NEWS

အလုပ်ခွင် အတွင်း အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေပြုပြင်ပေးဖို့ လိုလားနေဟုဆို

CoverLogo
409 Views
 
လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှူဇုန်၊ ကနောင်မင်းသားကြီးလမ်း၊ အမှတ် - မှာရှိနေတဲ့ Shun Yu Myanmar Garment Co.,ltd အထည်ချုပ် မှာ အလုပ်ခွင်အတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရပြီး ပြုပြင်ပြောင်းလဲပေးဖို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းထားပါတယ်။
 
လူဦးရေ (၂၀၀)ကျော် ရှိကာ တရုတ်နိုင်ငံသား ပိုင်ဆိုင်တဲ့ Shun Yu Myanmar Garment Co.,ltd အထည်ချုပ် ဟာ Sinsay, Max, Amisu တံဆိပ် ချုပ်လုပ်တဲ့ စက်ရုံဖြစ်ပြီး စက်ရုံတွင်း သန့်ရှင်းရေးလိုအပ်တာနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေရှိနေတယ်လို့ဆိုပါတယ်။
 
"စက်ရုံမှာ အလုပ်သမားတွေ သောက်တဲ့ရေသောက်ဖို့နေရာမှာ သောက်ရေနဲ့ ပန်ကန်ဆေး၊ အဝတ်လျှော်တာ ၊ ခြေထောက်ဆေးတာတွေကို အထက်လူကြီးတွေ တရုတ်စကားပြန်တွေ၊ အောစူပါတွေကလုပ်တယ်၊ "သောက်ရေသောက်တဲ့နေရာမှာ လက်မဆေးရ လူလိုနားလည်ပါ" ဆိုတဲ့စာတန်းပါ စာရွက်ကို စာရေးမတွေက ကပ်ထားပြီး သူတို့ အပါအဝင် သူတို့မလုပ်နဲ့ပြောပြီး ကိုယ်တိုင် ညစ်ပတ်အောင်လုပ်နေတာတွေရှိနေတယ်။ စက်ရုံတွင်းသန့်ရှင်းမှုအားနည်းလို့အထည်တွေထဲမှာ မြွေဟောက်တွေပါ ပါလာတယ်။အိမ်သာကလည်းသန့်ရှင်းမှုမရှိသလို စက်ရုံတွင်းထိခိုက်မှုတွေအတွက်ဆေးဝါးလည်းရှိမနေဘူး အလုပ်သမားက ကိုယ်အစီစဉ်နဲ့ကိုယ်ဝယ်နေရလို့ လုံခြုံတဲ့လုပ်ငန်းခွင်နဲ့ အလုပ်သမားအခွင့်အရေး ရဖို့တွေလိုအပ်နေတယ်လို့" Shun Yu Myanmar Garment Co.,ltd က အလုပ်သမားတယောက်က ပြောပါတယ်။
 
အလုပ်ရှင်ဘက်က အလုပ်သမား‌တွေခံစားခွင့်ရှိတဲ့ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေ ခံစားခွင့်မပေး ခြင်း၊ ခွင့်ရက်များခံစားခွင့်မပေးခြင်းကြောင့် နေထိုင်မကောင်းသည်ဖြစ်စေ၊ အရေးပေါ်ကိစ္စပေါ်ပေါက်လာပါက ခွင်င့တိုင်ကြားပေမယ့်ခွင့်မပေးတဲ့အတွက် ဒေးကြေး+ထောက်ပံ့ကြေး ၁၀၅၀၀ကျပ်၊ ရက်မှန် ကြေး၃၅၀၀၀ကျပ် ဖြတ်တောက်ခံရခြင်းကြောင့် အလုပ်သမားများနစ်နာမှုရှိနေတယ်လို့ ပြောပါတယ်။
 
ဒါ့အပြင်အလုပ် လုပ်ကိုင်နေရင်နေမကောင်းလို့ ဂိတ်ပတ်ယူပြီးပြန်ပါက အလုပ်ချိန်၈နာရီမပြည့်လို့ ဆိုကာ ဒေးကြေး၊ ရက်မှန်ကြေး၊ ဆုကြေး၊ အထည်ကြေး၊ ထောက်ပံကြေးပါအကုန်ဖြတ်ခံရပြီးဆင်းခဲ့တဲ့နာရီကြေး လည်းတွက်ချက်မပေးဘဲ ဖြတ်တောက်တာမျိုးရှိနေတယ်လို့သိရပါတယ်။
 
"စက်ရုံကအချိန်ပိုကို ဒီနေ့ ည၂နာရီ ၃နာရီကဆင်းခိုင်းရင်နောက်နေ့မနက်၇နာရီ အလုပ်ပြန်တက်ခိုင်းပြီးဆက်တိုက်မနားတမ်းဆင်းခိုင်းတာတွေလည်းရှိတယ်။ပြီးတော့ အချိန်ပိုမဆင်းဖို့ပြောတဲ့သူတွေကိုလည်း အငြိုးထားတာ၊ဖိအားပေးတာနဲ့ဆဲတာဆိုတာတွေရှိသလို လုပ်ငန်းခွင်မှာ အသက်မပြည့်သေးပဲ၁၅နှစ်၊၁၆နှစ်အရွယ်တွေကိုအလုပ်ခန့်ထားပြီး သူတို့နဲ့မမျှတတဲ့အလုပ်တွေခိုင်းတာတွေလည်းရှိတယ်။လစာထုတ်ရင်လည်း ၄နာရီထုတ်ပေးရမယ့်အစား၅နာရီအထိအချိန်ဆွဲအလုပ်ခိုင်းထားပြီးထုတ်ပေးတာမျိုးတွေလည်းရှိနေတယ်"လို့ အလုပ်သမားတွေရဲ့ကိုယ်စား စက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။
 
Shun Yu Myanmar Garment Co.,ltd အလုပ်သမား‌တွေအ‌ နေနဲ့ အလုပ်ရှင်ဘက်ကို အောက်ပါအတိုင်းပြုလုပ်ပေးစေလိုကြောင်းတောင်းဆိုထားပါတယ်။
၁။ အလုပ်သမားများခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်ကို အလုပ်ရှင်ဘက်မှခံစားခွင့်ပေးရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို မိမိဆန္ဒမပါဘဲ ဖိအားပေးပြီး အချိန်ပိုအိုတီဆင်းခိုင်းခြင်း မပြု လုပ်ရန်နှင့်အလုပ်ရှင်ဘက်က အလုပ်သမားများကို အောလင်း၊ အောနိုက်များကို ဖိအားပေးဆင်းခိုင်းခြင်းများ မပြုလုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ တရုတ်များ အောစူပါ၊ စူပါများမှာ စံချိန်မတရား တောင်းခံနေပြီး ဆဲဆိုခြင်း၊ အော်ဟစ်ခြင်း၊ စောက်ဖြင့်ခိုင်းနှိုင်းပြောဆိုခြင်း၊ လူကြားထဲမရှောင်အော်ဟစ်ခြင်း များပြုလုပ်ခြင်း၊ အလုပ် သမားကအကျိုးအကြောင်းပြန်ပြောလျင် ပြန်ပြောတယ်ဆိုကာ အငြိုးအတေးထား ဆက်ဆံခြင်း၊ ဖိအားပေး ခံရခြင်း၊ ဝမ်တိန်ထိုးခိုင်းများမပြုလုပ်ရန်။
၄။ စက်ရုံလုပ်ငန်းခွင်ထဲတွင် သန့်ရှင်းမှုမရှိခြင်းအတွက် မြွေအန္တရာယ်ရှိခြင်းကြောင့် သန့်ရှင်မှုရှိအောင်ဆောင် ရွက်ပေးရန်။
၅။ အိမ်သာသည်လည်းသန့်ရှင်းမှုမရှိခြင်း၊ အလုပ်သမား များသောက်ရေသောက်သည့် နေရာတွင်လည်း သောက်ရေနင့်အဝတ်လျှော်ခြင်း၊ ပန်ကန်ဆေးခြင်းများမပြုလုပ်ရန်တို့ဖြစ်ကြောင်းသိရပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026