NEWS

အမှာစာ မလုံလောက်ဆိုကာ အထည်ချုပ် အလုပ်သမား (၂၉၀) ကျော်အလုပ်ထုတ်ခံရ

CoverLogo
2.7K Views

အော်ဒါအမှာစာမလုံလောက်တာနဲ့ ကုန်ကြမ်းပြတ်လပ်တာတွေကြောင့် ချားမင်းအထည်ချုပ် စက်ရုံ (Charming Garment ) က သမဂ္ဂခေါင်းဆောင်တွေအပါအဝင် စက်ရုံလုပ်သား ၂၉၀ ကျော်ကို အလုပ်ကနေ ထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။

"အလုပ်ရှင်ကတော့ Order အခက်ကြောင့်လို့ အကြောင်းပြတာပဲ ။ လက်ရှိ စက်ရုံထဲမှာ Order တွေရှိပါတယ်။ အခြားစက်ရုံခွဲတွေလည်း ရှိပါတယ်။ အခုစက်ရုံက သမဂ္ဂအင်အားကြီးစက်ရုံဖြစ်နေလို့ပါ"လို စက်ရုံ အလုပ်သမားတစ်ဦးက MLN ကို ပြောပါတယ်။

၂၀၂၀  ကနေ ၂၀၂၁ ခုနှစ် ကြားကာလတွေမှာ လုပ်ငန်းအရှုံးပေါ်ခဲ့တာကြောင့် အခုလို လုပ်သား လျှော့ချရတာ ဖြစ်ပြီး စက်ရုံကိုလည်း အခုလကုန်အထိ ယာယီပိတ်ထားမှာဖြစ်တယ်လို့  စက်ရုံဘက်က ကြေညာ ထားပေမယ့် စက်ရုံလုပ်သား တွေကတာ့ လုပ်သားလျှော့ချတာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

 

 

"Order မလုံလောက်တဲ့ အကြောင်းပြချက်နဲ့  အလုပ်သမား ဥပဒေနဲ့အညီကြိုတင် အကြောင်းကြားမှုမရှိဘဲ စက်ရုံမှာ ကြေညာစာကပ်တယ်။ အလုပ်သမားတွေ အလုပ်က ရပ်ဆိုင်းခြင်းခံခဲ့ရတယ်။ လျော့ချသည့်စနစ် ကလည်း လုပ်ငန်းခွင် ခွဲခြားဆက်ဆံတာတွေက အလွန်ထင်ရှားနေပါတယ်"လို့ စက်ရုံလုပ်သားတဦးက ပြောပါတယ်။

 

 

ချားမင်းအထည်ချုပ် စက်ရုံ ကတော့ လှိုင်သာယာ စက်မှုဇုံ၂ ၊ ဆိပ်ကမ်းသာလမ်း ၊ အမှတ် (၃၈) မှာ  Charming Garment MFG.Co.,Ltd အမည်နဲ့ လုပ်ကိုင်နေတဲ့ စက်ရုံဖြစ်တယ်လို့ သိရပါတယ်။

"အခွင့်အရေးချိုးဖောက်ခံရတာတွေကတော့အများကြီးပါ။  လူလျော့ချတာကို တစ်လကြိုတင်အကြောင်း မကြားဘူး။ နှစ်အလိုက်လူလျော့ချတာမဟုတ်ဘူး။ “"လို့လဲစက်ရုံဝန်ထမ်းတွေကပြောပါတယ်။

စက်ရုံကထုတ်လုပ်သည့် အထည်တွေဟာ Brand တွေဖြစ်ပြီး  ETI Member ဖြစ်လို့ အလုပ်သမား လျှော့ချ တာနဲ့ ပတ်သက်ပြီးလည်း သက်ဆိုင်ရာကို တိုင်ကြားထားတယ်လို့ သိရပါတယ်။

အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားတွေရဲ့ နစ်နာကြေးကိုတော့ ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်တွေမှာ ထုတ်ပေးသွားမယ်လို့ စက်ရုံကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026