NEWS

အမျိုးသားတစ်ဦးကို ငါးဖမ်းသင်္ဘောပေါ် ပို့ဆောင်ပြီးလုပ်အားခ ခေါင်းပုံဖြတ်သူတွေကို လူကုန်ကူးမှုနဲ့ ပြစ်ဒဏ်ချ

CoverLogo
294 Views
 
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ရခိုင်ရိုးလေးကျေးရွာ နေသူ အမျိုးသားတစ်ဦးကို ငါးဖမ်းသင်္ဘောပေါ် သို့ ပို့ဆောင်ကာ လုပ်အားခ ခေါင်းပုံဖြတ်ခဲ့သူတွေကို လူကုန်ကူးမှုတာဆီးနှိမ်နှင်းရေးဥပဒေနဲ့ ဖမ်းဆီးပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ထံမှ သိရပါတယ်။
 
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ရခိုင်ရိုးလေးကျေးရွာနေ ဦး... အသက် ၃၈ နှစ်ကို တစ်ရပ်ကွက်ထဲ နေ မပပ ဆိုသူက ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် မြစ်တန်းကျေးရွာ ရှိ စက်လှေ ပေါ်မှာ ပိုက်ထောင်တဲ့ အလုပ် လုပ်ကိုင်ဖို့ အတွက် တစ်လ ကို စရိတ်ငြိမ်းငွေကျပ်နှစ်သိန်းခန့်ရမယ်လို့ စည်းရုံးပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
 
အခုလို စည်းရုံးပြောဆို ပြီး မိုးမင်းဝင်း(ခ)ငမိုး ထံ ကို ၎င်းကိုယ်တိုင် ပို့ဆောင်ခဲ့ကာ မိုးမင်းဝင်း(ခ)ငမိုးကမှတစ်ဆင့် "ဖြိုး" ရေစင် သို့ ပို့ဆောင်ခဲ့သဖြင့် ငါးဖမ်းသင်္ဘောပေါ်မှာ ၆ လကျော် အလုပ်လုပ်ကိုင်ခဲ့ရတယ်လို့ သိရပါတယ်။
 
အခုလို နှစ်ဝက်နီးပါး လုပ်ခဲ့ရပေမယ့် လုပ်အားခ ထုတ်ယူချိန်မှာတော့ မရရှိဘဲ ပို့ဆောင်ပေးတဲ့ မိုးမင်းဝင်း(ခ)ငမိုး က လုပ်အားခငွေ ကျပ် ၁၀ သိန်း ကို ကြိုတင် ခေါင်းပုံဖြတ် ထုတ်ယူသွားတယ်လို့ သိရပါတယ်။
 
လုပ်အားခ ခေါင်းပုံဖြတ်ယူသွားကြောင်း စစ်ဆေးပေါ်ပေါက်တဲ့ အတွက်တရားခံ တွေဖြစ်တဲ့မိုးမင်းဝင်း(ခ)ငမိုးနဲ့ မပပ တို့ကို ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် တတ်သစ်နယ်မြေ ရဲစခန်း (ပ)၇/၂၀၂၅ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပုဒ်မ ၃၆ နဲ့ အမှုရေးဖွင့် တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။
 
၎င်းတရားစွဲဆို မှုအရ ဇွန်လ ၃၀ရက်မှာ မှော်ဘီခရိုင်တရားရုံးက တရားခံမိုးမင်းဝင်း(ခ)ငမိုးကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပုဒ်မ ၃၆ အရ အလုပ်နဲ့ထောင်ဒဏ် ၅ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တရားခံ မပပ ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
General Textile (Myanmar) Apparel အထည်ချုပ် ပြည်တောင်စုနေ အလုပ်ဆင်းခိုင်း
Feb 09, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ်အလုပ်သမားများအား ဝန်ထမ်းတချို့ မှ ခွဲခြားဆက်ဆံ
Feb 09, 2026
Cover
Myanmar Zxi Xin အထည်ချုပ် စက်ရုံ အချိန်ပို အလွန်အကျွံခေါ်
Feb 08, 2026
Cover
Sudey အောစူပါက တရုံလုံး သူ အမိုက်ရိုင်းဆုံးလို့ ပြောပြီး ခြိမ်းခြောက်
Feb 08, 2026
Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026