NEWS

အလုပ်ခွင် ထိခိုက်သည့် မြန်မာလုပ်သားအား နစ်နာကြေးမပေးဘဲ ဆေးကုသစရိတ် ပြန်တောင်း

CoverLogo
394 Views
 
ထိုင်းနိုင်ငံ၊ စလာဘူလီမြို့က စားသောက်ဆိုင်မှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတဦး လုပ်ငန်းခွင် ထိခိုက် ဒဏ်ရာရရှိတာကြောင့် နစ်နာကြေး လျှောက်ဖို့ ပိုင်ရှင်ဖြစ်သူက ဆောင်ရွက် မပေးတဲ့ အပြင် ဆေးကုစရိတ်တွေပါ ပြန်တောင်းနေတယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင် ရှောက်ရေးအဖွဲဆီက သိရပါတယ်။
 
မြန်မာအလုပ်သမား ကိုမောင်သက် အလုပ်လုပ်နေချိန် ပိုင်ရှင်ဖြစ်က စားသောက်ဆိုင်ခွဲဆီ ယာဉ်မောင်း တဦးနဲ့ ပစ္စည်းပို့ခိုင်းတာကြောင့် သွားရောက်ပို့ဆောင်စဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ယာဉ်တိုက်မှုအတွင်း မြန်မာအလုပ်သမား ရဲ့ ညာဘက် လက်ကောက်ဝတ်နဲ့ လက်ချောင်းတွေ ကျိုးခဲ့တာကြောင့် စတီးရိုး ထည့် ကုသခဲ့ရတယ်လို့ သိရပါတယ်။
 
မြန်မာအလုပ်သမားက ဆေးကုသမှု ခံယူပြီးနောက် ထိုင်းအလုပ်သမားရုံးမှာ နစ်နာကြေး လျှောက်ထား ဖို့ ဆေးစာရွက် တောင်းချိန်မှာ နစ်နာကြေးလိုချင်ပါက ဆေးဖိုး ဘတ် ၁၃၀၀၀၀ အရင် ပြန်ပေးဖို့ ပိုင်ရှင် ဖြစ်သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
 
''ကွေ့တီယို သွား ပို့ချိန်မှာ ဖြစ်တာ။ ပိုင်ရှင်က ဆေးကုပေးပြီး ၊ အခု ဆေးဖိုး တွေပြန်တောင်းတယ်။ ဆက်သွယ်တာက မနေ့ကမှ ဆိုတော့ အမှုကို ပြန်တည်ဆောက်ရမယ် ။ အခုပထမဆုံး ရဲစခန်းမှာ အမှု ဖွင့်ထားတဲ့ စာရွက်ကို လာယူတာ။ အမှုကို ဘယ်လို တည်ဆောက်ထားလဲ ဆိုတာ ကြည့်ပြီး ဆက်လုပ် ဖို့ပါ။ ပြောချင်တာက ပိုင်ရှင်က ခိုင်းလို့၊ ၀ဏ(အလုပ်သမားခေါင်းဆောင်) က ခိုင်းလို့ ယာဉ်တိုက်မှု ဖြစ်တယ် ၊ မတော်တဆမှု ဖြစ်တယ်ဆိုရင် ပိုင်ရှင်နဲ့ အပြည့်အ၀ သက်ဆိုင်တယ် ။ အပြင်မှာ ဖြစ်တာပဲ လုပ်ငန်းခွင်ထဲ မှာ မဟုတ်လို့ ပိုင်ရှင်က တာဝန်မယူဘူး ဆိုတာ မဟုတ်ပါဘူး။ ဒါကို မြန်မာ လုပ်သား တွေ သိထားရမယ်။''လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
 
အခုအမှုအတွက် မေလ ၁၃ရက်က မြိုနယ် ရဲစခန်းမှာ မြန်မာအလုပ်သမား နဲ့ အတူ တိုင်ကြားထားပြီး ရရှိသင့်တဲ့ နစ်နာကြေး ရရှိဖို့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့ဆီက သိရပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026