NEWS

အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ

CoverLogo
291 Views
 
ထိုင်းနိုင်ငံ ချွန်ပူလီခရိုင် နောင်းယိုင် ရှိ မျက်မှန် စက်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၂၇ဦးကို စက်ရုံဘက်မှ ကြိုတင်အကြောင်းမကြားဘဲ အလုပ်က ထုတ်ပယ်လိုက်တယ်လို့ ၎င်းအမှု ကို ကူညီပေးနေတဲ့ WAGအလုပ်သမား မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
 
CIနဲ့ ဘတ်အသစ် ကိုင်ဆောင်ထားတဲ့ မြန်မာလုပ်သား အမျိုးသား ၁၆ဦး၊ အမျိုးသမီး ၁၁ဦးတို့ဟာ ၎င်းစက်ရုံမှာ လုပ်ကိုင်နေတာ ၇ရက်မှ ၃လ အထိသာ ရှိသေးတယ်လို့ ဆိုပါတယ်။
 
အလုပ် ရဖို့ ကိုလည်း ပွဲစား ကိုသန့်ဇင် ဆိုသူ ကို လုပ်သားတစ်ဦး လျှင် စမတ်ကြေး ဘတ်၄၅၀၀၊ ကျန့်ခေါက်ခ ၄၅၀၀ ဘတ်နဲ့ သက်တမ်းတိုးရန်အတွက် ဘတ် ၄၅၀၀ စီ ပေးခဲ့ရတယ်လို့ သိရပါတယ်။
 
မတ်လ ၂၃ရက် မနက် ၈နာရီ အချိန် မှာတော့ ၎င်းစက်ရုံမှ တရုတ်ဝန(အလုပ်သမားခေါင်းဆောင်)နှင့်တရုတ်စကားပြန် ဆိုသူ တို့ကပစ္စည်းအော်ဒါပါးသောကြောင့်ကြိုတင်အကြောင်းမကြားဘဲ မြန်မာလုပ်သား ၂၇ဦး ကို အလုပ်ထုတ်လိုက်တယ်လို့ သိရပါတယ်။
 
မြန်မာလုပ်သား၂၇ဦးမှာ အလုပ်ထုတ်ခံလိုက်ရတဲ့ အတွက်အလုပ်သစ်ရှာရန်အခက်အခဲကြုံတွေ့နေရတာကြောင့် WAGအလုပ်သမားမဟာမိတ်အဖွဲ့ထံအကူအညီတောင်းခံလာသဖြင့် မတ်လ၂၃ရက်မှာဘဲ WAG အဖွဲ့မှ အမှုကို လက်ခံ ပြီး နစ်နာသူ အလုပ်သမားတွေ အတွက် ကူညီပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026