှာရုံးချိန်းရှိပါတယ်" လို့ အလုပ်ထုတ်ခံရသူများထဲမှ အလုပ်သမားတစ်ဦးက ဆိုပါတယ်။

မြန်မာပေါင်ချိန်စက်ရုံမှ အလုပ်သမားတွေဟာ  အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးဖို့တောင်းဆိုရာမှ  အလုပ်သမား၂၆ဦး အလုပ်ထုတ်ခံခဲ့ရတာကြောင့်  လုပ်ငန်းခွင်အတွင်းပြန်လည်၀င်ရောက်နိုင်ရန်  အလစမှာ  ရုံးအချိန်းသုံးချိန်းပြီးတဲ့အထိ   စက်ရုံဘက် ကတိကျတဲ့ညှိနှိုင်းပြောဆိုမှုမရှိသေးဘဲ အလညကိုပြန်လည်လွှဲပြောင်းလိုက်တာလို့သိရပါတယ်။ 

ဒါ့အပြင် adidas ကလည်း  စက်ရုံအနေနဲ့ တောင်းဆိုမှုပြုလုပ်နေစဉ်  ခွင့်မဲ့သုံးရက်ပျက်ကွက်မှုနဲ့ အလုပ်ထုတ်ပယ်လိုက်တဲ့အလုပ်သမားတွေကို ပြန်လည်၀င်ရောက်ခွင့်ပြုပေးဖို့နို၀င်ဘာ၃ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပေမဲ့ အဲ့ဒီ အမှတ်တံဆိပ်ကိုချုပ်လုပ်နေတဲ့ မြန်မာပေါင်ချိန်စက်ရုံဘက်က ယနေ့အထိ တုံ့ပြန်မှုမရှိသေးဘဲ လစ်လျူရှု့နေတယ်လို့ သိရပါတယ်။

အဆိုပါအလုပ်သမားတွေဟာ တစ်နေ့လုပ်ခကျပ် ၄၈၀၀ ကနေ ကျပ်၈၀၀၀ သို့ တိုးမြှင့်ပေးရန် တောင်းဆိုမှုအပေါ် ညှိနှိုင်းမှုမရှိတာကြောင့် လူစုလူဝေးဖြင့် စုပေါင်းတောင်းဆိုခဲ့ရာမှ အလုပ်သမား၂၉ဦး အလုပ်ထုတ်ခံခဲ့ရတာဖြစ်ပေမဲ့ အလုပ်သမား တစ်ဦးဟာ မိမိသဘောအရ လုပ်ငန်းခွင်မဝင်ဘဲ ထွက်သွားပြီး တစ်ဦးကလုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နေတာကြောင့် စာရင်းအတိအကျအရ ၂၇ဦးသာကျန်ရှိနေပြိး အဆိုပါအလုပ်သမားများ လုပ်ငန်းခွင်မှာ ပြန်လည်ဝင်ရောက်ရန် ညှိနှိုင်းနေတာလို့ သိရပါတယ်။

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံဟာ ရွှေပြည်သာမြို့နယ်၌ လုပ်သားဦးရေ ၇၀၀၀ ခန့်ဖြင့် adidas တံဆိပ်ဖိနပ် ချုပ်လုပ်နေတာဖြစ်ပြီး ထိုင်၀မ်နိုင်ငံရဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။

ပြည်တွင်းမှာ ကုန်ဈေးနှုန်းမြင့် တက်မှုကြောင့် အခက်အခဲဖြစ်နေတဲ့ ၀န်ထမ်းများက  သင့်တင့်မျှတတဲ့အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026