NEWS

အလုပ်ထုတ်ခံ အလုပ်သမားတွေကို ပြန်ခန့်ဖို့ adi​das ရဲ့စုံစမ်းစစ်ဆေးမှု တစ်ဖက်သတ်ဖြစ်နေဟုဆို

CoverLogo
758 Views

Myanmar Pou Chen မြန်မာပေါင်ချိန်ဖိနပ်စက်ရုံက အလုပ်ထုတ်ခံထားရတဲ့အလုပ်သမားတွေကို ပြန်ခန့်ဖို့ အော်ဒါအပ်တဲ့ adidasက ပြောဆိုထားပေမယ့် စက်ရုံဘက်ကတော့ လက်ရှိအချိန်ထိ တုံ့ပြန်မှုမရှိသေးဘူးလို့ အဲဒီစက်ရုံအလုပ်သမားတွေထံကသိရပါတယ်။

" သူတို့ဘက်ကတုံ့ပြန်မှုမရှိဘူး။ အလုပ် သမားတွေဘက်ကို adidasဘက် ကနေလည်းတုံ့ပြန်မှုမရှိလာဘူး။ ခု adidas ကနေစုံစမ်းစစ်ဆေးတာတွေလုပ်နေတယ်ပြောတာ ဒါကလည်းစက်ရံဘက်တစ်ဖက်တည်းကိုပဲ လုပ်နေတယ်။ adidas ကနေကျွန်မတို့၀န်ထမ်းတွေဘက်ကိုလည်းစစ်ဆေးစေတာတွေမလုပ်သေးဘူး။တစ်ဖက်တည်းကိုပဲ ပိတ်ပြီးလုပ်နေရင် အဖြေမှန်မထွက်ဘူး။ ညီမတို့ဘက်ကိုလည်းစစ်ဆေးမှုတွေလုပ်စေးချင်ပါတယ်'' လို့ မြန်မာပေါင်ချိန်အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

မြန်မာပေါင်ချိန်စက်ရုံမှ အလုပ်သမားတွေဟာ အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးဖို့တောင်းဆိုရာမှ ခွင့်မဲ့ပျက်ကွက်သည်ဟုဆိုကာအလုပ်သမား၂၆ဦး အလုပ်ထုတ်ခံခဲ့ရတာကြောင့် လုပ်ငန်းခွင်အတွင်းပြန်လည်၀င်ရောက်နိုင်ရန် အလစမှာ ရုံးအချိန်းသုံးချိန်းပြီးတဲ့အထိ ညှိနှိုင်းခဲ့ပေမဲ့ စက်ရုံလုပ်ငန်းပိုင်ရှင်က ပြန်လည်ခန့်အပ်ပေးမှာမဟုတ်ဘူးလို့သာ ထွက်ဆိုထားခဲ့ပြီး အလညကိုပြန်လည်လွှဲပြောင်းလိုက်တာလို့သိရပါတယ်။

'' ပထမက အလစမှာချိန်းတာ နောက်ပိုင်းကျ အီးစီစာချုပ်နဲ့ငြိတယ်ဆိုပြီးတော့ အလညကိုပြန်လွှဲထားတယ်။ ခု ၂၃ရက်နေ့က စက်ရုံထဲ၀င်စစ်တယ်လို့ပြောတယ်။ ဒီနေ့ရုံးချိန်းပါ။ ပြီးခဲ့တဲ့တစ်ချိန်းရှင်းတယ်။ ပထမဆုံးတစ်ချိန်း မှာလည်း အလုပ်ရှင်က ၂၆ယောက်လုံးက်ို ပြန်မခန့်နိုင်ပါဘူးလို့ထွက်ဆိုတယ်'' လို့ ဆိုပါတယ်။

ဒါ့အပြင် adidasကလည်း စက်ရုံအနေနဲ့ တောင်းဆိုမှုပြုလုပ်နေစဉ် ခွင့်မဲ့သုံးရက်ပျက်ကွက်မှုနဲ့ အလုပ်ထုတ်ပယ်လိုက်တဲ့အလုပ်သမားတွေကို ပြန်လည်၀င်ရောက်ခွင့်ပြုပေးဖို့နို၀င်ဘာ၃ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပေမဲ့ အဲ့ဒီ အမှတ်တံဆိပ် ကိုချုပ်လုပ်နေတဲ့ မြန်မာပေါင်ချိန်စက်ရုံဘက်က ယနေ့အထိ တုံ့ပြန်မှူမရှိသေးဘဲ လစ်လျူရှု​နေပြီး adidas အနေနဲ့ ဒီအပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ဆိုထားတယ်လို့ သိရပါတယ်။

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံဟာ ရွှေပြည်သာမြို့နယ်၌ လုပ်သားဦးရေ ၇၀၀၀ ခန့်ဖြင့် adidas တံဆိပ်ဖိနပ် ချုပ်လုပ်နေတာဖြစ်ပြီး ထိုင်၀မ်နိုင်ငံရဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကုန်ဈေးနှုန်းမြင့် တက်မှုကြောင့် အခက်အခဲဖြစ်နေတဲ့အလုပ်သမားတွေဟာ တစ်နေ့လုပ်ခကျပ်၄၈၀၀ကနေ ကျပ်၈၀၀၀ သို့ တိုးမြှင့်ပေးရန် တောင်းဆိုမှုအပေါ် ညှိနှိုင်းမှုမရှိတာကြောင့် လူစုလူဝေးဖြင့် စုပေါင်းတောင်းဆိုခဲ့ရာမှ ခွင့်မဲ့ပျက်ကွက်သည်ဆိုကာ အလုပ်ထုတ်ခံခဲ့ရတာဖြစ်​ကာ အဆိုပါအလုပ်သမားများ လုပ်ငန်းခွင်မှာ ပြန်လည်ဝင်ရောက်ရန် ညှိနှိုင်းနေတာလို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026