NEWS

အလည်အပတ် နိုင်ငံကူးလက်မှတ်မှာ အလုပ်ဗီဇာကပ်ထားပြီး အလည်ပြန်လာသူများ ရန်ကုန်လေဆိပ်သာမက နယ်စပ်ဂိတ်များမှပါပြန်ထွက်မရဟုဆို

CoverLogo
570 Views

အလည်အပတ် အတွက် ပြုလုပ်ရတဲ့ PV နိုင်ငံကူးလက်မှတ်မှာ  အလုပ်ဗီဇာကပ်ထားပြီး အလုပ်လုပ်ကိုင်သူတွေပြည်ပကနေ အလည်ပြန်လာပြီး ခွင့်ရက်ပြည့်လို့ ပြည်ပကို ပြန်လည်သွားရောက်လိုပါက ရန်ကုန်လေဆိပ်သာမက နယ်စပ်ဂိတ်တွေ ကပါ ထွက်ခွင့်မပြု ဘူးလို့ အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။

Passport for vist (PV)အမျိုးအစားမှာ အလည်အပတ်အတွက်သာ ခွင့်ပြုထားပြီး အလုပ်နဲ့ပြည်ပသွားရောက်လိုသူတွေ အနေနဲ့ passport for job (PJ) အမျိုးအစား လုပ်ဆောင်ရမှာ ဖြစ်ကာ အလုပ်သမားဝန်ကြီးဌာန တွင် ပြည်ပအလုပ်သမား အဖြစ် မှတ်ပုံတင် တင်ရကြရမှာဖြစ်ကာ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးတဲ့ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC) ရရှိပြီး မှ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

"အရင်က စလုံးတို့ ဒူဘိုင်းတို့ကို အလည်စာအုပ်PV နဲ့ ထွက်ပြီးတော့ ဟိုဘက်ရောက်မှ အဆင်ပြေသလိုအလုပ် ဗီဇာ ကတ်တာတွေ များတယ် အဲ့လူတွေ က မိသားစု ကိစ္စကြောင့် ပြည်တွင်း ကို အလည်ပြန်လာရင် အရင်က လွယ်ပေမယ့် အခု ဆို ပြန်အဝင်မှာလဲ အတော်လေးအရစ်ခံရတယ်  ပြီးတော့ အဲ့စာအုပ် နဲ့ ပြန်ထွက်လို့မရတော့ဘူး အဲ့တာလေဆိပ် တစ်ခုထဲ တင်မဟုတ်ဘူး နယ်စပ်ဂိတ်တွေမှာလည်း တရားဝင်ပြန်ထွက်လို့ မရဘူး ထွက်ချင်တယ်ဆိုရင် စာအုပ် PJ ပြန်လဲ OWIC ကတ်လျှောက် အဲ့လို လုပ်မှပဲရတယ်""လို့ အလုပ်အကိုင်အေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လတ်တလော မှာ  PV နိုင်ငံကူးလက်မှတ် နဲ့ ပြည်ပ ထွက်သူတွေ ကို စစ်ဆေးတာပိုမို တင်းကျပ်လျက်ရှိပြီး လေဆိပ်နဲ့နယ်စပ်ဂိတ်တွေ မှာ တာဝန်ရှိသူတွေက မသင်္ကာ တဲ့ အတွက် ပြည်ပထွက်ခွင့် မပြုတဲ့ အတွက်  ပြန်လာရသူတွေ အတော်များများရှိနေတယ်လို့ သိရပါတယ်။

PV နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပကို အလုပ်သွားရောက် မလုပ်ဖို့ကို လည်းအလုပ်သမားဝန်ကြီးဌာနက နိုင်ငံပိုင်မီဒီယာတွေကနေ ထုတ်ပြန်ကြေညာတာတွေ လည်း ပြုလုပ်လျက်ရှိပါတယ်။

တရားဝင် PJ နိုင်ငံကူးလက်မှတ် နဲ့ ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်သူတွေ ကို လည်း စစ်မှုထမ်း ဥပဒေ ကြောင့် အသက် ၂၃ နှစ်ကနေ ၃၁နှစ်အထိ အမျိုးသားတွေ ကို ပြည်ပအလုပ်သွား လုပ်ခွင့်မရဘူးလို့ အလုပ်သမားဝန်ကြီးဌာနကသတ်မှတ်ထားပါတယ်။

အခုလို ပြည်ပထွက် အလုပ်လုပ်ခွင့်ကို ကန့်သက်ချက်အမျိုးမျိုးနဲ့ ပိတ်ပင်နေတဲ့ အတွက် ပြည်တွင်းက လူငယ်အများစုမှာ ဘေးကင်းလုံခြုံမှု မရှိဘဲ အန္တရာယ် များ တဲ့ တရားမဝင် ခိုးလမ်းကနေ ပြည်ပကိုအဆင်ပြေသလိုသွားရောက်မှု တွေ ပိုများလာတယ်လို့ သိရပါတယ်။

 


Related posts

Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026