NEWS

အမျိုးသားတွေ ပြည်ပ‌ရွှေ့ပြောင်းအလုပ်လုပ်ခွင့် ပိတ်ပင်မှု လက်ခံနိုင်ဖွယ်မရှိဟုဆို

CoverLogo
951 Views

၂၀၂၄ မေလကစလို့ စစ်ကောင်စီက  ပြည်တွင်းက အမျိုးသားတွေကို  ပြည်ပနိုင်ငံသို့ထွက်ခွာအလုပ်လုပ်ခွင့်​တွေကို မေလ ၁ ရက်နေ့မှစတင်ပြီး ရက်အကန့်သတ်မရှိပိတ်ပင်လိုက်တယ်လို့  စုံစမ်းသိရှိရပါတယ်။ 

"ဟုတ်တယ်။ ပိတ်လိုက်ပြီ။ ရက်အကန့်အသတ်မရှိပေါ့။ ဘယ်နေ့ဘယ်မျှဘယ်ရွေ့တော့မသိပါဘူး" လို့ ပြည်ပသို့အလုပ်သမားစေလွှတ်နေတဲ့ လုပ်ငန်းရှင်တစ်ဦး​က  အတည်ပြုပြောဆိုပါတယ်။

အခုလို နိုင်ငံရေး စီးပွားရေး အထွေထွေ ကျပ်တည်းနေတဲ့ကာလမှာ ရွှေ့ပြောင်းလုပ်ကိုင်မှုမြင့်တက်နေချိန်မှာ ရွှေ့ပြောင်းအလုပ်လုပ်ခွင့်ပိတ်ပင်ခြင်းဟာ တွန်းအားတရပ်အနေနဲ့ ပိုမိုဖြစ်ပေါ်လာနိုင်တယ်လို့ ရွှေ့ပြောင်းလုပ်သားတွေအပေါ် တားဆီးပိတ်ပင်မှုအပေါ် အလုပ်သမားရေးလှုပ်ရှားဆောင်ရွက်တဲ့အဖွဲ့အစည်းတခုဖြစ်တဲ့ အနာဂတ်အလင်းတန်းများဆုံမှတ်ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်သက်သက်အောင်က ပြောဆိုပါတယ်။

"တကယ်ကတော့ ရွှေ့ပြောင်းလုပ်သားဆိုတာ ဘယ်တော့ မှ ပိတ်ပင်တားဆီးလို့ရတဲ့ အရာမဟုတ်ဘူး လို့အမကတော့ မြင်တယ်။ အဲ့အခြေအနေမှာ အာဏာနဲ့ပိတ်ပင်လိုက်တဲ့အခါပိုပြီးတော့ တွန်းအားတခုဖြစ်လာမယ်လို့ တောင်မြင်တယ်။အမတို့က sector တွေကို စဉ်းစားရတဲ့ အခါ ဘာကြောင့် ကိုယ့်နိုင်ငံကို စွန့်ခွာပြီးတော့ ရွေ့ပြောင်း ပြီးတော့ အလုပ်လုပ်လဲဆိုတဲ့ တွန်းအားတွေကို အမတို့ ကြည့်တဲ့ အခါမှာ ဒီလိုမျိုးအခြေအနေတခုကလဲ အရှိန်နဲ့တွန်းအားတရပ်လို့ အမကတော့ မြင်ပါတယ်"လို့  ယင်းကမှတ်ချက်ပြုပါတယ်။

အဓိကအားဖြင့် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ နိုင်ငံရေးပဋိပက္ခတွေရော စီးပွားရေးကျပ်တည်းမှုတွေ  သဘာဝဘေး အန္တရာယ်တွေ က ရွှေ့ပြောင်းသွားလာမှုကို မြင့်တက်စေပြီး အခုလို ပိတ်ပင်မှုဟာ နိုင်ငံခြားဝင်ငွေရရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားကဏ္ဍအနေနဲ့ ထိခိုက်မှုဖြစ်ပြီး ပိုမိုကျပ်တည်းလာနိုင်သလို လူငယ်များ၏ အနာဂတ်ကိုပိတ်ပင်ခံရလို့ ပိုပြီး လည်း ကူကယ်ရာမဲ့ဖြစ်လာနိုင်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အဲ့ဒီလိုပြည်ပထွက်ခွင့်ပိတ်လိုက်တာဟာကြောင်းပြချက်တစ်ခုကို အသိပေးပြောဆိုပိတ်လိုက်ခြင်းမရှိဘဲ ပြည်တွင်းကအလုပ်သမားတွေအနက် အမျိုးသားတွေကိုသာ ပိတ်ပင်လိုက်ခြင်းဖြစ်တာကြောင့် အမျိုးသမီးအလုပ်ခေါ်စာတွေကတော့ ရရှိနေမှာဖြစ်လို့ အမျိုးသာတွေကိုသာကန့်သတ်တား ဆီးလိုက်တာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ 

" အမျိုးသား demand အသစ်တွေကိုပဲပိတ်လိုက်တာ။ မိန်းကလေးတွေမပါဘူး။ Demand အဟောင်းကျပြီးတွေကတော့ ထွက်ရပါမယ်" လို့  ပြည်ပနိုင်ငံသို့ အလုပ်သမားစေလွှတ်နေတဲ့လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

အဲဒီလိုပိတ်ပင်လိုက်တာဟာ အမျိုးသား တွေကိုသာ သီးခြားကန့်သတ်ပိတ်လိုက်တာကြောင့် စစ်မှု ထမ်းဥပဒေနဲ့တိုက်ရိုက်ပတ်သက်နေတာဖြစ်ပြီး ဒါဟာ စစ်ကောင်စီရဲ့ စစ်မူမထမ်းမနေရဥပဒေအပေါ်မှာ စစ်မှုမထမ်းလိုတာကြောင့် ပြည်ပနိုင်ငံများသို့ထွက်ခွာလာကြတဲ့ လူငယ်တွေများပြားလာတဲ့အပေါ် တားဆီးမှုတစ်ခုစတင်လိုက်တာဖြစ်တယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးဆောင်ရွက်သူကဆိုပါတယ်။ 

"ဒါကမျှော်လင့်ထားပြီးသားကိစ္စပါပဲ။ သင်္ကြန်ပြီးတာနဲ့ ဒီရိုက်ခတ်မှုစတင်လာမယ်။ ကလေးတွေပြည်ပထွက်ခွင့်တွေပိတ်လာမယ်။ ဒါတွေကကြိုတင်တွက်ထားပြီးသားတွေပါ။ ဘယ်လောက်ကြာကြာပိတ်ထားမလဲပေါ့ လူငယ်တွေဘယ်လမ်းရွေးမလဲ တရားမဝင်လမ်းကြောင်းရွေးလာကြမှာပဲ" လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးဆောင်ရွက်သူကဆိုပါတယ်။ 

အဆိုပါပိတ်ပင်မှုနဲ့ပတ်သက်ပြီး "ဘယ်နိုင်ငံမဆိုပါပဲ။ဒီ (မေ ၁) ရက်နေ့ကစပြီး Demand(အလုပ်ခေါ်စာ) တင်တဲ့သူကိုပဲဆိုလိုပါတယ်။ ခွင့်ပြုချက်ကျပြီးသားသူများအကြုံးမဝင်ပါဘူး။ (ပြန်ဖွင့်ပေးဖို့က) အခြေအနေပေါ်မှာပဲမူတည်ပါတယ်။ ဒီလောက်ပဲပြောနိုင်ပါတယ်" ဟု စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက Myanmar Now သတင်းဌာနသို့ ဖြေဆိုထားတာပဲဖြစ်ပါတယ်။  

"စစ်မှုထမ်းနဲ့က အများကြီးဆိုင်ပါတယ် စစ်မှုထမ်းဥပဒေထွက်ပြီးနောက်ပိုင်း လူငယ်တော်တော်များများက ပြည်ပကို ထွက်ခွာလာကြတာပဲ ဒါက စဉ်းစားသင့်တဲ့အခြေအနေတခုဖြစ်တယ် ဒီလိုများ အခြေအနေမှာ လူငယ်တွေရဲ့ အနာဂါတ်မဲ့နေတဲ့ လူငယ်တွေကို ထပ်ပြီး သတ်လိုက်တယ်လို့ ပဲ မြင်တယ်"လို့ ဒေါ်သက်သက်အောင်က ဆက်လက်ပြောဆိုပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းကအသက်၁၈နှစ်မှ၄၅နှစ်အတွင်းရှိတဲ့ အမျိုးသားတွေဟာ ပြည်ပနိုင်ငံများသို့ တရားဝင်လမ်းကြောင်းနဲ့  တရားမဝင်လမ်းကြောင်းနှစ်ခုစလုံးကနေ အလုံးအရင်းလိုက် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထွက်ခွာနေကြတာဖြစ်ရာ  လူငယ်များထွက်ခွာမှုကပိုမိုများပြားနေရာက ယခုပိတ်ပင်မှုကြောင့် တရားမဝင်ထွက်ခွာမှုပိုမိုမြင့်တက်လာနိုင်မယ်လို့လည်း သိရပါတယ်။ 

"နောက်ဆက်တွဲကတော့ ကြိမ်းသေပေါက် မည်သို့ပင်ပိတ်ပင်တားဆီးနေပါစေ ရွှေ့ပြောင်းလုပ်သားဆိုတဲ့ ကိစ္စတွေက အမှန်တကယ်ပြောရလို့ ရှိရင်နေမှာပဲ အရင်ကတည်းက ၂၀၁၂ ကာလကတောင်မှ MOU  စနစ်နဲ့ သွားပါဆိုပြီး အသိပညာပေးနေတဲ့ အခြေအနေမှာတောင်မှ အထောက်အထားမရှိပဲ သွားနေတဲ့ လူတွေရှိနေသလို အခုလိုအခြေအနေမှာ ပိုပြီးတော့ များပြားလာတော့မှာ အမတို့ တွေ့ရသလို အဲ့ဒီအတွက် ဘာတွေဖြစ်လာမလဲဆိုရင် စက်ရုံအလုပ်ရုံတွေမှာ ကျွမ်းကျင်လုပ်သားတွေရှားပါးလာသလို အခုလိုအခြေအနေမျိုးမှာ ကျွမ်းကျင်လုပ်သားတွေကလဲ ထွက်ခွာပြီးတော့ ပြည်ပမှာ အလုပ်လုပ်နေကြပြီ အဲ့အခြေအနေမျိုးတွေ ရင်ဆိုင်နေရတာ ကြုံတွေနေရသလို အထောက်အထားမရှိပဲ ထွက်ခွာမှုကြောင့် လူငယ်လူရွယ်တွေ လူကုန်ကူးမှုတွေ ပိုပြီးတော့ မြင့်တတ်လာနိုင်တဲ့ ကိစ္စမျိုးတွေ အဆမတန်ပိုပြီးတော့ မြင့်တက်လာနိုင်သလို တဖက်နိုင်ငံ ဆိုက်ရောက် ဥပဒေတွေကြောင့် ဖမ်းဆီးခံရမှုတွေ ဖြစ်လာနိုင်တယ် အမကတော့ မြင်ပါတယ်"လို့ ယင်းကပြောဆိုပါတယ်။


Related posts

Cover
OWIC ကတ် ကိုင်ဆောင်၍ ပြည်ပထွက်မည့် လုပ်သားများ စစ်ကော်မရှင်ရဲ့ခွင့်ပြုချက်ရမှသာ လေဆိပ်မှ ထွက်ခွင့်ရတော့မည်
Jan 12, 2026
Cover
အကြောင်းမဲ့ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၇ဦး နစ်နာကြေး ဘတ် ၄ သိန်း ခန့်ရရှိ
Jan 11, 2026
Cover
မလေးရှားသွားဖို့ ဘတ် ၅သောင်းကျော် ပေးခဲ့ရသည့် မြန်မာလုပ်သား ၂၀ ထိုင်းနိုင်ငံ အုန်းခြံထဲတွင် ပွဲစားလာမခေါ်လို့ အဖမ်းခံရ
Jan 11, 2026
Cover
ကိုရီးယားရောက်မြန်မာများ ပတ်စပို့ကို ကြိုတင်သက်တမ်းတိုးရန် မြန်မာသံရုံး အသိပေး
Jan 11, 2026
Cover
မြန်မာလုပ်သားများကို ငွေညှစ်သည့် ထိုင်းရဲ တိုင်ကြားခံရ
Jan 11, 2026
Cover
တိုင်းရင်းသူ ၃ဦးကို အလုပ်ရမည်ဟု လိမ်ခေါ်ပြီး တရုတ်အမျိုးသားထံ ပြည့်တန်ဆာအဖြစ် ရိုက်နှက်ကာ အဓမ္မစေခိုင်း
Jan 10, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
ပွဲစားခ ဘတ်တစ်သောင်းဝန်းကျင်ပေးခဲ့ရသည့် မြန်မာလုပ်သား ၅၀ကျော် လုပ်သက် ရှစ်လဝန်းကျင်တွင် အလုပ်ထုတ်ခံရ
Jan 10, 2026