NEWS

အလုပ်ချိန် ၈ နာရီမှာ အထည် ၉၆၀ အပ်ခိုင်းနေလို့ အထည်ချုပ်လုပ်သားတွေအခက်တွေ့နေရ

CoverLogo
1.6K Views

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြောင်းတကာစက်မှု့ဇုန်ထဲကတရုတ်နိုင်ငံသားပိုင် Textile Palace အထည်ချုပ်စက်ရုံမှာလုပ်သားတွေကိုအပ်ထည်တွေအဆမတန်တိုးခိုင်းနေတဲ့အတွက်စက်ရုံလုပ်သားတွေအနေနဲ့အခက်တွေ့နေရတယ်လို့ MLN ကိုပြောပါတယ်။

အဆိုပါစက်ရုံမှာအချိန်ပိုတွေနေ့စဥ်နဲ့အမျှခေါ်ယူနေတာတွေရှိနေတဲ့အပြင်အလုပ်ကခွင့်ယူရင်ထုတ်ပစ်တာတွေပါရှိနေတယ်လို့လဲသိရပါတယ်။

"အလုပ်ခံစားခွင့်ကတော့ ခွင့်ယူရင်အရင်ကဆို ၃ ရက်ဆက်တိုင်ခွင့်ယူလို့ရတယ်အကို အခုတော့ မရတော့ ဘူး အဲလို့ပျက်တာနဲ့ ​မလာခိုင်းတော့ဘူး"လို့စက်ရုံလုပ်သားတဦးကပြောပါတယ်။

ဒါ့အပြင်အိုတီခေါ်ယူပြီး အာဝါလီ ခေါ် အပ်ထည်တွေတိုးမြှင့်ကောက်ခံနေတာတွေရှိသလိုအပ်ထည်တိုးမြှင့်ထားတာမပြည့်ဘူးဆိုရင်ခေါ်ယူသတိပေးလတ်မှတ်ထိုးခိုင်းတာတွေလဲရှိတယ်လို့သိရပါတယ်။

"အာဝါတီက. %နဲ့ ပြန်တွက်ပေးတယ် သူတို့တောင်းတာက ၁၂၀ ဆိုအလုပ်ချိန် ၈ နာရီကိုယ်အထည် ၉၆၀ ပေးရတယ်ဗျာ ၉၆၀ ဆို ၁၀၀%ပြည့်တာဆိုတော့ဘယ်သူကပြည့်မှာလဲ ခက်တဲ့အထည်တောင် ၁၅၀ တောင်းထားတာလေ ပါဆင့်နိတ်မပြည့်ရင်လဲဝမ်တိန်ထိုးခိုင်းသေးတယ်"လို့အဆိုပါစက်ရုံဝန်ထမ်းတဦးက MLN ကိုဆိုပါတယ်။

အဆိုပါအထည်ချုပ်စက်ရံမှာ H&M အမှတ်တံဆိပ် အထည်များနိုင်ငံတကာကိုထုတ်လုပ်တင်ပို့နေတဲ့စက်ရုံတခုဖြစ်တယ်လို့သိရပါတယ်။


Related posts

Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026
Cover
ခွင့်ပြန် အိမ်အကူအလုပ်သမား များကို စစ်ကော်မရှင် ပြည်ပ ပြန်ထွက်ခွင့်မပေး
Jan 29, 2026