NEWS

အလုပ်ချိန်အလွန်အကျွံခိုင်းစေမှု ဖြေရှင်းပေးစေလိုဟုဆို

CoverLogo
518 Views
 
ရန်ကုန််တိုင်း လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၄ ၊ မြဝတီမင်းကြီးလမ်းမှာ ရှိတဲ့ T.M.A Co.,Ltd အထည်ချုပ်စက်ရုံမှာ အလုပ်ချိန်အလွန်အကျွံခိုင်းစေမှုကြောင့် နားရက်မရဘဲ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
နောက်ထပ်ချိုးဖောက်မှုတွေအနေနဲ့လည်း အမျိုးသမီးလုပ်သားတွေကို ဆဲဆိုခိုင်းစေတာ၊ အထည်စံချိန်အလွန်အကျွံတောင်းခံတာနဲ့ ဥပဒေပါခွင့်ခံစားခွင့်မပေးတာကြောင့် နစ်နာမှုတွေဖြစ်နေရတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းခံထားတာပါ။
 
တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၂၀၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာလို့ သိရပါတယ်။ လုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့လည်းသိရပါတယ်။
 
အထည်စံချိန်တောင်းခံရာမှာ အလုပ်သမား ၆၀ ရှိတဲ့ စက်လိုင်းတလိုင်းလျင် တနာရီကို ဝယ်လွန်ဂျာကင်အထည် ၃၀ ကျော်သတ်မှတ်ချုပ်လုပ်စေတာဖြစ်တဲ့ စံချိန်မပြည့်ပါက အမျိုးသား အောစူပါတွေက အမျိုးသမီးအထည်ချုပ်လုပ်သားတွေကို အော်ဟစ်တာ ဆဲဆိုတာနဲ့ ညစ်ညမ်းစွာဆဲဆိုခိုင်းစေမှုတွေ ပြုလုပ်သလို အထည်စံချိန်ပြည့်စေရန်အတွက် အောလင်း ၊အောနိုက် (ညလုံးပေါက်အချိန်ပို) ဆင်းကာ လုပ်ကိုင်ရသလို တနင်္ဂနွေနေ့တွေမှာပါ ပိတ်ရက်မရဘဲ အချိန်ပိုဆင်းပေးနေရတယ်လို့ ပြောပါတယ်။
 
"အလုပ်သမားတိုင်းခံစားခွင့်ရသင့်တဲ့ ဥပဒေပါခံစားခွင့်တွေမပေးပါဘူး၊ ခွင့်မပေးတဲ့အတွက် နေထိုင်မကောင်းသည်ဖြစ်စေ ၊ အလုပ်လာရင်း အရေးပေါ်အကြောင်းကိစ္စရှိသည်ဖြစ်စေ အောစူပါတွေဆီခွင့်တိုင်ရင်ခွင့်မပေးပါဘူး။ သူတို့နဲ့အမျိုးတော်တဲ့သူဆိုရင်တော့ခွင့်ပေးပါတယ်၊ အလုပ်သမားအချင်းချင်းခွဲခြားဆက်ဆံတဲ့အတွက် နစ်နာနေရတယ်၊ တရက်ပျက်ရင် ခွင့်ခံစားခွင့်မရတော့ လုပ်ခတွေ အများကြီးဖြတ်တောက်ခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
ဒါ့အပြင် လုပ်သက် ၃ လကျော်လုပ်ကိုင်ပြီးတဲ့ နေ့စားအလုပ်သမား ၁၀၀ ကျော်ရှိပြီး ယင်းတို့ကိုလဲ အတည်ပြုခန့်အပ်ခြင်းမရှိဘဲ လအတော်ကြာခိုင်းစေမှုတွေရှိနေတယ်လို့ ပြောထားပါတယ်။
 
အလုပ်သမားတွေအနေနဲ့ ကောင်းမွန်တဲ့လုပ်ငန်းခွင်ဖြစ်ရေးအတွက် အောက်ပါအချက်တွေကို ဖြေရှင်းပေးဖို့တောင်းဆိုထားပါတယ်။
 
တောင်းဆိုချက်တွေကတော့
 
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို တနင်္ဂနွေပိတ်ရက်၊ အခါကြီးရက်ကြီးများပါမကျန် အချိန်ပိုအိုတီ ဆင်းခိုင်းခြင်းမပြုလုပ်ရန်။
၂။ ၃လကျော်ပြီးသော နေ့စားအလုပ်သမားများကို အလုပ်ရှင်ဘက်က အတည်ပြုဝန်ထမ်းခန့်အပ်ပေးရန်။
၃။ အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များကို အလုပ်ရှင်ဘက်မှ ခံစားခွင့်ပေးရန်နှင့် ခွင့်ပေးလျင်အ လုပ်သမားအချင်းချင်းခွဲခြားပြီးမပေးရန်။
၄။ အလုပ်ရှင်ဘက်က အထည်စံချိန်တောင်းလျင် အမျိုးသားအောစူပါမှ မိန်းကလေးများကို အော်ဟစ်ခြင်း၊ ဆဲဆိုလုပ်ခြင်း၊ စောက်ဖြင့်ခိုင်းနှိုင်းခြင်းများ မပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်က တောင်းခံသောစံချိန် အပြည့်မပေးနိုင်လျင်လည်း အောလင်း၊ အောနိုက် ဆင်းရတဲ့ အပြင် တနင်္ဂနွေနေ့များတွင်လည်း ပိတ်ရက်မရှိ အချိန်ပိုအိုတီဆင်းခိုင်းခြင်းမပြုလုပ်ရန်တို့ ဖြစ်တယ်လို့ T.M.A Co.,Ltd အလုပ်သမားတွေကတောင်းဆိုထားပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026